Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts
Wednesday, January 25, 2017
ထွက်​​ပေါက်
ပူပင်သောကတွေကို
သက်ပြင်းနဲ့အတူ မှုတ်ထုတ်လိုက်ပေမဲ့
လျော့ကျမသွားတဲ့ရင်ဘတ်က
ကျောက်တုန်းနဲ့ ဖိနင်းထားသလို
လေးလံလွန်းလှ
အသွင်မတူ အိမ်သူမဖြစ်တဲ့
အိမ်သူဖြစ်ပေမဲ့
အသွင်တူတာကော
သေချာလို့လား…
အချစ်နဲ့စစ်ဟာ အတူတူပဲ
အိမ်ထောင်ဟာ တစ်သက်စာ
လွတ်ရက်မရှိတဲ့ အကျဉ်းထောင်
ထွက်ပေါက်မရှိ ဂယ်ပေါက်မရှိ
ကယ်သူမရှိ လူသူမရှိ
ကြမ်းတမ်းတဲ့လမ်းဆိုတာ
တကူးတကမဟုတ်ဘူး
ဘဝခရီးလမ်းပဲ…
အလိုကျရင်ပျော်တယ်
အလိုမကျရင်ငိုတယ်
ရမ္မက်နဲ့ကျတဲ့ အိမ်ထောင်
ထွက်ချေနဲ့ကျတဲ့ အိမ်ထောင်
မေတ္တာနဲ့ကျတဲ့ အိမ်ထောင်
ငါတော့…
ဘယ်အိမ်ထောင်မှသဘောမကျဘူး…
ဖြစ်နိုင်ရင်
ထောင်တွေအကုန်လုံးကိုရိုက်ချိုးပြီး
ထောင်ထဲက လူတွေအားလုံးကို
အတောင်ပံတစ်စုံဆီတပ်ပေးလိုက်ချင်တယ်
ငါကိုယ်တိုင် အတောင်ပံ
တစ်စုံတပ်ပြီး ထောင်တွေနဲ့ အဝေးဆုံး
ကမ္ဘာတစ်ခုဆီခုပဲ
လွတ်လွတ်လပ်လပ်ပျံသန်းသွားချင်ပါရဲ့….
ကသစ်ညို
July 8th, 2016 Yati ရသကဗျာ
Open Source URL
http://yatimagazine.com/archives/18747
Sunday, January 08, 2017
လရဲ့အ​ဝေးက လူ
အဝေးက "လ"
ဝေးလို့ လှတာလား
ငေးလို့ လှတာလား
ဝေးလို့ပဲ လှလှ
ငေးလို့ပဲ လှလှ
သေချာသည်က
ထို "လ"
ကျွန်တော် "တ"တိုင်း မရ။
ကိုစိုင်းငယ်(တောင်ကြီး)
Friday, September 30, 2016
ချစ်သောတွမ်အင်န်ဂျယ်ရီ
Photo - google image
ငါဟာ 
ငါမဖြစ်ခဲ့ဘူးဆိုရင်
တွမ်အင်န်ဂျယ်ရီ ဖြစ်ချင်တယ်။
ဘယ်သူကလိုက်လိုက်
ဘယ်သူကပြေးပြေး
အားလုံးကိုအပြုံးဆေး ကျွေးနေရရင်
ပြတ်သွားတဲ့လက်တွေ ပြန်ဆက်မယ်။
ကွဲသွားတဲ့ခေါင်းတွေ ပြန်ကောင်းမယ်။
ဆယ်ပေါင်တူကြီးနဲ့ထုပြီး 
ပုသွားတော့လည်း ပြန်ရှည်မယ်။
နာကျင်ရလွန်းလို့
ထွက်သွားရတဲ့ကြယ်တွေလည်းပဲ
ပြန်လည်ချိတ်ဆွဲတောက်ပမယ်။
တွမ်အင်န်ဂျယ်ရီဆိုတာ
အမြှောက်ထဲထည့်ပစ်ခံရပြီး
ပြန်လာနိုင်ကြတဲ့ သူရဲကောင်းတွေပဲ။
သုခမိန်လှိုင်
Thursday, September 29, 2016
ကဗျာနှင့်စကားပြောခြင်း
ကဗျာက
ကျွန်တော့ကိုမေးတယ်။
ခင်ဗျားက
ကဗျာဆရာလား တဲ့။
??? ??? ??? ??? ???
