Monday, February 01, 2016

ရှိတ်စပီးယားအကြောင်း သိကောင်းစရာ


Photo Credit - Unknow

ယခုနှစ် ၂၀၁၆ခုနှစ်ဟာ ရှိတ်စပီးယားကွယ်လွန်ခဲ့တဲ့နှစ် (၄၀၀) မြောက်နှစ်ဖြစ်တဲ့အလျောက် ကမ္ဘာတစ်လွှားမှာ ရှိတ်စပီးယားနဲ့ပတ်သက်တဲ့ပွဲတွေအမျိုးမျိုးလုပ်နေကြတာကို သတိထားမိမှာပါ။ ယခုဆောင်းပါးမှာတော့ ရှိတ်စပီးယားနဲ့ပတ်သက်တဲ့လူသိနည်းသေးတဲ့အကြောင်းအရာတစ်ချို့ကို ဗြိတိသျှကောင်စီရဲ့ Facebook မှာ မေးမြန်းထားတာတွေကို ဗဟုသုတအဖြစ်ဘာသာပြန်ဖော်ပြလိုက်ပါတယ်။


ဂရိတ်ဗြိတိန်နိုင်ငံက ကျောင်းတွေမှာ ရှိတ်စပီးယားပြဇာတ် ကပြတာမျိုး ရှိပါသလား၊ ဒါမှမဟုတ် စာသင်ရုံ သက်သက်ပဲလား။ ခေတ်ပေါ် အင်္ဂလိပ်စာနဲ့ရော ဘာသာပြန်ကြပါသလား။


ပြဇာတ်ကတာနဲ့ ပတ်သက်လို့ကတော့ သိပ်များများစားစား မရှိပါဘူး၊ ဒါပေမဲ့ မိတ်ဆွေပြောသလိုဘဲ ကျောင်းတွေအားလုံး  ရှိတ်စပီးယားကို မသင်မနေရ ပုံစံနဲ့ သင်ရိုးညွှန်းတမ်းများ ပြဌာန်းထားပြီးတော့၊ လေ့လာရင်း ပြဇာတ်ရဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို သရုပ်ဖော် တင်ဆက်တာကို ကြည့်ကြတာမျိုးတွေ လုပ်ကြပါတယ်။ Shakespeare Schools Festival လိုမျိုး ကျောင်းပေါင်းစုံ ရှိတ်စပီးယားပွဲတော်ကို ပိုပြီး ကျယ်ပြန့်တဲ့ ပရိဿတ်တွေဆီရောက်အောင်နှင့် ကျောင်းသားတွေကို တိုက်ရိုက်ပါဝင် လှုပ်ရှားခွင့် ပိုမိုရရှိအောင် တစ်နိုင်ငံလုံး အတိုင်းတာ ပရောဂျက်ပုံစံမျိုးနဲ့ ကျင်းပကြတာ ရှိပါတယ်။

http://www.ssf.uk.com/ 

http://shakespeareweek.org.uk/


ခေတ်ပေါ်အင်္ဂလိပ်စာကို ဘာသာပြန်သလား 
ဆိုတဲ့ မေးခွန်းအတွက်ကတော့ ကျောင်းတွေမှာတော့ မူရင်းစာသားတွေကိုဘဲ အသုံးပြုပြီး ခေတ်ပေါ် အင်္ဂလိပ်နဲ့ ရှင်းလင်းချက် စာအုပ်စာတမ်းတွေ ပံ့ပိုးပေးပါတယ်။


ရှိတ်စပီးယားထက်ပိုပြီး အင်္ဂလိပ်ဘာသာနဲ့ စာပေအပေါ် သြဇာလွှမ်းမိုးခဲ့တဲ့ အခြားစာရေးဆရာများ ရှိပါသလား။


တိုတိုဘဲဖြေရမယ်ဆိုရင်တော့ မရှိပါဘူး။ ရာစုများစွာ သြဇာကြီးမားတဲ့ စာရေးဆရာ မြောက်များစွာ ပေါ်ထွက်ခဲ့ပေမဲ့ ဘယ်သူ့စာပေကမှ သူ့လိုမျိုး နေ့စဉ်သုံး ဘာသာစကားတစ်ခုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မရောက်ခဲ့ပါဘူး။


ရှိတ်စပီးယားရဲ့ ပြဇာတ်တွေဟာ ပူဆွေးသောကတွေ ဒါမှမဟုတ် သက်ဉ်ီးဆံပိုင် ရှင်ဘုရင်တွေရဲ့ ဘဝဆိုင်ရာတွေ အကြောင်းတွေဘဲလို့ ကမ္ဘာက သိထားပါတယ်။ သူ့ရဲ့ အခြားလက်ရာတွေ ဥပမာ ဟာသနဲ့ အခြားအမျိုးအစားတွေ ရှိပါသလား။


ရှိတ်စပီးယားက ဟာသပြဇာတ်တွေ၊ သမိုင်းနောက်ခံတွေနဲ့ တေးကဗျာတွေ ရေးခဲ့ပါတယ်။ နောက်ပြီး တစ်ချို့ပြဇာတ်တွေ ဥပမာ The Tempest လိုမျိုး ပြဇာတ်ဆိုရင် ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ ပြောရခက်ပါတယ်။ တစ်ချို့ကတော့ ပူဆွေးမှုတွေနဲ့ ဟာသ tragicomedies ဒါမှမဟုတ် အချစ်ဟာသ romantic comedies ဆိုပြီးအမျိုးမျိုးသတ်မှတ်ကြပါတယ်။ သူက ဟာသပြဇာတ်များစွာ ရေးခဲ့ပါတယ်။ သူ့ပြဇာတ်တွေကို အကြမ်းအားဖြင့် အုပ်စု သုံးမျိုးခွဲခြားနိုင်ပါတယ်။ historic သမိုင်းနောက်ခံ၊ tragedy ပူဆွေးသောကနဲ့ comedy ဟာသတို့ပဲဖြစ်ပါတယ်။ အဲ့ဒီအမျိုးအစားတွေကို ဒီမှာကြည့်နိုင်ပါတယ်။

http://www.opensourceshakespeare.org/views/plays/plays.php


ရှိတ်စပီးယားက compound noun တွေသုံးတဲ့ ပထမဦးဆုံး စာရေးဆရာဖြစ်ခဲ့တယ်လို့ ဖတ်ခဲ့ရပါတယ်။ အဲ့ဒါမှန်ပါသလား။


သူက compound noun တွေကို ပထမဆုံးသုံးခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ compounding ဟာ ရှေးဟောင်းအင်္ဂလိပ်စာမှာတည်းက ရှိခဲ့တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အင်္ဂလိပ်ဘာသာမှာတင် ကျန်ရစ်စေမယ့် compound noun အသစ်တွေ အများကြီး တီထွင်ခဲ့ပါတယ်။


