Saturday, October 24, 2015

လည်ပင်းနီနီ နှလုံးသား


        ဦးထုပ်မြင့်မြင့်နှင့်စိတ်ထားနိမ့်နိမ့်တို့ သူ့အလိုလို အတွဲအဖက်ဖြစ်နေ ကြခြင်းသည် ဘုရားသခင်၏ နောက် ပြောင်မှုတော့ မဖြစ်နိုင်ပေ။ (ဦးထုပ်မြင့်မြင့်ဆောင်းသူများ)အက်ဆေးဆရာမောင်ခိုင်လတ်၏ အက်ဆေးတစ် ပုဒ်ပုဒ်ကိုရွေးမည်ဆိုလျှင် ဦးထုပ်မြင့်မြင့်ဆောင်းသူများ ကို ရွေးရပေမည်။ လူသိအများဆုံးနှင့် သူ၏ အကျော်ကြားဆုံး လည်းဖြစ်သည်။ ထန်းရိပ်ညိုဆုလည်း ရခဲ့ ဖူးသည်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင် လည်းကြိုက်သည်။ သို့သော် အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် လည်ပင်းနီနီကိုရွေးလိုက်ပါသည်။ 
        လည်ပင်းနီနီသည် ဦးထုပ်မြင့်မြင့်နည်းတူ ကျွန်တော် စွဲလမ်းခဲ့သော အက်ဆေးတစ်ပုဒ်ဖြစ်သည်။ ထို့ပြင်ကာလဒေသနှင့် လည်း  လျော်ညီနေသည်။
        စင်စစ်၊ လည်ပင်းနီနီသည်အမေရိကန် အင်္ဂလိပ် အီဒီယမ် red neck ကို တိုက်ရိုက်ပြန်ဆိုထားသော စကားလုံးဖြစ်သည်။
       သည်လိုစကားလုံးတွဲတွေကို လှ ပ သောအက်ဆေး လေးတွေဖြစ် လာအောင် ဆရာမောင်ခိုင်လတ်ကအား ထုတ်လေ့ရှိသည်။ (high hat)  ကိုဦးထုပ်မြင့်မြင့်၊ (a snake in the grass) ကိုမြက်ထဲက မြွေ၊ (red neck) ကို လည်ပင်းနီနီစသည်ဖြင့်။ ကျွမ်းကျင်သော  လက်လှည့်ဆရာ၏ လက်ဖ၀ါးထဲတွင် ပ၀ါ စလေးဖြစ်လိုက်၊ နှင်းဆီ ပန်းလေးဖြစ် လိုက်၊ တောင်ပံဖျပ်ဖျပ် ခတ်နေသည့် ခိုပြာ လေးတစ်ကောင်ဖြစ်လိုက်နှင့်။ အက်ဆေးဆရာနှင့် လက်လှည့် ဆရာတို့တွင် တူညီမှုတစ်ခုရှိမည်ထင်သည်။
      လက်လှည့်ဆရာက သက်မဲ့ပစ်္စည်းများကိုသက်ရှိ အ ဖြစ်ပြောင်း လဲပြတတ်သည်။ အက်ဆေးဆရာကစကားလုံးများကို အနက်ကျယ်၍ လှပသော အတွေးအမြင် အ ဖြစ်ထုဆစ်ပြတတ်သည်။ ဤသည်ကို စောကြော ဆင် ခြင်ကြည့်ပါမည်။
                                       xxx