??? ??? ??? ??? ???
ကျွန်တော် မဖြေဘူး။
----- ----- ----- -----
----- ----- ----- -----
ကျွန်တော် 
သူ့ကိုပြန်မေးလိုက်တယ်။
ကဗျာဆရာဟုတ်မှ
ခင်ဗျားကို 
ကျုပ်က ရေးရမှာလား။
ကဗျာဆရာဖြစ်မှ
ခင်ဗျားကို 
ကျုပ်က ချစ်ရမှာလား။
??? ??? ??? ??? ???
??? ??? ??? ??? ???
သူမဖြေဘူး။
----- ----- ----- -----
----- ----- ----- -----
ကျွန်တော် ... မဖြေ
သူ ... မဖြေ
ဒါဆို...
ကျေပြီပေါ့ ကဗျာ။
ကိုစိုင်းငယ်(တောင်ကြီး)
Monday, January 18, 2016
အိမ် အလွမ်း
Photo Credit - မူလပိုင်ရှင်
ချယ်ရီပန်းတွေ 
ဖူးပွင့်ဝေ၍
နောက်ထပ်တစ်ကြိမ်
မြေထက်ကြွေလည်း
ငါနေထိုင်ရာ
ငါ့မြို့ရွာသို့
ငါမရောက်နိုင်
အိမ်ပြန်ချိန်...။
ကိုစိုင်းငယ်(တောင်ကြီး)
18.01.2016(9:20AM)
Photo Credit - မူလပိုင်ရှင်
Thursday, January 14, 2016
တစ်ခါကနွေ ... သို့ ...
နွေရဲ့ အငွေ့အသက်တွေကို
လှမ်းမြင်နေရပြီ နွေ...။
ဟိုး...
တစ်ဘက်ကမ်းမှာ
ခမ်းခြောက်သွားတဲ့ အနမ်းတွေဟာ
အလွမ်းအဖြစ်
ပက်ကြားအက်ခဲ့ပေါ့။
နွေ...
ပူလောင်ခြင်းကင်းတဲ့
သီချင်းတွေ ဆိုညည်းလို့
ရှေ့ဆက်
အောင်မြင်သည်ထက် 
ပိုပြီး အောင်မြင်ပါစေ။
လေအတိုက်မှာ
ကြွေသွားတဲ့ သစ်ရွက်သေတွေလို
မင်းစိတ် မလေပါစေနဲ့။
နွေ...
တစ်ခါတစ်လေ
ငါ့ကို သတိရပေးပါ။
တစ်ခါတစ်လေလေးပါ နွေ...။
ကိုစိုင်းငယ်(တောင်ကြီး)
13.01.2016(3:14PM)
Friday, October 02, 2015
ငါ..... ကျဆုံးခန်း
Credit >>> Google Image
အရင်က
"ငါ"... မှ "ငါ"...
ထောင်လိုက်ရတဲ့
လက်မ
"ငါကွ"​ပေါ့လေ။
ဒါပေမယ့်...
ကြာကြာ
မ "ငါ" လိုက်ရပါဘူး။
အဲဒီ "ငါ" က
"ပြာ" ဖြစ်သွားတယ်။
ကိုစိုင်းငယ်(တောင်ကြီး)
30.5.2014.5:20PM
Credit >>> Google Image
Wednesday, September 30, 2015
သူငယ်​ချင်းလို့ပဲ ဆက်​၍​ခေါ်ချင်​သည်​။
Credit >>> google images
မင်းရင်​ထဲမှာ ရှိတဲ့အရာကို
ငါ သိ​နေပါတယ်​။
မင်း နှုတ်​ခမ်း​တွေကို 
အိပ်​​မွေ့ချထားလိုက်​စမ်းပါ။
ကြေကွဲရမယ်​မှန်း သိလျက်​နဲ့
ဒီလမ်းကို ဆက်​မ​လျှောက်​သင့်​ဘူး။
ပြိုကွဲခြင်း​တွေ ​တွေ့လာနိုင်​တယ်​။
ဒီ​တော့...