ရှိတ်စပီးယားရဲ့ မျိုးဆက်တွေ ယနေ့တိုင် သက်ရှိထင်ရှား ရှိသေးလား။


မရှိပါဘူး။ သူ့ရဲ့ တစ်ဦးတည်းသောသားလည်း ကွယ်လွန်သွားခဲ့တယ်။ သူ့သမီးနှစ်ယောက်မှာလည်း တစ်ယောက်က သားသမီး မထွန်းကားခဲ့ဘူး။ နောက်တစ်ယောက်ရဲ့ ကလေးတွေလည်း အကုန်သေဆုံးသွားခဲ့တယ်။ ဒါဟာ ဝမ်းနည်းစရာဘဲပေါ့။ Elizabethan ခေတ်တုန်းက ပြဇာတ်လောက လူနေမှု ပုံစံက ပွင့်လင်းလွတ်လပ်တာမို့ သူ့မှာ အခြားတရားမဝင် ကလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ခိုင်လုံတဲ့ သဲလွန်စ တစ်စုံတစ်ရာ မရှိဘဲနဲ့တော့ ဒီအချက်ကို အတည်ပြုနိုင်မှာ မဟုတ်ပါဘူး။


ရှိတ်စပီးယားရဲ့ စာအုပ် ဘယ်နှစ်အုပ် ထွက်ခဲ့သလဲ ပြောပြလို့ရမလား။


အားလုံးလက်ခံထားတဲ့ အရေအတွက်ကတော့  ၃၈ အုပ် (ပူးတွဲရေးသားထားတာ အပါအဝင်) ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဇာတ်နှစ်ပုဒ်ဖြစ်တဲ့ King Edward III နဲ့ Sir Thomas More အပါအဝင် အခြားပြဇာတ်တွေကိုလည်း သူရေးခဲ့တာလား ဒါမှမဟုတ် ပူးတွဲ ရေးခဲ့တာလားဆိုတာ စူးစမ်းမှုလုပ်တုန်း ရှိပါတယ်။ အောက်မှာတော့ ဒီအငြင်းပွားမှု ဥပမာတွေ တစ်ချို့ကို ဝင်ကြည့်နိုင်ပါတယ်။

https://l.facebook.com/l.php?u=http%3A%2F%2Fwww.independent.co.uk%2Farts-entertainment%2Ftheatre-dance%2Fnews%2Ffake-shakespeare-play-double-falsehood-is-genuine-after-all-10167657.html&h=8AQGrXN4P


သူက အသက်ဘယ်လောက်မှာ ကွယ်လွန်ခဲ့သလဲ


ရှိတ်စပီးယားက ၅၂ နှစ် အရွယ်အထိ နေခဲ့ပါတယ်။ ၁၆၁၆ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ သူကွယ်လွန်ခဲ့ပါတယ်။ သူ့ကို ၁၅၆၄ ခုနှစ် အဲ့ဒီရက်စွဲမှာဘဲ (၁၀၀ % တော့ မသေချာ) မွေးဖွားခဲ့ပါတယ်။


Credit - 
Myanmar Network Forum Moderator3

Open Source URL

http://www.myanmar-network.net/m/discussion?id=3423487%3ATopic%3A1476820


Thursday, January 28, 2016

Çatalhöyük (သို့မဟုတ်) ကမ္ဘာ့ပထမဆုံးမြို့


Jericho မြို့ရဲ့မြောက်ဘက်၊ သည်နေ့ တူရကီနိုင်ငံရဲ့ အနာတိုလီယာလွင်ပြင်ထဲက ဂျုံ၊ မုယောစပါးနဲ့ ပြောင်းစိုက်ခင်းတွေကြားမှာ ထိုးထွက်နေတဲ့ တောင်ကုန်းတချို့ကိုတွေ့နိုင်တယ်။ ကျောက်ခေတ်နှောင်းပိုင်းကာလက သည်တောင်ကုန်းတွေမှာ လူထောင်ပေါင်းများစွာ မြို့တည်နေထိုင်ခဲ့ကြတယ်။ ကျောက်ခေတ်လယ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ သည်နေရာမှ အခြေချနေထိုင်ပြီး ရာစုနှစ်ပေါင်းများစွာလုပ်ကိုင်စားသောက်ခဲ့ပုံရပါတယ်။






မမြင်နိုင်တဲ့ အနာဂတ်တစ်နေ့မှာ တိုကျိုနဲ့ လန်ဒန်၊ လော့စ်အိန်ဂျလိစ်နဲ့ မော်စကိုဆိုတဲ့ မြို့ကြီးတွေပျောက်ဆုံးပြီး နှောင်းလူတွေလည်း သည်မြို့တွေတည်ရှိခဲ့တယ်ဆိုတာကို မေ့သွားပါလိမ့်မယ်။ စဉ်းစားကြည့်ပါ။ မော်တော်ကားလမ်းတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေအားလုံးဟာ မြေကြီးထဲမှာ ရုပ်ကြွင်းအဖြစ်ပဲကျန်ပြီး အဲသည်မြို့တွေတည်ရှိခဲ့တဲ့နေရာမှာ တောင်ကမူကလေးအချို့ရယ်၊ မြေအောက်မှာမြုပ်နေတဲ့ နံရံအချို့ရယ်၊ စိမ်းညှို့ရောင်ရေညှိတွေရယ်ပဲ တွေ့ရပါလိမ့်မယ်။

ခုပြောခဲ့တာကို စဉ်းစားကြည့်ဖို့တောင်ခက်နေမယ်ဆိုရင် ကမ္ဘာ့ပထမဆုံးသောမြို့တွေ ပျောက်ဆုံးသွားခဲ့တယ်ဆိုတာကို နားလည်နိုင်ပါလိမ့်မယ်။ တချို့သော ရှေးခေတ်မြို့တွေဟာ သည်နေ့လူတွေနေထိုင်နေတဲ့ မြို့တစ်ချို့ရဲ့ မြေကြီးအောက်မှာရောက်ကုန်ပါပြီ။

အနာတိုလီယာလွင်ပြင်မှာရှိတဲ့Çatalhöyük တောင်ကုန်းတွေကို ဗြိတိန်ကရှေးဟောင်းသုတေသနပညာရှင်တွေက အစကနဦးတူးဖော်ခဲ့ကြတယ်။ ရှေးလူတွေ စိုက်ပျိုးရေးအတတ်ကိုတတ်မြောက်လာပြီးနောက်မှာ သူတို့ဘဝတွေဘယ်လိုပြောင်းသွားလဲဆိုတာ သည်တူးဖော်တာကနေ သက်သေအထောက်အထားတွေပေးခဲ့တယ်။

သည်နေ့ Çatalhöyük ဆိုတဲ့နေရာဟာ ရှေးဟောင်းရုပ်ကြွင်းအချို့တူးဖော်တွေ့ရှိထားတာကို လာရောက်လေ့လာသူတွေကြည့်လို့ရအောင် ခေါင်မိုးတွေထိုးပြီး ပြထားတဲ့နေရာလေးတွေသာဖြစ်တယ်။ ဘာနဲ့တူသလဲဆိုတော့ ရုပ်ရှင်ဆက်တင်ဆင်ထားတာနဲ့တူပါတယ်။ သည်နေရာဟာ ရောမမြို့၊ အန်ကောဝပ်တို့လောက်လူသိမများပါဘူး။ ဒါပေမယ့် လူ့သမိုင်းဖြစ်စဉ်မှာတော့ ဆတူနီးနီး တန်ဖိုးကြီးပါတယ်။