      အက်ဆေးဆရာက မြစ်ဝကျွန်းပေါ် ကန္တာရဟူသော စကားလုံးဖြင့် ကျွန်တော် တို့ကို စ၍ဖမ်းစားခဲ့ပါသည်။
       မြစ်ဝကျွန်းပေါ်ဆိုသည်မှာ စိမ်းလန်း သော စိုက်ခင်း များနှင့် မြေဆီမြေနှစ်တို့ ပြည့်ဝစိမ်းစိုရာနေရာဖြစ်သည်။ သို့ရာတွင် ထိုနေ့ရက်များက သူကျင်လည်ဖြတ်သန်းခဲ့ ရသည်မှာ အင်း အိုင်ချောင်းမြောင်း၊ တမံတို့ နှင့်ဝေးလျားသော၊ ခြောက်သွေ့သော ကွင်းကျယ်ကြီးများနှင့် လွင်တီးခေါင်ခေါင် ဖြစ်သော ကန္တာရ လိုနေရာဖြစ်သည်။မြစ် ၀က၊ွန်းပေါ်ကန္တာရဟုသူကဆိုသည်။ 
        အက်ဆေးဆရာသည် လွယ်အိတ် တစ်လုံးနှင့်ရွာစဉ် လည်၍ ကျေးရွာသားများ နှင့် ပျော်ဝင်စေးကပ်နေခဲ့သူ ဖြစ်သည်။             ကျေးတောသားများနှင့် သားချင်းဆွေမျိုးကဲ့သို့ ကျွမ်းဝင်ရင်းခြာနေ ခဲ့သူဖြစ်သည်။
      ချိုးဖြူ၊ဒဟတ်ကုန်း၊ ညောင်မုတ်ဆိတ် စသောရွာတို့သည် လမ်းပန်း ခက်ခဲမှု ကြောင့် အလွန်အလှမ်းကွာဝေးပြီး သီးခြား ကမ္ဘာတစ်ခုစီကဲ့သို့ ရပ်တည်နေခဲ့သည်၊ သည်နှစ် သည်နေရာမှာညောင်မုတ်ဆိတ် ရွာ တည်ရှိသော်လည်း နောက်တစ်နှစ်တွင် ညောင်မုတ်ဆိတ်ရွာ ရှိချင်မှရှိမည်၊ ပို၍ ရေကြည်သော၊ မြက်ခင်းစိမ်းသော၊ လယ် မြေသစ်များဆီသို့ ရွာလုံးကျွတ် ပြောင်းရွှေ့ တတ်သည်။ ထိုနေရာ၌ ညောင်မုတ်ဆိတ် အမည်သာကျန်ကောင်း ကျန်မည်။ရွာ တော့မကျန်ရစ်ခဲ့ဟု ဆိုသည်။
     ထိုကျေးရွာသားတို့သည် တီဗီမရှိ၊ ကက်ဆက်မရှိ၊ တယ်လီဖုန်းမရှိ၊ ဘုရားစင် မရှိ၊ခြေသုတ်ဖုံမရှိ၊ မနာလိုဝန်တိုမှုနှင့်စဉ်း လဲမှုမရှိ၊ အတင်းအဖျင်းမရှိ၊ ပကတိရိုးသား နုံခြာသော၊ ရောင့်ရဲလွယ်သော၊ သည်းခံ သောရွာသားများဖြစ်သည်ဟု ဆိုသည်။
      သူသည်ကျေးရွာသားများနှင့် ပျော် ၀င်လိုက် မြို့ပေါ်ပြန်ရောက်လာလိုက်နှင့် ကူးသန်းသွားလာရင်း ရွာသားများ၏ဆက် ဆံရေးတမန်သဖွယ်ဖြစ်လာခဲ့သည်။မြေစာရင်းဌာန၊ သစ်တောဌာနတို့နှင့် ကျေးရွာသားများအကြား ပေါင်းကူး ပေး သူ၊ ပြဿနာအခက်အခဲများကို ပြေလျော့ အောင်၊ ဖြောင့်ဖြူးအောင်ဖြေရှင်း ကူညီပေး သူဖြစ်လာခဲ့သည်။ သူ့နာမည်က အရာရာ ဖွင့်နိုင်သည့် သော့တစ်ချောင်းဖြစ်လာခဲ့ သည်။ သူသည် ထိုကျေးရွာသားများက ခင်မင်နှစ်လိုသော၊ အားကိုးရသော ပုဂ်္ဂိုလ် ဖြစ်လာခဲ့သည်။
       အက်ဆေးဆရာက လည်ပင်းနီနီကို ထိုသို့ခင်းကျင်းခဲ့ပါသည်။
       သူသည် လွှတ်တော်အမတ်မဟုတ် သည့်တိုင် လွှတ်တော်အမတ် စစ်စစ် တစ် ယောက်ကဲ့သို့ ကျေးရွာသားတို့၏ အားကိုး အားထားပြုရသော သူဖြစ်ရုံမျှမက မြို့ပေါ် ဌာနများနှင့်လည်း ကျွမ်းဝင်ရင်းနှီးကာ အ ထိုက်အလျောက်သြဇာရှိသူ၊ ပြောရေးဆို ခွင့်ရှိသူဖြစ်လာ ခဲ့သည်ဟုဆိုပါသည်။