ဒီအတိုင်းပဲ ရှိပါ​စေ​တော့ကွာ။
ပို​နေမြဲ ကျား​နေမြဲ​ပေါ့။
အတ္တ​တွေကို အံဝှက်​ထဲမှာ ထည့်​ဝှက်
အပြာ​ရောင်​ဟာ ကြာလာရင်
မဲနယ်​​ရောင်​ စွက်​လာတတ်​သလို
အချစ်​မှာလည်း ကြာလာရင်
ငြီး​ငွေ့လမ်းခွဲခြင်း​တွေ ကပ်​ငြိလာတတ်​တယ်​။
သူငယ်​ချင်း​ရေ...
အဖြူ​ရောင်​ထဲမှာပဲ
အဖြူ​ရောင်​ ​ရောယှတ်​ကြမယ်​။
ခင်​မင်​ခြင်းဆိုတာ
ထာဝရစီးဆင်းတဲ့ မြစ်​တစ်​စင်းပါ။
ခွဲခွာခြင်း ရပ်​တန့်​ခြင်း မရှိတဲ့ 
မြစ်​တစ်​စင်းထဲမှာ
တို့​တွေ ထာဝရ သူငယ်​ချင်းပဲ​ပေါ့။
နွေ​ဝေနှင်း (မန္တလာ​မြေ)
Credit >>> google image
Monday, September 28, 2015
Maze (ဝင်္ကပါ)
"Maze"
I walked with
unsteady legs
on the road that's not there
from the invisible town.
At the unreachable goal
Covered with flowers
which never bloom.
Poetry Life - 2009
"ဝင်္ကပါ"
မမြင်ရတဲ့မြို့က
မရှိတဲ့လမ်းကို
မမြဲတဲ့ခြေထောက်နဲ့ လျှောက်ခဲ့တယ်။
ဘယ်တော့မှ
မရောက်နိုင်တဲ့ ပန်းတိုင်မှာ
ဘယ်တုန်းကမှ
မပွင့်ခဲ့တဲ့ပန်းတွေဟာ
ဝေလို့ ...။
Poetry Life - 2009
Sunday, September 27, 2015
ကြော်​ငြာ
သူတစ်​ပါးကို ဆုံးမပြီး
အသုံးမကျတဲ့ သူ​ထဲမှာ
ကျွန်​​တော်​ပါတယ်​။
သူတစ်​ပါးကို တရားပြပြီး
တရားမရတဲ့ သူ​ထဲမှာ
ကျွန်​​တော်​ပါတယ်​။
သူတစ်​ပါးကို အပြစ်​တင်​ပြီး
ကိုယ့်အပြစ်​ကိုယ်​ မမြင်​တဲ့ သူထဲမှာ
ကျွန်​​တော်​ပါတယ်​။
ဒါ​ပေမယ့်.....
သူတစ်​ပါးကို အသုံးချပြီး
ကိုယ့်ကိုယ်​ကိုပြုံးပြတဲ့ သူထဲမှာ​တော့
ကျွန်​​တော်​မပါဘူး။
သူတစ်​ပါးကို ပြုံးပြပြီး
ကိုယ့်အတွက်​ပဲ အသုံးချတဲ့ သူထဲမှာ​တော့
ကျွန်​​တော်​မပါဘူး။
ကိုစိုင်းငယ်​(​တောင်​ကြီး)
28.09.2015(9:25AM)
သို့ ... မာယာ
``​မာယာ´´.....
မလာချင်​ရင်
အစကတည်းက မလာပါနဲ့။
လာ​တော့လာပါရဲ့
ညာပြီး နင်​ ပြန်​ထွက်​သွားတဲ့အခါ
ကျန်​ခဲ့သူ ငါပဲ နာကျင်​ရမှာ။
ကိုစိုင်းငယ်​(​တောင်​ကြီး)
28.09.2015(3:35AM)
The Fallen Poem (​ကြွေပြီးသား ကဗျာ)
"The Fallen Poem"
You might dream
The world is all yours;
But please don't forget
You can't run up to the top of the hill.
The hot noon has come.
Just chop up
the dreams that have no more shadows
Go over the old stories,
and you think yearnings make one feel cool,
and keep one warm in winter?
Alas, Love bloomed,wilted and withered
and dropped down dead.
Though clocks may all stop functioning,
the world will certainly see
the light of daybreak.