Catalhoyuk မှာရှိတဲ့ အဆောက်အအုံတွေကို လွန်ခဲ့တဲ့ နှစ် ၇၇၀၀ ကနေ ၉၅၀၀ လောက်ကဆောက်ခဲ့တာဖြစ်တယ်။ သူတို့မှာ နံရံတံတိုင်းဆိုတာ မရှိဘူး။ အဆောက်တစ်ခုနဲ့တစ်ခုဟာလည်း ပုံစံတူပါပဲ။ ဘယ်အဆောက်အုံကပိုပြီး ကြီးကျယ်ခမ်းနားတယ်ဆိုတာမရှိဘူး။ အုပ်ချုပ်သူလူတန်းစားမရှိ၊ စစ်သူရဲကောင်းဆိုတာမရှိ၊ တရားဟောဆရာလည်းမရှိ၊ အခိုင်းအစေလူတန်းစားလည်းမရှိဘူးလို့ဆိုပါတယ်။ သာတူညီမျှလူအဖွဲ့အစည်းအဖြစ်တည်ရှိခဲ့တယ်။ တခြားဖက်ကကြည့်ရင်တော့ သူတို့အိမ်တွေက ခေတ်ဆန်တယ်လို့ပြောနိုင်တယ်။ မီးဖိုခန်း၊ ဧည့်ခန်း၊ စတိုခန်း နဲ့ အိပ်ခန်းတွေဆိုပြီးသီးသန့်ခွဲထားတယ်။ အိမ်တွေကို သန့်ရှင်းအောင်ထားပြီး နံရံနဲ့ ကြမ်းခင်းတွေကို ဖြူအောင် ပုံမှန်ဆေးသုတ်ကြတယ်။ ချာတယ်ဟျူ တစ်ဝိုက်လမ်းလျှောက်ကြည့်ရင် အထူးအဆန်းသိပ်ဖြစ်နေမှာမဟုတ်ပါဘူး။ သူတို့နေတဲ့အိမ်တွေက အခုခေတ် လူနေတိုက်ခန်းတွေ၊ တန်းလျားတွေနဲ့ အရွယ်အစားတူတူပါပဲ။ သူတို့နေအိမ်တွေက နည်းနည်းတောင်ပိုကြီးပုံရပါတယ်။

ဒါပေမယ့် သူတို့ရဲ့မြို့က ကျွန်တော်တို့ခုမြင်ဖူးတဲ့ မြို့တွေနဲ့မတူပါဘူး။ ချာတယ်ဟျူမှာ လမ်းမရှိဘူး။ အပန်းဖြေစရာနေရာမရှိဘူး။ ပြည်သူ့အဆောက်အအုံဆိုတာလည်းမရှိဘူး။ ပျားအုံနဲ့တူတဲ့ သူတို့အိမ်တွေမှာ တံခါးပေါက်က ခေါင်မိုးမှာရှိတယ်။ အိမ်ထဲကိုဝင်ချင်ရင် ခေါင်မိုးပေါက်ကနေ လှေကားချပြီးဝင်ရတယ်။ ပုံစံက လူလုပ်ဂူထဲကိုဝင်ရတဲ့အနေအထားနဲ့ဆင်တယ်။ သူတို့တွေအချင်းချင်း တစ်အိမ်နဲ့တစ်အိမ်ဆက်ထားတဲ့ ခေါင်မိုးတွေပေါ်မှာပဲ တွေ့ကြဆုံကြစကားပြောကြတယ်။ ခေါင်မိုးတွေပေါ်မှာမှ နေရောင်ကနေကွယ်ဖို့ အမိုးအကာတွေလည်းရှိခဲ့ပုံရပါတယ်။

အိမ်တွေပြန်ပြင်ပြန်ဆောက်တဲ့အခါမှာတော့ ရှိပြီးသားကိုဖြိုချဖျက်ဆီးပြီး အပျက်အစီးပေါ်မှာထပ်ဆောက်တယ်။ လူလုပ်သန္တာကျောက်တန်းလို့တင်စားရအောင်တစ်ခုပေါ်တစ်ခုဆင့်ထားတာကိုတွေ့ရတယ်။ အခန်းထဲမှာ ကျွဲရိုင်းခေါင်းတွေ၊ ကျားသစ်ပန်းချီတွေ၊ အမျိုးသမီးတွေနဲ့ တိရစ္ဆာန်တွေရဲ့ ရွှံ့စေးရုပ်တုတွေနဲ့တန်ဆာဆင်ထားတယ်။





ထွန်ယက်ဖို့ကောင်းတဲ့စိုက်ပျိုးမြေ၊ စမ်းချောင်းနဲ့ ရေအိုင်၊ ငါး နဲ့ ငှက်တွေကိုတည်မှီပြီး သူတို့နေထိုင်ခဲ့ကြတယ်။ မြို့အပြင်ဘက်မှာတွေ့ရတဲ့ တချို့အပိုင်းအစတွေအရ ဝက်၊ ငန်း၊ သိုး၊ ငါး၊ မုယောစပါးနဲ့ ပြောင်းတွေကိုစားပြီး ကောင်းကောင်းနေနိုင်ခဲ့တယ်လို့ ဆိုနိုင်တယ်။

အထူးခြားဆုံးကတော့ Çatalhöyük မှာ လူသေရင် မြေမြှုပ်တဲ့ပုံစံပါပဲ။ လူ့အလောင်းခန္တာကိုယ်ကို ကွေးပြီး သူတို့အိမ်ရဲ့ ကြမ်းခင်းအောက်မှာ၊ ဒါမှမဟုတ် မီးဖိုအောက်မှာ နဲ့ အိပ်ခန်း ကြမ်းပြင်အောက်မှာ မြှုပ်တယ်။ အလောင်းတွေကို သန့်ရှင်းအောင် လင်းတတွေကိုအရင်ကျွေးပြီးမှ မြှုပ်တယ်လို့ အရင်ကပညာရှင်တွေက ယူဆခဲ့ပေမယ့် မမှန်ပါဘူး။ တကယ်က အလောင်းတွေကိုသည်အတိုင်း အိမ်ထဲမှာမြှုပ်လိုက်ပြီး လူသေပုပ်အနံ့တွေကို သူတို့ ကရင်းနှီးနေပြီးသားလို့ပဲယူဆရတယ်။ တချို့ကတော့ သေပြီးသူရဲ့ ခေါင်းကို ဖြတ်ပြီး ပတ်တီးစီး၊ ဆေးသုတ်ပြီး အိမ်ထဲမှာပဲ သိမ်းထားတယ်။ ဖြစ်နိုင်တာကတော့ အဲသည်ခေါင်းတွေက တစ်ချိန်က သူတို့ရဲ့အိမ်ထောင်ဦးစီး ဒါမှမဟုတ် အရေးပါတဲ့လူတွေရဲ့ခေါင်းတွေပဲဖြစ်တယ်။ သူတို့အိမ်မှာ ခေတ်အဆက်ဆက်သေခဲ့တဲ့သူတွေရဲ့ အလောင်းကိုပြန်ဖော်၊ ဦးခေါင်းကို မွမ်းမံ ပြီး ပြန်မြှုပ်တယ်။ နေအိမ်တစ်အိမ်မှာ အနည်းဆုံး လူ့ခန္ဓာကိုယ် ၆၀ ထက်မနည်းရှိပါတယ်။