       သူသည် ကျေးရွာသားတို့၏ အလှူ အတန်း၊ ရှင်ပြု၊ မင်္ဂလာဆောင် တို့ကို တ လေးတစား ဖိတ်ကြားခံခဲ့ရသည်။ ပျော်ရွှင် ချမ်းမြေ့စွာ သွားရောက်ချီးမြှောက် ခွင့်ကြုံ ရသည်။
       သည်တွင် အက်ဆေးဆရာက အ တွေ့အကြုံ တစ်ခုကို ပြောပြပါသည်။ထူး ခြားဆန်းပြားလှသည် မဟုတ်သော်လည်း ထိုအတွေ့အကြုံ(အဖြစ်အပျက်)ကလေးမှာ ရင်ခုန်လွမ်းမောစရာ လှပနေ ပါသည်။
       ပဉ်္ဇင်းခံရှင်ပြု အလှူရှိရာ ဘုန်းတော် ကြီးကျောင်းသို့ ရွာ လူကြီးနှစ်ဦးနှင့် အတူ သွားခဲ့စဉ်က ဖြစ်သည်။ ဘုန်းတော်ကြီး ကျောင်းသို့မရောက်မီ ကိုက် ၃၀၀ ခန့် အကွာတွင် ရွှံ့ ဗွက်မြောင်းကြီး ကာဆီးနေ သည်။ ကူးစရာတံတားမရှိ၊ ခုန်ကူးလို့လည်း မရ။ ရွှံ့မြောင်းကြီးက ၁၂ ပေလောက် ကျယ်သည်။ အလှူသွားခြင်းဖြစ်၍ ၀တ် ကောင်းစားလှများလည်း ၀တ်ထားသည်။ လှူဖွယ်ပစ္စည်းများလည်းပါသည်။ သူတို့အတွက် ဧရာမပြဿနာကြီးဖြစ်နေသည်။
         ကြံရာမရနှင့်ဟိုသည် မျှော်ကြည့် တော့ ဟိုဘက်မြောင်းအစပ်မှာ ၀ါးပိုးလုံး ကြီးတစ်လုံးကိုတွေ့သည်။ ထိုဝါးပိုးလုံးကြီး ကို မြောင်းပေါ်ချလျှင် ကူးနိုင်မည် သူတို့ သိသည်။ သို့သော် ၀ါးပိုးလုံးကြီးကို ဘယ်သူ သွား ယူမလဲဆိုတာ ပြဿနာဖြစ်သည်။ကြောင် ကိုဘယ်သူခြူဆွဲပေးမလဲဆိုသော ပြဿနာလောက်ကြီးကျယ်သည်။သူတို့ ဘာလုပ်ရမှန်းမသိ။
        ထိုစဉ် သူတို့နောက်နားသို့ မိန်းက လေးတစ်ဦးလာရပ်သည်။ အသက် ၂၀ အ ရွယ်။ အသားညိုညို၊ ဖိနပ်မပါသော်လည်း ၀တ်ကောင်းစားလှများ ၀တ်ထားသည်။ ဘုန်းကြီးကျောင်းသို့ သွားမည့်ပုံ ရှိသည်။ လူကြီးမင်းများကြံရာမရ ဖြစ်နေ တုန်းမှာပဲ မိန်းကလေးက လွယ်လင့် တကူ ဖြေရှင်းပေး လိုက်သည်။ အက်ဆေးဆရာက သည်လို ရေးပြ ထားသည်။ 
    “ဦးတို့ခဏနေဦး၊ သမီးအရင်ကူးသွား မယ်ဟု” ပြောပြောဆိုဆို သူ့ခါးမှလုံချည် လေးကိုဖြည်းလေးစွာ ချွတ်ယူပြီး လျင်မြန် သေသပ်စွာခေါက်လိုက်ပါသည်။ ပြီး မြေ ပေါ်မှာ အသာအယာ ချလိုက်ပါသည်။အတွင်းခံဘောင်းဘီလေးနှင့် မြောင်းထဲ ဆင်းသွား၊ တစ်ဖက်ကမ်းသို့တက်၊ ခပ်လှမ်းလှမ်းမှ ၀ါးပိုးလုံးကို သယ်ယူ ကာ မြောင်းပေါ်သို့ ပစ်တင်ပေးသည်။ ၀ါးလုံးကို ငြိမ်သက်အောင် အတန်ကြာပြုပြင်ပြီးမှ သည်ဘက်ကမ်းသို့ ပြန်ကူးလာသည်။ သူ့ ခြေသလုံး အထိရွှံ့တွေပေကျံလျက်။