"ကြွေပြီးသား ကဗျာ"
ကမ္ဘာကို
မင်းတစ်ယောက်တည်းပိုင်တယ်လို့
စိတ်ကူးယဉ်လို့ ရပါတယ်။
တောင်ထိပ်ပေါ်ကို 
ပြေးတတ်လို့မရဘူးဆိုတာတော့
မင်းမေ့ထားလို့မရ။
နေမြင့်ခဲ့ပြီပဲ
အရိပ်မရတဲ့ အိပ်မက်တွေကိုလည်း
ခုတ်ပစ်လိုက်ပါတော့ကွာ။
ပုံပြင်အဟောင်းလေးတွေ ပြန်ဖတ်ပြီးတော့
အလွမ်းက
နွေမှာအေးပြီး
ဆောင်းမှာနွေးနေလိမ့်မယ်လို့
မင်းတွေးထင်ထားသေးလား။
သြော်​.....
အချစ်မှာ
ဖူး ပွင့် ဝေ နွမ်း ၀ါ ကြွေလွင့်ခဲ့ဖူးပါပြီ။
နာရီတွေအားလုံးပျက်နေပါစေတော့
ကမ္ဘာဟာ
အသေအချာ မိုးလင်းရဦးမှာပါ။
နေညိုအောင်
BeeTalk အင်္ဂလိပ်စာသင်ခန်း မှ တစ်​ဆင့်
ပြန်​ကူးယူ​ဖော်​ပြသည်​။
Saturday, September 26, 2015
ပန်း သမိုင်း
ဤမြေမဟာ
ဤကမ္ဘာ၌
ပွင့်​​သောပန်းတိုင်း
လန်းကြပါ​စေ.....
လန်းသည့်​ပန်းတိုင်း
မရိုင်း​​စေသား.....
ပန်း၏သမိုင်း
အနှိုင်းမဲ့စွာ
ရနံ့ဖြာ၍
ထက်​​အောက်​​မြေကမ္ဘာ
မွှေးပျံ့ ​ပါစေသား.....
ကိုစိုင်းငယ်​(​တောင်​ကြီး)
၂၇၊စက်​တင်​ဘာ၊၂၀၁၅
အလွမ်းမျက်ရည်စများ( Tear-Drops Of Yearning)
TEAR-DROPS OF YEARNING
********************************
Here and there
Looking for the another half of my heart
for a long time.
Oh my girl !
I just got soaked
under the rain of misfortune.
Through the lucky draw
all I took,
I only got the awards of PAIN.
Though, outside.the rain
had faded away,
my yearning is still
sobbing heartily
and weeping heavily.
Sai Htoon Lou (Taunggyi)
အလွမ်းမျက်ရည်စများ
*****************
ကောင်မလေး...ရေ...
ငါဟာ
ပျောက်နေတဲ့   နှလုံးသားတစ်ခြမ်းကို
တစ်လမ်းဝင် တစ်လမ်းထွက်နဲ့
ရှာဖွေနေလိုက်တာများ
ငါ့   တစ်ကိုယ်လုံး 
ကံဆိုးခြင်း   မိုးတွေရွှဲနစ်လို့ ...။
ဆွတ်ခဲ့တဲ့ ကံစမ်းမဲတွေမှာလည်း
ဝေဒနာ ဆုမဲတွေချည်းရယ် ...။
အပြင်မှာ   မိုးတိတ်နေတာတောင်
ငါ့   အလွမ်းတွေက
ဝမ်းနည်းပက်လက်ရှိ
ငိုကြွေးတုန်း ...။ 
စိုင်းထွန်းလူ (တောင်ကြီး)
BeeTalk ( အင်္ဂလိပ်စာသင်ခန်း ) မှ တစ်​ဆင့်
ပြန်​ကူးယူ​ဖော်​ပြသည်​။
Thursday, September 24, 2015
အား
"နွား" ဖြစ်လို့
"အား" ဖြစ်ဖို့ "မြက်" ကိုစားရတယ်။
"ကျား" ဖြစ်လို့
"အား" ဖြစ်ဖို့ "အသက်"ကိုစားရတယ်။
"နွား"..နဲ့.."ကျား" ဟာ
 "အား" ဖြစ်ဖို့ အစားအစာ မတူပါလဲ။
"နွား"...က
"မြက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
တစ်ဖက်သားကို အပြိုင်ကူ။
"ကျား"..က
"အသက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
တစ်ဖက်သားကို အနိုင်ယူ။
အသုံးချပုံခြင်း မတူပေမယ့်....
