ပုံ (၁)
အထက်ပါပုံသည် The Library of Congress ၏ အပြင်ပုံစံ
ပုံ (၂)
The Library of Congress ၏ စိတ်ငြိမ်ဖွယ်ကောင်းသော စာကြည့်ခန်း
ပုံ (၃)
The Library of Congress ၏ နံရံဆေးပန်ချီများ
ကွန်ဂရက်ဟာ အမေရိကန်ရဲ့ ပြည်ထောင်စုလွှတ်တော်လို့ပြောလို့ရတဲ့ အမြင့်ဆုံးလွှတ်တော်ပဲဖြစ်ပါတယ်။ အောက်လွှတ် တော်(မြန်မာလိုဆိုရင် ပြည်သူ့လွှတ်တော်)၊ ဆီးနိတ်(အထက်လွှတ်တော်)နဲ့ ကွန်ဂရက်လွှတ်တော်သုံးရပ်ဟာ အမေ ရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအပါအဝင် ကိစ္စအများအပြားကို ဆုံးဖြတ်အတည်ပြုရာနေရာဖြစ်ပါတယ်။
ကွန်ဂရက်စာကြည့်တိုက် (The Library of Congress) ဟာ ကွန်ဂရက်လွှတ်တော်အတွက်တရားဝင်သုတေသနဌာန တစ်ခုဖြစ်ပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားစာကြည့်တိုက်လို့လည်း ခေါ်ကြပါတယ်။ အမေရိကန်မှာတော့ သက် တမ်းအရင့်ဆုံးဖက်ဒရယ်အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ကွန်ဂရက်စာကြည့်တိုက်ဟာ အမေရိကန်ရဲ့ယာယီ ရုံးစိုက်မြို့ တော်တွေဖြစ်တဲ့ နယူးယော့ခ်နဲ့ ဖီလာဒဲဖီးယားမှာ ၁၁ နှစ်ကြာရှိခဲ့ပြီးမှ ၁၈၀၀ ပြည့်နှစ်မှာ ဝါရှင်တန်ကိုပြောင်းခဲ့တာဖြစ်ပါ တယ်။ ကွန်ဂရက်စာကြည့်တိုက်ငယ်ဟာ ဝါရှင်တန်ကိုရောက်ပြီးသိပ်မကြာခင် ၁၈၁၂ ခုနှစ် ဗြိတိသျှ-အမေရိကန် စစ်ပွဲကြောင့် မူ ရင်းမှတ်တမ်းစာရွက်စာတမ်းအများစု ဖျက်ဆီးခံခဲ့ရပါတယ်။
ဒါပေမဲ့ သမ္မတသောမတ်ဂျက်ဖာဆင် လက်ထက်ရောက်ချိန်မှာတော့ ဂျက်ဖာဆင်က သူ့ရဲ့ကိုယ်ပိုင်စုဆောင်းထားတဲ့စာအုပ်ပေါင်း ၆၄၅၇ အုပ်ကို စာကြည့်တိုက်ကို ပြန်ရောင်းခဲ့ပါတယ်။ အဲဒီနောက်မှာ စာကြည့်တိုက်ကိုချဲ့ထွင်ရာကနေ ယနေ့မြင်တွေ့နေရတဲ့ သုံးထပ်အဆောက်အအုံ ကြီးဖြစ်လာခဲ့တာပါ။
ကွန်ဂရက်စာကြည့်တိုက်ဟာ စာကြည့်တိုက်ဆိုပေမဲ့ စာအုပ်အပြင် အခြားမှတ်တမ်းမှတ်ရပေါင်းများစွာ သိမ်းဆည်းထားတဲ့ နေရာတစ်ခုပါ။ မှတ်တမ်းပစ္စည်းပေါင်း သန်း ၁၅၀ ကျော်ရှိတဲ့အနက် ၃၄ သန်းက စာအုပ်တွေပါ။ ဘာသာစကားအမျိုး ၄၇၀ နဲ့ ပုံနှိပ်ထားတဲ့အခြား စာအုပ်တွေသိမ်းထားပါတယ်။ ဒါ့အပြင် လက်ရေးမူပေါင်း ၆၁ သန်း နဲ့ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း (Declaration of Independence)နဲ့ ဂူတင်ဘတ်သမ္မာကျမ်း (နွားသားရေနဲ့ရေးထားတဲ့ မူရင်းသုံးစောင်ထဲကတစ်စောင်) အပါအဝင် ရှားပါးစာအုပ် ၇ သိန်းရှိပါတယ်။ အမေရိကန်အစိုးရထုတ် စာအုပ်တစ်သန်း၊ လွန်ခဲ့တဲ့ရာစုနှစ်သုံးခုအတွင်းက သ တင်းစာတစ်သန်း၊ သတင်းစာအတွဲပေါင်း ၃၃၀၀၀၊ မိုက်ခရိုဖလင်ပေါင်း ၅ သိန်း၊ ကာတွန်းစာအုပ်နဲ့ရုပ်ရှင်ကားပေါင်း ၁၂၀၀၀၀၊ မြေပုံပေါင်း ၅.၃ သန်း၊ Sheet Music(မူရင်းဂီတနုတ်စာရွက်) ၆ သန်း၊ အသံမှတ်တမ်း ၃ သန်း၊ ကျော်ကြားတဲ့အနုပညာလက်ရာနှင့် ဗိသု ကာဒီဇိုင်းတို့အပါအဝင် ပုံနှိပ်နဲ့ဓာတ်ပုံပေါင်း ၁၄.၇ သန်း တို့ကိုလည်းသိမ်းဆည်းထားပါတယ်။
ကွန်ဂရက်စာကြည့်တိုက်ဟာ မူပိုင်ခွင့်ကာကွယ်ရေးနဲ့ မူပိုင်ခွင့်မှတ်တမ်းတင်ရာဌာနလည်းဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မှ အမေရိကန်မူပိုင်ခွင့်ရုံးကို ထပ်လျှောက်ရတာပါ။ အမေရိကန်အမျိုးသားစာကြည့်တိုက်ထဲက စာအုပ်စင်တွေကိုပေါင်း လိုက်ရင် ၈၃၈ မိုင်ရှည်လျားပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်အစစ်အမှန်လို့ တချို့ပြောနေကြတဲ့ ဗြိတိသျှ စာကြည့်တိုက်ထက် အမေရိကန်အမျိုးသားစာကြည့်တိုက်ရဲ့ စာအုပ်အရေအတွက်က ၃၅ သန်းပိုများပြီး၊ သိမ်းဆည်း ပစ္စည်း ၁၅၅.၃ သန်းပိုများပါတယ်။
ကွန်ဂရက်စာကြည့်တိုက်(ခေါ်)အမေရိကန်အမျိုးသားစာကြည့်တိုက်ရဲ့ အကြီးဆုံးစာအုပ်ကတော့ ဘူတန်နိုင်ငံရဲ့အလှအပ တွေဖော်ပြထားပြီး စာမျက်နှာထောင်ချီရှိတဲ့ ရုပ်ပုံစာအုပ်ပဲဖြစ်ပါတယ်။ အဲဒီစာအုပ်ဟာ ၅ ပေ x ၇ ပေ အရွယ်အစား ရှိပါ တယ်။ အသေးဆုံးစာအုပ်ကတော့ .၀၀၄ လက်မ x .၀၀၄ လက်မပဲရှိတဲ့ Old King Cole ပဲ ဖြစ်ပါတယ်။
Credit >>> Myanmar E-books










၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့...ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့...သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။