       သည်အဖြစ်အပျက် (event)  က လေးကို အက်ဆေးဆရာက လက်စွမ်းပြ ရေးသွားခဲ့သည်ဟု ကျွန်တော်ထင်သည်။ မွန် ၀န်ကြီးဗညားဓလ၏ ဗျည်းနွဲ့တို့ စီးချင်း ထိုးပွဲကို ကြည့်ရသလို ဖျတ်ခနဲဖျတ်ခနဲ ရွှင် သွက်နေသည်။  လှလည်းလှပသည်။ ရင်ခုန် စရာ လည်းကောင်းသည်။ ချစ်စရာလည်း ကောင်းသည်။ အက်ဆေး ဆရာသည် နုံခြာ သော်လည်း ရိုးသားသော၊ ဖြူစင်သော၊ ချစ်ခင်နှစ် သက်ဖွယ်ရာဖြစ်သော ကျေး တောသူလေး၏ စရိုက်သဘာဝ ကိုဖော်ပြ ရာမှ သူကျင်လည်ဖြတ် သန်းလျက်ရှိ သည့် မြစ်ဝကျွန်းပေါ် ကန်္တာရမှ ကျေးရွာသားတို့ ၏ စိတ်ရင်းဖြူဖြူကို လှပစွာခြယ် သလိုက် ခြင်းပဲဖြစ်ပါသည်။
       အက်ဆေးဆရာနှင့်အတူအလှူလာသည့် ဦးကံညွန့်က မျက်လုံးပေါ် လက်အုပ်ကာ ဟဲ့၊ အောင်ငြိမ်းသမီးမြညိုလားဟု မေးသည်။ ဟုတ်တယ်အဘရဲ့ မြညိုပါဟု လုံ ချည်ကိုပြန်ဝတ်ရင်း ရယ်ရယ်မောမောဖြေ သည်။ ဦးကံညွန့်က ဆုတွေတစ်သီ ကြီး ပေးသည်။ ရွှံ့တစ်စက်မျှ မပေမကျံဘဲ ဘုန်း တော်ကြီးကျောင်းသို့ သူတို့ရောက် သည်။
       အက်ဆေးဆရာသည် ဇိုးဇိုးဇတ်ဇတ် နှင့် မည်သူ့ကိုမဆို ကူညီဖို့ ၀န်မလေးသော၊ အနစ်နာခံသော၊ ရှက်ရွံ့ဟန်ဆောင်မှု ကင်း သော၊ အလွန် ပွင့်လင်းလွတ်လပ်သော၊ နွား ကျောင်းနေသော၊ ရွာလယ်မှာ လမ်း လျှောက်နေသောမြညိုကို မကြာခဏ တွေ့ ရတတ်သည်။ အလှူမင်္ဂလာ၊ သာရေး နာရေးတွေမှာ ကြုံရာကျဖမ်း ကူညီလုပ် ကိုင်ပေးနေသည်ကို အတွေ့ရအများဆုံးဖြစ် သည်ဟု ဆိုသည်။ မြညိုကို စာမှတတ်ရဲ့ လား သံသယဖြစ်စရာရှိသည်။ အမေကို ရှာဖွေလုပ်ကျွေးနေသူလေးဟု သိရပြန် သည်။
 အက်ဆေးဆရာသည် ကျေးရွာ လူ ကြီးများနှင့် ညှိနှိုင်းကာ မြညိုတို့သား အမိ အတွက် လယ်သုံးဧကကို ဖန်တီး ရှာဖွေ ပေးနိုင်ခဲ့သည်။မြညိုတို့လယ်သုံးဧက ပိုင် သွားခဲ့ပြီ။ ထိုညက မြညို သူ့ကိုလာ၍ လက်အုပ်ချီကန်တော့သည်။ သည်တော့မှ မြညိုဆိုသော မိန်းကလေးကို အနီးကပ် ကြည့်မြင်ခွင့်ကြုံသည်။အက်ဆေးဆရာက မြညိုကိုသည်လို ဖွဲ့နွဲ့ပြန်ပါသည်။
         မြညို၏ လက်ချောင်းများမှာ မာ ကျောတုတ်ခိုင်ကာ အားအင်ပြည့်ဝ သန် စွမ်းကြောင်းယုံမှားစရာမရှိ။ ခန္ဓာကိုယ်မှာလည်း ကျစ်လျစ်ပြေပြစ်လှသည်။ အထူး ခြားဆုံးကတော့လည်ပင်း။ လည်ပင်းက တော့ ကြေးနီရောင်လှိုင်းထနေသည်။ သနပ်ခါး လိမ်းကျံထားသဖြင့် မသိသာသော် လည်း ပင်ကိုယ်အတိုင်းဆိုလျှင် ညိုသော အသားအရည်ပေါ်မှာ ကြေးနီရောင်စွန်း ကွက်နေပေလိမ့်မည်။
           ဆရာမောင်ခိုင်လတ်၏ အက်ဆေး သည် သည်အထိ အက်ဆေးမဖြစ်သေးပါ။အကောင်းစားစကားလုံးများကို ကဗျာဆရာ တစ်ယောက်သဖွယ် သေသပ်တိရိ စွာ သုံးနှုန်း၍ အဖြစ်အပျက် တစ်ခုကို ခြယ် မှုန်းခဲ့သည်မှအပ အက်ဆေးဖြစ်ပြီဟူ ၍ မည်သို့မျှမဆို သာနိုင်သေးပါ။သို့သော်-သူက ကျွမ်းကျင်သော လက်လှည့်ဆရာ ဖြစ်သည်။ ကျွမ်းကျင်သော အက်ဆေး ဆရာဖြစ်သည်။ ချစ်ခင်နှစ်လိုဖွယ်ရာ အဖြစ်အပျက်ကလေးကို စကားလုံးတစ်လုံး အကူအညီဖြင့် အက်ဆေးဖြစ်အောင် လုပ်ပြသွားသည်။