Çatalhöyük ကို တစ်မူကွဲပြားတဲ့ လူ့အဖွဲ့အစည်းအဖြစ် တစ်ဖက်ကနေမြင်နိုင်တယ်။ လူ့အဆင့်အတန်းခွဲခြားမှုတွေ၊ စစ်ဘုရင်တွေ၊ အကြီးအကဲတွေ နဲ့ ဧကရာဇ်တွေ မပေါ်ခင်က ပေါ်ထွန်းခဲ့တဲ့ တန်းတူညီမျှလူ့အဖွဲ့အစည်းတစ်ခုအဖြစ်တည်ရှိခဲ့တယ်။Çatalhöyük လေ့လာသူတွေကတော့Çatalhöyük ဟာ ညီမျှတဲ့လူ့အခွင့်အရေးအပြည့်ရှိတဲ့၊ အမျိုးသမီးတွေကို မနှိမ်ချခဲ့တဲ့၊ စစ်ပွဲတွေမရှိခဲ့တဲ့၊ ရုပ်ဝတ္ထုပစ္စည်းနဲ့ဂုဏ်ပကာသနတွေနည်းပြီး မိသားစုတွေငြိမ်းချမ်းစွာ၊ သင့်တင့်လျောက်ပတ်စွာနေခဲ့ကြတဲ့ ဧဒင် ဥယျာဉ်လို့တောင်တင်စားနေကြပါတယ်။

(လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ လောက်ကစပေါ်ထွန်းခဲ့တဲ့ Çatalhöyük ဟာ နှစ်ပေါင်း ၁၄၀၀ လောက် တည်ရှိခဲ့ပြီးမှ တိမ်ကောသွားခဲ့ပါတယ်။)

(Andrew Marr ရေးသားတဲ့ A History Of The World စာအုပ်မှ ကောက်နုတ်ဘာသာပြန်ထားတာဖြစ်ပါတယ်)

Aung Paing Phyoe
(Glasgow, United Kingdom)

Open Source URL

http://www.myanmar-network.net/m/discussion?id=3423487%3ATopic%3A1467496


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - 

http://www.myanmar-network.net/page/index-of-articles-and-english-lessons

Monday, January 18, 2016

အိမ် အလွမ်း


Photo Credit - မူလပိုင်ရှင်

ချယ်ရီပန်းတွေ 

ဖူးပွင့်ဝေ၍

နောက်ထပ်တစ်ကြိမ်

မြေထက်ကြွေလည်း

ငါနေထိုင်ရာ

ငါ့မြို့ရွာသို့

ငါမရောက်နိုင်

အိမ်ပြန်ချိန်...။

ကိုစိုင်းငယ်(တောင်ကြီး)
18.01.2016(9:20AM)

Photo Credit - မူလပိုင်ရှင်

Sunday, January 17, 2016

ညီမလေးအတွက် အတွေးလက်ဆောင်



ညီမလေးရေ...

နှစ်ကိုယ်တူ ကြည်ဖြူ

စိတ်တူကိုယ်တူ ဘဝအိမ်ကို 
တည်ဆောက်ကြတဲ့အခါ
နှစ်ယောက်စလုံး သစ္စာထားနိုင်မှ
ဘဝအိမ်က ပိုခိုင်တာ။

အဲဒီ အိမ်ဆောက်ပြီးတာနဲ့ မပြီးသေးဘူး

လောကဓံမြစ်ကြီးကို ဖြတ် 
ရှေ့ခရီးဆက်ဖို့ တံတားတစ်ခု
တည်ဆောက်ကြရဦးမယ်။

တံတားတည်ဆောက်တဲ့အခါ

သစ္စာတရားတစ်ခုထဲနဲ့ မလုံလောက်ပြန်ဘူး။

ချစ်ခြင်းမေတ္တာတရားတွေကပါ

ဝင်ပြီး ထောက်ကူမှ ရတယ်။

ညီမလေးရေ...

သစ္စာထားနိုင်လေ 
ဘဝအိမ်လေး ခိုင်လေ။

သစ္စာတရားရော မေတ္တာတရားပါ

ပေါင်းစည်း ထောက်ကူထားနိုင်လေ
ရှေ့ခရီးဆက်ရမယ့်
တံတားလေး ခိုင်လေပေါ့။

ဒါနဲ့ ပြီးပြီလား

မပြီးသေးဘူး ညီမလေးရ...။

နောက်ဆုံး

အချက်တစ်ချက်ကျန်သေးတယ်။

ဘာလဲဆိုတော့...

အတိတ်က သံသယတွေကို 
လက်ထဲဆုပ်ကိုင်ပြီး
အနာဂတ်ခရီးမှာ
အတူတူ ခေါ်မလာမိစေဖို့ပေါ့။

ညီမလေးရေ...

ကိုကြီး ရေးလိုက်တဲ့
အတွေးစာ ဒီလောက်ပါပဲကွာ။

ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတွေနဲ့

ဘဝကို အခိုင်အမာတည်ဆောက်...
သံသယမပါတဲ့
တစ်ယောက်လက်ကို တစ်ယောက်တွဲ...
အသက်ဆုံးထိ ခိုင်မြဲကြပါစေ။

ညီမလေးရဲ့ ကိုကြီး...


ကိုစိုင်းငယ်(တောင်ကြီး)
07.01.2015(10:20PM)

Thursday, January 14, 2016

တစ်ခါကနွေ ... သို့ ...



နွေရဲ့ အငွေ့အသက်တွေကို
လှမ်းမြင်နေရပြီ နွေ...။

ဟိုး...
တစ်ဘက်ကမ်းမှာ
ခမ်းခြောက်သွားတဲ့ အနမ်းတွေဟာ
အလွမ်းအဖြစ်
ပက်ကြားအက်ခဲ့ပေါ့။

နွေ...
ပူလောင်ခြင်းကင်းတဲ့
သီချင်းတွေ ဆိုညည်းလို့
ရှေ့ဆက်
အောင်မြင်သည်ထက် 
ပိုပြီး အောင်မြင်ပါစေ။

လေအတိုက်မှာ
ကြွေသွားတဲ့ သစ်ရွက်သေတွေလို
မင်းစိတ် မလေပါစေနဲ့။

နွေ...
တစ်ခါတစ်လေ
ငါ့ကို သတိရပေးပါ။

တစ်ခါတစ်လေလေးပါ နွေ...။

ကိုစိုင်းငယ်(တောင်ကြီး)
13.01.2016(3:14PM)


Tuesday, January 12, 2016

သက်မဲ့မြစ်


လေအေးတွေပဲ တိုက်နေတယ်။ လေထုထဲမှာ စီးမျောပါလာ တတ်တဲ့ ‘ရနံ့’ တွေနဲ့ဆိုတော့ သာယာလိုက်တာ။ ယူကလစ်ပင် ကြီးတွေဆီက ယူကလစ်နံ့၊ အိမ် အဝင်ဝမှာရှိတဲ့ လိမ္မော်ပင်က ပွင့် နေပြန်တော့ မွှေးပျံ့တဲ့ရနံ့တွေ၊ သန့်ရှင်းလတ်ဆတ်တဲ့ လေပြည်ထဲ မှာ ကြည်နူးလန်းဆန်းစေတဲ့မြို့ပါ။ ရောက်ဖူးခဲ့တဲ့မြို့ရွာတွေမှာ သူ့သဘာဝနဲ့သူ လှတာချည့်ပဲ။ သာယာတာချည့်ပါပဲ။ ဟိုးတုန်းက နွေရာသီကျောင်းပိတ်ရက်မှာ ပုဂံ ကို ဘုရားဖူးသွားကြတော့ ပူလိုက် တဲ့နေ။