၃။ မှားမှာကို မကြောက်ပါနဲ့...တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်..
.နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ...ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။
၎။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။
၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ...မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော ... ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။
၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်... မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ...သိလိုက်ရတဲ့ အတွက် ၀မ်းသာပါ။
၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိဘာသာရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဖြေ၇ှင်းဖို့ ကြိုးစားပါ...သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား ... သူတို့တွေနဲ့ အတူတူ ပျော်ပျော်နေပါ။
၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။
၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ... မူလသင်လုပ်နေကျ နေ့စဉ်ဘ၀ကို မဆုံးရှုံးပါစေနဲ့.. အချိန်မှန်စား... အချိန်မှန်အိပ်စက်ပါ။
၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံ့ လုပ်ဆောင်ပါ။ ထိခိုက် နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ တွေးပူမနေပါနဲ့။
၁၁။မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ၊လမ်းကြောင်းဦးတည်ရာရှိပါစေ...ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။
လက်ရှိဘ၀ကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့ တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး...အမှားအမှန်လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။
၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။
၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲ ကြုံလာရင် ဖြေရှင်းပါ...ဖြေရှင်းလို့မရနိုင်ရင်.
..စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။
၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။
၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့...ဆိတ်ဆိတ်နေပါ။ပြောရင်းနဲ့ အမှားပါတတ်လို့ပါ။
၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့... အကောင်းဆုံးလုပ်ဆောင်ပါ။ ရလဒ်ကအလိုလိုလိုက်ပါလာပါလိမ့်မယ်။
၁၇။နောင်တ မရပါစေနဲ့... နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီးကြောက်စရာကောင်းပါတယ်။
သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပျက်ပြားစေပါတယ်။ မှားပြီးရင်းမှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။
၁၈။ဘာကိစ္စပဲ ကြုံကြုံ...ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေ လို့ပြောပါ... ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။ အခုသင်ခံစားနေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြားနေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့ သူတွေ အများကြီးပါပဲ။
၁၉။ဘ၀မှာ ခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေကို ရွေးချယ်ရမယ်ဆိုရင်... ခါးသီးခြင်းကို မေ့ပစ်ပြီး ပိုကောင်းတာရွေးပါ။
၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ...မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။
၂၁။တကယ်လို့ ကျွန်တော်ကျရှုံးရင် ထပ်ကြိုးစားမယ်....တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့... တကယ်လို့ သင်ကျဆုံးခဲ့ရင်ရော ထပ်ကြိုးစားမှာလား...လူ့စိတ်ဝိဥာဉ်ဟာကျွန်တော်တို့ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သင်ဘယ်လိုနိဂုံးချုပ်ချင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။
Credit >>> zarni.info