          အက်ဆေးတစ်ပုဒ်၏ အခရာ ဖြစ်သော အတွေးစဉ်တစ်ခုထဲသို့ စာဖတ်သူကို ဆတ်ခနဲခေါ်ယူသွားသည်။
          အမေရိကန်အင်္ဂလိပ်စကားမှာ red neck  ဆိုသောဝေါဟာရ တစ်လုံးရှိလေ သည်။ လုံးချင်းအဓိပ်္ပာယ်က လည်ပင်းနီ ဖြစ်သော်လည်း အဓိပ်္ပာယ်အပြည့်အစုံကို အမေရိကန်ဝေါဟာရအဘိဓာန်က red neck ပညာမဲ့တောင်ယာသမား၊ နေပူမ ရှောင်မိုးရွာမရှောင် နေ့စဉ် အလုပ် ကြမ်း လုပ်ရသူ လို့ဖွင့်ဆိုထား လေသည်ဩ
        အလုပ်ကြမ်းလုပ်ရ၍ ကြေးနီရောင် သမ်း နေသောမြညို၏ လည်ပင်းနီနီကို red neck စကားလုံးနှင့် ရောမွှေလိုက်ခြင်းဖြင့် အက်ဆေးနယ်နိမိတ်ထဲသို့ ရုတ်ချည်းဆွဲ သွင်းလိုက်ခြင်းပဲဖြစ်တန်ရာသည်။ အက် ဆေးဆရာက ဆက်၍ခရီးနှင်ပါသည်။
       အမေရိကန်နိုင်ငံရေးလောကတွင် တော့ တစ်မျိုးတစ်ဘာသာပင်။ ကိုယ်နှင့် ဆန့်ကျင်ဘက် နိုင်ငံရေးပါတီတွေကို ထိုး နှက်သောအခါ စကားတင်းဆို သုံးစွဲ သော အလေ့ရှိပါသည်။မသိနားမလည်ဘဲ ထင် ရာစွဲသန်သူမဲဆန်္ဒရှင်တွေဆီကသာ(လည် ပင်းနီတွေဆီကသာ) မဲရတဲ့ပါတီလို့စကား စစ်ထိုးလေ့ရှိသည်-
       ပြောရလျှင် မြညို၏လည်ပင်းနီနီနှင့် အမေရိကန်အင်္ဂလိပ်စာလုံးတွဲ red neck သည် ဝေါဟာရအားဖြင့် ဆက်စပ်သော် လည်း အနက်အဓိပ္ပာယ်အားဖြင့် သွေဖည် နေသည်။ ဆန့်ကျင်နေသည်။ မြညို၏ လည်ပင်းနီနီက ချစ်ခင်နှစ်လိုစရာဖြစ်သည်။ red neckု ကပြိုင်ဘက်ပါတီချင်း ပညာ သား ပါပါနှင့်ချိုးဖဲ့လိုက်သည့် စကားလုံး ဖြစ်သည်။ ထပ်တူပြုလို့မရ။ရူပကအလင်္ကာ မဖြစ်။
       သို့သော်  မောင်ခိုင်လတ်က သူသည် ပါးနပ်သော လက်လှည့် ဆရာဖြစ်ကြောင်း ပြသလိုက်ပါသည်။
        မြညို။ လည်ပင်းနီနီမိန်းကလေး။ရိုးသားဖြောင့်စင်းသော၊ ဟန်ဆောင်မှုကင်း သော၊ လွတ်လပ်ပွင့်လင်းသော၊ နိစ်္စဓူဝ နေပူမရှောင် မိုးရွာမရှောင် အလုပ်ကြမ်း လုပ်ရသူကလေး။ သည်လိုဖွင့်ဆိုလျှင် မှား အံ့မထင်ပါ။ သေချာတာကတော့လည် ပင်း နီနီမိန်းကလေး ၏နှလုံးသားသည် နှလုံးသားမဟုတ်ဆိုတာပဲဖြစ်သည်။
        နှလုံးသားသည် နှလုံးသားမဟုတ် ဆိုသော ဘိုဆန်ဆန်အသုံး မျိုးကို မောင်ခိုင် လတ်က မကြာမကြာ လုပ်တတ်ပါသည်။
        မြညိုတို့လို လည်ပင်းနီနီတို့၏ နှလုံး သားသည် သာမန်နှလုံးသားမျိုးမဟုတ်။အရိုးသားဆုံး၊ အဖြူစင်ဆုံး၊ အနက်ရှိုင်း ဆုံး၊ နှစ်လိုဖွယ်ရာ အကောင်းဆုံး၊ မြတ်နိုး ကြင် နာ အပ်သောနှလုံးသား မျိုး ဖြစ်ကြောင်း အက်ဆေးဆရာက လှိုက်လှိုက်လှဲလှဲ သတိပြုစေ လိုက်ခြင်းဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်၊
                               xxx