ထီးဆောင်းထားတာတောင် မှ ခြေဖမိုးမှာပူလို့၊ ကျက်လို့။ ဒါပေမဲ့ထနောင်းရိပ်မှာ ခိုရင်း၊ နွေ လေလေးအသုတ်မှာ ချက်ချင်းဆို သလိုအေးမြသွားတာပေါ့။ နွေလေ နဲ့အတူ ခေါ်လာတတ်တဲ့ ရွက်ကြွေ တွေကို ခရုပတ်လိုခွေသွားစေတဲ့ လေပွေငယ်လေးတွေကလည်း ဆန်းလိုက်တာ။ လေပြည်ထဲမှာ ‘တရှူးရှူးတရှားရှား’   မြည်နေတဲ့ ထန်းပင်တွေဟာ သဘာဝတေး တစ်ပုဒ်ကို ဆိုညည်းပြီး လေဟုန်စီး ယိမ်းအကကိုကလို့နေတော့ ကြည့် လို့ကောင်းပြန်ပေါ့။

ပူတယ် အေးတယ်လို့ သတ်မှတ်ချက်တွေကလည်း လိုရာဆွဲပြီး တွေးယူနေကြတဲ့ လောကကြီးထဲ မှာ အေးတဲ့ဆောင်းဆို နွေကို တမ်းတကြ။ နွေကျတော့လည်း ပူလိုက်အိုက်လိုက်တာ၊ မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက်ကျလိုက်စမ်းပါ။ မိုးရာသီမှာ မိုးတွေစွေပြန်တော့၊ စိုတိစိုစွတ်အေးနေတာကို လက် မခံချင်ပြန်ဘူး။ အေး မယ့်အေး တော့ နှင်းကလေးတွေနဲ့ဆောင်းက ပဲ ကောင်းနေသယောင်ယောင်။ ခါတော်မီပင်ကြီးကို မော့ကြည့်ရင်း နဲ့ရောက်တတ်ရာရာတွေကို ကျွန်မ တွေးနေမိ တယ်။ သည်နေ့က ရုံး ပိတ်ရက်ဆိုတော့ အမေနဲ့ဘုရားဖူး ထွက်ကြမလို့လေ။ အမေက အိမ် အပြင်ကို ထွက်မလာသေးပါ။

ကျွန်မ သည်မြို့ကိုပြောင်းလာ ခဲ့တာ တစ်ပတ်ပဲရှိသေးတယ်။ ဂျူတီဝင်လို့ သုံးရက်မြောက်နေ့မှာ ဌာနကြီးတစ်ခုက ပြည်နယ်ညွှန် ကြားရေးမှူးအဆင့် ပြောင်းရွှေ့   နှုတ်ဆက်ပွဲရှိလို့တက်ရတာ။ ဘယ် ဌာနက ဘယ်နေရာမှာ ရှိမှန်းမသိ တော့ ရုံးက ကားဒရိုင်ဘာအားကိုး နဲ့ သွားရတယ်။ အဲဒီနှုတ်ဆက်ပွဲက အပြန်မှာ ဒရိုင်ဘာက ”ဒါ.. ဆုတောင်းပြည့်ဘုရားဗျ။ ဆု တောင်းလည်း ပြည့်တယ်။ ရှုခင်း လည်း ကောင်းတယ်။ ဝင်ပြီးဖူးပါဦး လား’ ပြောလို့ဝင်ဖူးခဲ့တာမို့ ဒီနေ့ တော့ ကိုယ်ရောက်ဖူး တဲ့ဘုရားကို အမေဖူးဖို့ လိုက်ပို့ဖြစ်ခဲ့တာပါ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ရယ်လို့ ကောင်ကောင်းမသိ ပေမဲ့ စိတ်နဲ့တိုက်ပြီးမှတ်ထားတဲ့ လမ်းတွေအတိုင်း လာခဲ့တာ။ ရှေ့မှာ ဘုရားမုခ်ဦးကို မြင်ရပြီ။

”နောက်ထပ် သုံးနှစ်ကြီးများ တောင်နေရဦးမှာ အမေ။ တဖြည်း ဖြည်းတော့ အခြားဘုရားပုထိုးတွေ ကိုလည်း သိလာမှာပါ”လို့ အမေ့ ကိုပြောရင်း ဘုရားမုခ်ဦးရှေ့က ဆိုင်မှာ ဆိုင်ကယ်ကိုအပ်ခဲ့ပြီး တော့ အမေ့နောက်ကို လိုက် အလာ၊ ဆိုင်ကယ်ရှေ့ခြင်းထဲမှာ ကျန်နေတဲ့ ပိုက်ဆံအိတ်ကို သတိ ရမိတော့ ပြေးပြီးယူရပြန်ရော။

အမေက ဘုရားဆင်းတုတော် ရှေ့မှာရှိခိုးနေပြီ။ ကျွန်မရောက် အသွားမှာတော့ အမေက ကန် တော့ပြီးအထ ကျွန်မက အထိုင်။ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ သပ္ပာယ်လှတဲ့ မျက်နှာတော်ကို ဖူးတွေ့ပြီး ကန်တော့လိုက်ပါတယ်။ ပြီးတော့…အသင့်ဝယ်လာတဲ့ ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေ ကို အိတ်ထဲကထုတ်ပြီး မီးညှိ။ ကပ်လှူပူဇော်တယ်။ ဘုရားရှိခိုး ကန်တော့ပြီး ဆုတောင်းအမျှပေး ဝေလိုက်ပါတယ်။ အခုလောက်ဆို ရင် အမေတစ်ယောက်၊ သည်စေတီ ကိုလှည့်ပတ်ပြီး ကြည်ညိုေ န လောက်ပြီလို့ ကျွန်မထင်တယ်။

ဘုရားပရဝဏ်ထဲမှာ အမေ့ ကို ကျွန်မလိုက်ရှာတော့ စေတီရဲ့ ညာဘက်မြစ်ကမ်းကိုစီးပြီး မြင်ရ တဲ့ တံတိုင်းဘက်မှာ ရပ်နေတာကို တွေ့ရတယ်။ အဲဒီဘက်မှာ ဧရာ ဝတီမြစ်ကြီးစီးဆင်းနေမယ်။ ပြီး တော့ အဝေးတစ်နေရာမှာ ဗလ မင်းထင်တံတားကြီးရှိနေမှာပါ။ အမေရှိရာကို ဣနြေ္ဒရရနဲ့လှမ်းပြီး သွားလိုက်တော့..သိပ်ပြီး အံ့သြ စရာကောင်းတဲ့မြင်ကွင်း။ ရင်ထဲ ဘာကြောင့်မှန်းမသိ ‘ဒိတ်’ခနဲဖြစ် သွားစေတဲ့မြင်ကွင်း။ အမေ့ရဲ့ဘေး မှာ အမေ့အရွယ်လူကြီးတစ် ယောက်ရပ်နေတယ်။ အမေ့ရဲ့
အုတ်ဘောင်ပေါ်တင်ထားတဲ့ လက်ကို အဲဒီလူကြီးကဆွဲယူလိုက် သလားလို့။ ဟုတ်တယ်။ အမေ့ရဲ့ ဘယ်ဘက်လက်ချောင်းလေးတွေ ကို အဖြားဆွတ်ကိုင်ပြီး ကြည့်နေ တယ်။ အမေ့လက်သြူ<ွကယ်က လက်စွပ်ကလေးကိုလား။