"မြက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
"နွား"ကို အပြစ်တင်လျှက် ဆူနေငြားလဲ။
(တစ်ကယ်တော့)
"အသက်" စားလို့ဖြစ်တဲ့ "အား" နဲ့
"ကျား" ဖြစ်ချင်တဲ့ သူတွေများတယ်။
လင်းထင်​ (အနာဂတ်​သစ်​)
Wednesday, September 23, 2015
အလွမ်း
``မလွမ်း​လောက်​ပါဘူးကွာ´´
``မထူးဆန်းပါဘူး´´လို့
တဖွဖွ ​ရေရွတ်
တတွတ်​တွတ်​ ​ပြောရင်းက
မျက်​​တောင်​ တစ်​ချက်​ခတ်
မျက်​ရည်​ တစ်​စက်​​ကြွေ...။
သမီးသု
Saturday, September 19, 2015
ဓား​တောင်​ကို​ကျော်​၍ မီးပင်​လယ်​ကိုဖြတ်​မည်​။
ဓား​တွေက
တောင်​တန်း​​လောက်​ မြင့်​တယ်​။
မီးလျှံ​တွေက
ပင်​လယ်​ပြင်​​လောက်​ ကျယ်​တယ်​။
ဒီ ဓား​တောင်​တန်းနဲ့
ဒီ မီးပင်​လယ်​ကို
ငါ ​ကျော်​ဖြတ်​မယ်​။
(တရုတ်​အလုပ်​သမား လူငယ်​တစ်​ဦး၏ ကဗျာတစ်​ပုဒ်​မှ)
ဆရာမြသန်းတင့်​​ ၏
ဓား​တောင်​ကို​ကျော်​၍ မီးပင်​လယ်​ကိုဖြတ်​မည်​။
စာအုပ်​မှ ကူးယူ​ဖော်​ပြသည်​။
Tuesday, September 15, 2015
ငှက်​က​လေး
သူမဟာ...
ချစ်​စရာ​ကောင်းတဲ့
ငှက်​​ကလေး တစ်​​ကောင်​​ပေါ့။
မုန်းစရာ​ကောင်းတဲ့ ငှက်​​လှောင်​အိမ်​က
ကျွန်​​တော်​...။
မွန်းကျပ်​ကျဉ်း​မြောင်းတဲ့
လှောင်​အိမ်​​ထဲက​နေ
အ​တောင်​ပံ တစ်​ဖျပ်​ဖျပ်​ခတ်​ပြီး
ထွက်​​ပြေးလွတ်​​မြောက်​ဖို့
သူမ ကြိုးစားတယ်​။
----- ------- ---
----- ------- ---
သူမ မမှားပါဘူး။
သူမကို
တားဆီးချုပ်​​နှောင်​ထားခဲ့သူ
ကျွန်​​တော်​ပဲမှားတာပါ။
တစ်​ကယ်​​တော့...
ငှက်​ဆိုတာ
လွတ်​လပ်​မှု အရသာကို
ခုံမင်​နှစ်​သက်​တာ
သဘာဝပဲ​လေ။
----- ------- ---
----- ------- ---
ချစ်​​သော ငှက်​ငယ်​​လေး​ရေ...
ငါဆိုတဲ့ ​လှောင်​အိမ်​​ထဲက​နေ
နင်​...ပျံလိုရာ
လွတ်​လပ်​စွာ ပျံသန်းသွားပါ​တော့...။
အ​နှောင်​အဖွဲ့​တွေနဲ့ ​ဝေးတဲ့​နေရာမှာ
ငှက်​က​လေး ​ပျော်​နိုင်​ပါ​စေ။
ကိုစိုင်းငယ်​(​တောင်​ကြီး)
20.07.2015(Mon Day)
Saturday, September 12, 2015
သစ်​ပင်
သင်​...
ပူ​လောင်​အိုက်​စက်​​သောအခါ
ကျွနု​ပ်​၏အရိပ်​ကို ``ခို´´ပါ။
ထို​အေးရိပ်​ကို
သင်​...
မလို​အပ်​တော့သည့်​အခါ
ကျွနု​ပ်​ကို``ဖြို´´ပါ။
ကိုစိုင်းငယ်​(​တောင်​ကြီး)
06.09.2015(9:51PM)