           လည်ပင်းနီနီကို (သြဂုတ်/၂၀၀၂) မဟေသီမဂ်္ဂဇင်းတွင် ပုံနှိပ်ဖော်ပြ ခဲ့ပါသည်။ဝေးခဲ့ပါပြီ။ သို့သော် ယခုအချိန်သည် ရွေး ကောက်ပွဲကျင်းပရန် (-)ရက်သာလိုတော့ သည်ဟု နှိုးဆော်နေသော အချိန်ဖြစ် ပါ သည်။ 
         ကျွန်တော်စွဲလမ်းခဲ့၊ နှစ်သက်ခဲ့သော အက်ဆေးနှစ်ပုဒ်တွင် ဦးထုပ်မြင့်မြင့် ဆောင်းသူများကို  ရွေးချယ်သင့်ပါလျက် လည်ပင်း နီနီကို ရွေးချယ်ခဲ့ခြင်းမှာ အခါ ကာလနှင့်လည်းလျော်ညီနေသောကြောင့်-ဟုဆိုခဲ့ပါသည်။
       စင်စစ် ဦးထုပ်မြင့်မြင့်က အခွင့်ထူး ခံသူတို့ အကြောင်းကိုဖွဲ့သော အက်ဆေး ဖြစ်သည်။ ခရိုနီအကြောင်းကိုဖွဲ့သောအက် ဆေးဖြစ်သည်။ လည်ပင်းနီနီက ရိုးသား ဖြောင့်စင်းသော၊ အနှိမ်ခံရသော၊ အနှိပ် ကွပ်ခံရသော ပညာမဲ့၊ မြေမဲ့၊ ယာမဲ့၊ တောင် ယာသမားတို့အကြောင်းကို ဖွဲ့သောအက် ဆေးဖြစ်သည်။ 
        ကျွန်တော်တို့သည် စာနာခံစားတတ်သူများ ဖြစ်မည်ဆိုလျှင် လည်ပင်း နီနီကို သာ ရွေးချယ်ရပေလိမ့်မည်။  
                                                         