သူတို့နဲ့ ကျွန်မ ဘာမှမဝေး ဘူး။ အလွန်ဝေးလှ ခြေလှမ်းနှစ် ဆယ်၊ ဒါမှမဟုတ် သုံးဆယ်ပေါ့။ မျက်ဝါးထင်ထင် မြင်နေရတဲ့မြင် ကွင်းဟာ ကျွန်မကို တုန်လှုပ်သွား   စေတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးရယ်နေ လိုက်ကြတာ။ အထူးသဖြင့် ကျွန်မ တစ်သက်တာမှာ အမေ့မျက်နှာက သည်အပြုံးမျိုးပြုံးတာ တစ်ခါမှ မမြင်တွေ့ဖူးတဲ့အပြုံး။ ကျွန်မ သူတို့ရှိရာကိုမသွားတော့ပါ။ ငေး မိငေးရာ အဝေးတစ်နေရာဆီကို ငေးကြည့်နေမိတယ်။ တကယ် တော့လည်း ကျွန်မဟာ ဟန်ဆောင် ပြီး ငေးကြည့်နေတာပါ။

ရှေ့က ရှုခင်းဆိုလို့ ဘာဆိုဘာမှမမြင်ဘူး။ မမြင်ဘဲကြည့်နေတာ။ စိတ်ထဲမှာ မြင်နေတာက အမေ့အပြုံးများ။ ကျွန်မမြင်ခဲ့ရတဲ့မြင်ကွင်းက စက္ကန့် ပိုင်း၊ မိနစ်ပိုင်းေ လာက်သာကြာတဲ့ ခဏတာမြင်ကွင်းပါ။ ပတ်ဝန်းကျင် က သည်မြင်ကွင်းကိုမြင်သည့်တိုင် စေ ထူးထူးထွေထွေမြင်ကွင်းမဟုတ် ပေမဲ့ ကျွန်မရင်ထဲမှာတော့…။

‘ သမီး…သွဲ့…” အမေ့ ရဲ့ခေါ်သံကို ကြားလိုက်တယ်။ ကျွန်မရှိရာကို အမေလာမယ်မှန်း ကျွန်မကြိုတင်ခန့်မှန်းမိပြီးသား။ မလှည့်ချင် လှည့်ချင် အမူအရာမျိုး နဲ့ အမေခေါ်ရာဆီကိုလှည့်ရင်း အမေ့မျက်နှာကို ကျွန်မကြည့် လိုက်တယ်။ အမေ့အပြုံးများက အမေ့မျက်နှာမှာ ပျက်ပျယ်၍ မသွားသေးပါ။ အမေနဲ့အတူယှဉ် ပြီးပါလာတဲ့ လူကြီးက ကျွန်မကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြ တယ်။ ပြီးတော့ ကျွန်မနဲ့အမေတို့ အနားကနေ ရှေ့ဘက်ကိုဆက်ပြီး လျှောက်သွားရော…။

အသားလတ်လတ်၊ ဥပဓိရုပ် ကောင်းကောင်းနဲ့ တည်ငြိမ်အေး ဆေးတဲ့မျက်နှာ။ ပင်နီရောင်ဖျော့ဖျော့တိုက်ပုံနဲ့ အစိမ်းရင့်ရောင် ရခိုင်လုံချည်ကို ဝတ်ဆင်ထားပုံ 
ကလည်း တကယ့်လူကြီးလူကောင်း တစ်ယောက်ပါပဲ။ သူ့ကိုကြည့်ရင်းနဲ့ ရင်းရင်းနှီးနှီးမြင်ဖူးသလိုလို။ ဘယ်မှာမြင်ဖူးတာပါလိမ့်။ ဦးနှောက်ထဲက မီမိုရီဖိုင်ကို အပြန် အလှန်အမြန်မေးပြီး တွေးနေမိ တယ်။ သိပြီ…။ ဟိုတစ်နေ့က နှုတ်ဆက်ပွဲလုပ်တဲ့ ရှမ်းပြည်နယ် ကို ပြောင်းမယ့်ညွှန်မှူးပဲ။ ကျွန်မ အမေ့ကိုစကားတစ်လုံးမှ မပြော   ဖြစ်ဘူး။ ရင်ထဲမှ ဆို့တစ်နေလို့။ အမေ့ကို အသေအချာကြည့်ပြန်တော့ ခါတိုင်းနေ့တွေထက်ပိုပြီး လှနေသလားလို့။

အမေက ကျွန်မလက်ကို လှမ်းပြီးကိုင်လိုက်တော့မှ လမ်း လျှောက်ဖို့ကို သတိရတယ်။ သား အမိနှစ်ယောက်လမ်းလျှောက်လာ ကြရင်းနဲ့ ခေါင်းလောင်းထိုးသံကြား လိုက်ရတော့ အမေ့ခြေလှမ်းတွေ က တုံ့ခနဲရပ်သွားတယ်။ ကျွန်မ လက်ကိုကိုင်ထားတဲ့ အမေ့လက် တွေက ပြေလျော့သွားရော။ ခေါင်း လောင်းထိုးသံကြားရာဆီကို အမေ လှည့်အကြည့်မှာ ကျွန်မပါလှည့် ကြည့်မိတယ်။ ခေါင်းလောင်းထိုး နေသူရဲ့နောက်ကျောကို လှမ်းပြီး မြင်နေရတယ်။ ပင်နီရောင်ဖျော့ ဖျော့တိုက် ပုံအင်္ကျီနဲ့ လူကြီးပါ။ အမေက တွေတွေလေးငေးကြည့် နေရာက သတိကို ချက်ချင်းထိန်း လိုက်ပုံပါပဲ။ ကျွန်မကိုပြုံးပြရင်း ကျွန်မလက်ကို အရင်လိုကိုင်ပြီး ဆက်လျှောက်ခဲ့ကြ ပါတယ်။