မောင်ရင့်မာ (ကျောင်းကုန်း)

ခေတ်ရနံ့မဂ္ဂဇင်း၊ အောက်တိုဘာလထုတ်မှ
ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ အက်ဆေးကို
ခေတ်ရနံ့ မဂ္ဂဇင်း Facebook Page မှ 
ပြန်ကူးယူဖော်ပြသည်။



Wednesday, October 21, 2015

သူငယ်ချင်းတို့အချိန်လေးနည်းနည်းပေးပြီးဖတ်ကြည့်စေချင်ပါတယ်။အရမ်းကောင်းတဲ့ပုံပြင်လေးပါ။


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်… ဘာကြောင့်လဲ”
“ဒီိလို လူလေးရဲ့… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်… ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
ပုံပြင်လေးကတော့ ဒါပါပဲ။
အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။
“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”
လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။
ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။
ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။
“လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်”
အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။
(BankOfKnowledge)


Monday, October 12, 2015

မိုက်ခရိုဆော့ဖ်


မိုက်ခရိုဆော့ဖ်သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ် ရက်မွန်တွင် ရုံးချုပ်တည်ကာ ကွန်ပျူတာဆော့ဝဲလ်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တကိုယ်ရေးသုံးကွန်ပျူတာ နှင့် အခြား နည်းပညာဝန်ဆောင်မှုများကို ထုတ်လုပ်၊ ရောင်းချ၊ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထုတ်လုပ်ရောင်းချနေသော ဆော့ဝဲလ်များထဲမှ မိုက်ခရိုဆော့ဖ် ဝင်းဒိုး၊ မိုက်ခရိုဆော့ဖ် အော့ဖစ် တို့မှာ လူသုံးများပြီး လူသိအများဆုံး ဖြစ်သည်။ ရောင်းချနေသော အီလက်ထရောနစ် ပစ္စည်းများထဲတွင် အိတ်စ်ဘောက် (X-Box) ဂိမ်းနှင့် မိုက်ခရိုဆော့ဖ် ဆာဖေ့ (Microsoft Surface) ကျောက်သင်ပုန်းကွန်ပျူတာတို့မှာ အဓိက ထုတ်ကုန်များ ဖြစ်သည်။ မိုက်ခရိုဆော့ဖ်သည် ဝင်ငွေများအရ ဆော့ဝဲလ်ကုမ္ပဏီများထဲတွင်အကြီးဆုံးဖြစ်သည်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲတွင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ရေပူစမ်း


ရဲလိုးစတုန်း အမျိုးသားဥယျာဉ်ရှိ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ရေပူစမ်း Grand Prismatic Spring

Tuesday, October 06, 2015

အ​ရှေ့​တောင်​အာရှတွင်


Credit >>> Google Image

အ​ရှေ့​တောင်​အာရှတွင်​ ကိုလိုနီလက်​​အောက်​မှ
အ​စောဆုံးလွတ်​​မြောက်​ခဲ့သည့် နိုင်​ငံမှာ
စင်္ကာပူနိုင်​ငံဖြစ်​ပြီး ကိုလိုနီမဖြစ်​ခဲ့​သော နိုင်​ငံမှာ
ထိုင်းနိုင်​ငံဖြစ်​သည်​။

Credit >>> Google Image

မဟာဆိုင်းရပ်​စ်​ ဘုရင်​ကြီး


Credit - Google Image

ပါရှားပြည်​ကို (ဘီစီ ၅၅၈ - ၅၂၉ ထိ) စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်​စ်​ ဘုရင်​ကြီးဟာ
နတ်​ရွာစံ​သေလွန်​ခဲ့တာ နှစ်​​ပေါင်း (၂၄၉၅)နှစ်
ကျော်​ပြီ ဖြစ်​​ပေမယ့် ယ​နေ့​ခေတ်​အထိ 
ကျွန်​​တော်​တို့ရဲ့ ဘဝ​တွေအ​ပေါ်မှာ သြဇာအရှိန်​အဝါ သက်​​ရောက်​မှု​တွေ ရှိ​နေပါ​သေးတယ်​။

သူ့​ကြောင့်...
တစ်​ရက်​မှာ ​နေ့နဲ့ည နှစ်​ပိုင်းခွဲခြားပြီး 
နေ့(၁၂) နာရီ ၊ ည (၁၂) နာရီလို့
ကျွန်​​တော်​တို့ ပိုင်းခြားနိုင်​ခဲ့တယ်​။

အ​ရေအတွက်​ပြုတဲ့အခါ
ဒါဇင်​ (၁၂ ခု ) ဆိုတာ သုံးနိုင်​ခဲ့တယ်​။

ဗိသုကာအတတ်​ပညာ အ​ဆောက်​အဦး​ဆောက်​လုပ်​တဲ့အခါ ကျောက်​သား (သို့) 
သစ်​သားတိုင်​လုံးကြီး​တွေကို သုံးနိုင်​ခဲ့တယ်​။

ပြီး​တော့ ...
သူဟာ ​ဘောင်းဘီရှည်​ကို ပထမဦးဆုံး 
ဝတ်​ဆင်​ခဲ့သူလည်း ဖြစ်​ပါတယ်​။

ဆရာ​မောင်​သိန်းလွင်

မှတ်​ချက်

(ဤစာကို ဆရာ​မောင်​သိန်းလွင်
The Light English Magazine တွင်​​ရေးသား​ဖော်​ပြခဲ့စဉ်​က (2002) ခုနှစ်
(August) က ဖြစ်​ပါသည်​။
ကျွန်​​တော့ဘ​လော့တွင်​ စာစီကူးယူ
ပြန်​လည်​ဖော်​ပြသည်​မှာ (2015) ဖြစ်​​​၏။
ထို့​ကြောင့်​ မဟာဆိုင်းရပ်​စ်​ ဘုရင်​ကြီး
နတ်​ရွာစံ​သေလွန်​ခဲ့သည်​မှာ ယခုဆိုလျှင်
နှစ်​​ပေါင်း (2508) ရှိပြီဖြစ်​​လေသည်​။)

( 2495 + 13 = 2508 )

Guests (ဧည့်​သည်​များ)


To shine only for a moment,
We get to the earth.
In ups and downs of life,
While securing ourselves.
And breathing the breeze of fate,
We struggle to live.
While searching the meaning of life,
We're bound to leave the earth
For an unknown place.

Aye Aye Thinn


Credit - Google Image

ခဏ​လေး ​တောက်​ပဖို့
ကမ္ဘာ​မြေကို ငါတို့​ရောက်​လာကြတယ်​။
လောကဓံများရဲ့ အလယ်
ကိုယ့်​ကိုယ်​ကို ကယ်​ဆယ်​ရင်း
ကံကြမ္မာရဲ့ ​လေညင်းကို ရှူရှိုက်​လို့
ရှင်​သန်​ဖို့ ကြိုးစား
ဘဝဆိုတာ ဘာများလဲ.....
စူးစမ်းဆဲ ရှာ​ဖွေဆဲမှာ 
ကမ္ဘာ​မြေကို ခွဲခွာ
မသိနိုင်​တဲ့ တစ်​​နေရာဆီ
ငါတို့ သွားကြရဦးမယ်​။

အေး​အေးသင်း

The Light English Magazine
No.92,August,2002 မှ တစ်​ဆင့်
ပြန်​ကူးယူ ​ဖော်​ပြသည်​။