ဆိုင်ကယ်အပ်ထားတဲ့ နေရာ အရောက်၊ ကျွန်မရင်ထဲမှာ မနေ နိုင်လွန်းလို့ အမေ့ကိုဖွင့်ပြီး ပြော ဖြစ်လိုက်တယ်။ ‘အမေ..သွဲ့.. သူ့ကိုသိတယ်”။ ကျွန်မရဲ့စကားသံ က မာဆတ်ဆတ်။ တိုပြတ်ပြတ်။ အမေ့မျက်နှာကို အသေအချာ ကြည့်ပြီးတော့။ အမေ့ရဲ့မျက်လုံး တွေက လက်ခနဲ။ တုတ်ကလည်း ဆတ်ခနဲ။ ‘ဘယ်လိုလုပ် သိတာလဲ’။ ‘လွန်ခဲ့တဲ့နှစ်ရက်က သူ့နှုတ်ဆက်ပွဲ ကိုသွားခဲ့တာ။ သူက ရှမ်းပြည်နယ် မြောက်ပိုင်းကိုပြောင်းမယ့် ညွှန်မှူး ဦးတင့်ဆွေ။ အမေ့မျက်နှာက အရောင်ဖျော့ သွားတယ်။ ‘သြော်’ ..တဲ့။

အမေ့နှုတ်က ‘သြော်’လို့ပဲ ပြောတာ။ ‘ဟုတ်လား..၊ အမေနဲ့ သိတယ်။ ဘယ်တုန်းကသိခဲ့ကြတာ ..ဘာပေါ့..ညာ..ပေါ့..’လို့ မပြောဘူး။ ကျွန်မစိတ်ထဲမှာ အောင့် သက်သက်။ အဲဒီအချိန်မှာ ပဲ ‘ သမီး..သွဲ့၊ အမေနေမကောင်းဘူး။ ရင်တွေတုန်လို့”တဲ့။ ရိုင်းတာလိုလို ခက်ထန်တာလိုလိုဆိုတဲ့ ကျွန်မစိတ်ဟာ..ကြေကွဲခြင်း ဆီသို့ ဦးတည်ချက်ပြောင်းသွားရော။ အမေ့ပခုံးလေးကိုဖက်ပြီး အုတ်ထိုင်ခုံလေးမှာ ခဏထိုင်စေပြီး နားနေရတယ်။

ဘုရားကအပြန်မှာ နီးရာ ဆေးခန်းတစ်ခုကိုဝင်ပြီး အမေ့ကို ပြတယ်။ လွန်ခဲ့တဲ့လေးနှစ်ကျော်က ရင်ခေါင်းခွဲစိတ်ခဲ့တာ။ သုံးနှစ် လောက် ဆေးစွဲပြီး သောက်ခဲ့ရတာ။ ပြီးတော့ သောက်ခဲ့ရတဲ့ဆေးအမျိုး အစားတွေပါပြောပြတော့ ဆရာ ဝန်က အသေအချာစမ်းသပ်ပေးပါ တယ်။ အမေသောက်ခဲ့တဲ့ဆေးတွေ က ဖြတ်ထားလို့မ သင့်ဘူးတဲ့။ ဆေးအညွှန်းတွေအတိုင်း ဆက်ပြီး သောက်ဖို့မှာတယ်။ အမေ ဒီနေ့ အိပ်ရာဝင်စောတယ်။ အိပ်ပျော် နေတဲ့အမေ့မျက်နှာကို ကျွန်မ အသေအချာကြည့်နေ မိတယ်။ စေ့စေ့ကြည့်လေ အမေ့မျက်နှာက ပြုံးနေတယ်လို့ ထင်ရလေပါပဲ။

***

အခုတလောမှာ ကျွန်မ အလုပ်ဝင်ချိန်တွေစောတယ်။ အလုပ်ဝင်စမို့၊ အရှိန်မရသေးတာ ရယ်၊ ဒီမှာရှိတဲ့ဝန်ထမ်းတွေ၊ ဒေသ အခြေအနေတွေကို မကျွမ်းဝင် သေး တာလည်း ပါတယ်။ ဆက် သွယ်ရေးခက်ခဲတဲ့မြို့နယ်တွေဆီ က စုပြုံပြီးတက်လာတတ်တဲ့အလုပ် တွေကြောင့်လည်း တစ်ခါတစ်ရံ မှာ အလုပ်တွေက ပုံကုန်ရော။ ဒီနေ့ အစီရင်ခံစာတစ်စောင် ရေးနေတာ။ စုဆောင်းထားတဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်း တွေက သေချာဖို့လိုတယ်။

ဂဏန်းတွက်စက်ကိုလှမ်းပြီး အယူမှာ ရေနွေးသောက်တဲ့ ဖန်ပန်းကန်လုံးလေးကို တံတောင် ဆစ်နဲ့တိုက်မိသွားတယ်။ စားပွဲခုံ ပေါ်ကနေ လိမ့်လိမ့်…လိမ့်လိမ့် နဲ့ လိမ့်သွားလိုက်တာ လက်နဲ့လှမ်း ပြီး ဖမ်းလိုက်ပေမဲ့ မမီလိုက်တော့ ဘူး။ စားပွဲစွန်းကနေ အောက်ကို ကျသွားပြီ။ ‘ချွမ်း’ဆိုတဲ့ကျကွဲသံ ပေါ်လာလိမ့်မယ်လို့ စိုးရိမ်စွာနဲ့ နားစွင့်နေတုန်း။ ‘ဘုတ်’ခနဲ အသံ ထွက်လာတော့။ ကြမ်းပြင်ပေါ်မှာ ပုံထားတဲ့ ဖိုင်တွေပေါ်ကို ကျသွား တာပဲလို့ သိလိုက်တယ်။ တော် သေးတာပေါ့။

အလုပ်လုပ်နေရာက ထပြီး ပန်းကန်လုံးကျသွားတာကို သွား ကောက်မိတယ်။ ပန်းကန်လုံးက ကွဲမသွားပါဘူး။ ဒါပေမဲ့အက်တော့ အက်သွားတယ်။ အက်သွားတာ ဆိုတော့ မကောင်းတော့ဘူး။ လွှင့် ပစ်လိုက်ရမလား။ လွှင့်ပစ်ရအောင် ကလည်း သုံးမယ်ဆိုရင်သုံးလို့ ရသေးတယ်။ အက်သွားတယ်ဆို တာက တစ်သားတည်းမ ဟုတ် တော့ပေမဲ့ အလုံးအထည်အရ ကွဲပြားခြားနားသွားတာမျိုး မဟုတ် ပြန်ဘူး။ သီးခြားရပ်တည်မှုနှစ်ခု ထိစပ်နေတာ။ ထိစပ်နေတော့ အလုံးအထည်တစ်ခု   ဖြစ်တည်နေ ပြန်ရော။

ကျွန်မကိုယ့်ကိုယ်ကိုယ် စိတ် မရှည်တော့ဘူး။ ‘ငါ့နှယ်နော်..ပန်းကန်လုံးအက်တဲ့ကိစ္စများ ရေကြီးခွင်ကျယ်လုပ်လို့’ နှုတ်က ထုတ်ပြီး ညည်းမိတယ်။ စားပွဲမှာ ပြန်ထို င်တော့လည်း ဒီအက် ကြောင်းကိစ္စက စိတ်ထဲမှာပေါ်လာ ပြန်ရော။ ဘာလို့လဲ။ အမေ့ကို သတိရသွားလို့။ အမေ… ဒီအက်ကြောင်းကိစ္စကို လေးလေး နက်နက်တွေးေ နတာဟာ အမေ့ ကြောင့်။

စိတ်တွေက ပျံ့..ပျံ့သွား တယ်။ ပျံ့သွားတဲ့စိတ်ကိုထိန်းရင်း အလုပ်တွေထဲကို အာရုံစိုက်ပြီး ဖိ လုပ်နေမိတယ်။ ပျံ့သွားတဲ့စိတ်တွေ က တခြားတော့မဟုတ်ပါဘူး။ အတိတ်ရဲ့ပုံရိပ်ဆိုတဲ့ ကျွန်မတို့ ငယ်ငယ်က သတိမထားမိတဲ့ အချက်တွေဟာ အခုတော့စဉ်းစား စရာဖြစ်လာခဲ့ပြီ။ အဖေနဲ့အမေ အိမ်ထောင်ကျတဲ့အကြောင်းကို အဘွားက ပြောပြဖူးတယ်။ အဲဒီ တုန်းက နားထောင်ရုံပဲ။ မှတ်ထား ရုံပဲ လို့ထင်ခဲ့မိတာ။ ကျွန်မအဖေရဲ့ အဖေ (ကျွန်မတို့အဖေကြီး)က ပွဲရုံ လုပ်ငန်းတွေလုပ်တာ၊ အဖေက ဘွဲ့ရပြီးတော့ လက်ငုတ်လက်ရင်း ဖြစ်တဲ့ အိမ်ကပွဲရုံမှာပဲ ဝင်လုပ်တာ တဲ့။ ”သမီးတို့အဖေပေါ့အေ၊ မန္တလေးက သမီးတို့အမေရဲ့ အဖေ ဆီကိုသွားပြီး ပို့ထား တဲ့ကုန်နဲ့ စာရင်းတွေကို ရှင်းဖို့သွားတာ။ မန္တလေးကအပြန်မှာ စာရင်းတွေ လည်း ရှင်းခဲ့ပါရဲ့။ စာရင်းအသစ် တစ်ခုလည်း ထပ်တိုးလာတာပါပဲ။

သမီးတို့အမေကိုတွေ့ခဲ့တာ။ အဲဒါ အခုကြောင်းလမ်းပေးစမ်းပါ။ အခု..တောင်းပေးစမ်းပါနဲ့။ ငါ့ယောက်ျားခမျာ သူ့သူငယ်ချင်း မန္တလေးကပွဲစားကြီးကို ဇွတ် အတင်းနား ချပြီး တောင်းပန်ရ တယ်။ ဟိုကလည်း အကြောင်း ပေါင်းသိသူတွေဆိုတော့ လက်ခံ သဘောတူပါတယ်။ သဘောတူ တယ်ဆိုတဲ့ အသံကြားကာရှိသေး တယ် ဒီကနေ ရက်ရွေး၊ ဖိတ်စာ ရိုက်ပြီး ချက်ချင်းဆိုသလိုပဲ သွား ပြီးတောင်းကြရမ်းကြ။ မင်္ဂလာပါ ဆောင်ခဲ့ကြသတဲ့တော်။ သတို့သား အမေဖြစ်တဲ့ကျုပ်က တိုက်ဖွိုက်ဖြစ် နေလို့ မလိုက်နိုင်ခဲ့ဘူး။ သမီးတို့ အမေကို တစ်ပါးတည်း  ခေါ်ခဲ့ကြ တာ။ ‘အလိမ္မာအိမ်ပါ’ဆိုတဲ့ စကား ပုံလိုပေါ့ကွယ်”။ ဒါက အဘွားပြော တဲ့ စကားကြားဖူးတာ အဲဒီအချိန် မှာ အမေက မန္တလေးတက္ကသိုလ်မှာ ပထမနှစ်ကျောင်းသူတဲ့လေ။

ကြားဖူးတဲ့ဇာတ်လမ်းက ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ အသေ အချာဆန်းစစ်ကြည့်တဲ့အခါ အက် ကြောင်းအရာကို ထင်ထင်ရှားရှား တွေ့နေရသလိုလို၊ ကျွန်မခံစားရ မိတယ်။ အမေနဲ့အဖေရဲ့ ဆက်ဆံ ရေးက တကယ်တွေးကြည့်ရင် တစိမ်းပြင်ပြင်တွေလိုပါပဲလား။ အဖေက တည်ကြည်တယ်ထင်ရ ပေမဲ့ အဖေ့မျက်နှာမှာ မာနရိပ် စွန်းထင်းနေတယ်။ အမေက အနေအေးတယ်ဆိုပေမဲ့ စက်ရုပ် တစ်ရုပ်လို အသက်မဲ့တယ်။ အေး စက်တယ်။ ပတ်ဝန်းကျင်က ကြည့် မယ်ဆိုရင်တော့ အိမ်ထောင်ရေး
ပြဿနာမရှိ ပကတိတည်ငြိမ် အေးဆေးတဲ့ မိသားစုလို့ အထင် ရှိကြပေမပေါ့။ ကျွန်မကိုယ်တိုင် လည်း သည်လိုပဲထင်တာ။ ကိုယ် ကိုယ်၌ကလည်း ကျောင်းစာတွေနဲ့ နပန်းလုံးနေခဲ့ရတာ။ အချစ်ဆိုတဲ့ အရာဟာ၊ ဘာပါလို့ ခြေခြေမြစ်မြစ် မသိခဲ့တာလည်း ပါတာပေါ့။

မှတ်မှတ်ရရ ကျွန်မစတုတ္ထ တန်းမှာ စာမေးပွဲတွေက ဖြေရ တော့မှာ။ ဆောင်းအကုန်နွေအကူး ကာလ၊ ဒီအချိန်မှာမှ ကျွန်မက ဝက်သက်ပေါက်ပြီးဖျားတယ်။ အမေက ကျွန်မကိုပြုလည်း ပြုစု ပေးတယ်။ စာတွေကိုလည်းကူပြီး  ကျက်ပေးတယ်။ အမေ့ကျေးဇူး ကြောင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့တယ်။ အဲဒီအချိန် ကတည်းက အမေဟာ ကျွန်မတို့ ညီအစ်မနှစ်ယောက်နဲ့အတူ အိပ်ခဲ့ တာ ဒီနေ့အထိပေါ့။ အဖေကတော့ သူ့ထုံးစံအတိုင်း ညနေဆိုရင် အရက်သောက်တယ်၊ ဒါက လည်း ကျွန်မ သိတတ်စအရွယ်ကတည်း ကဆိုတော့ မဆန်းတဲ့ကိစ္စတစ်ခုလို ပေါ့။ တစ်ခါတလေဆိုရင် ထမင်း စားခန်းထဲမှာပဲ အိပ်ပျော်သွားတဲ့ နေ့တွေက မရေနိုင် ဘူး။ ဒီအကြောင်း အရာတွေဟာ တစ်ချိန်ကတော့ မဆန်းဘူးဆိုပေမဲ့ အခုတော့ ကျွန်မကို သံသယတွေ ပွားစေခဲ့ပြီ ပေါ့။ ကျွန်မ ဆယ့်လေးနှစ်သမီးမှာ အဖေဆုံး တယ်။ အဖေဆုံးတဲ့ ရောဂါက အသည်းကင်ဆာ။ ကဲ …တိုက်ဆိုင်မနေဘူးလား။

အဖေနဲ့အမေက ချစ်ကြိုက်ပြီး ယူခဲ့ကြတာတော့ မဟုတ်ဘူး။ သို့ပေမဲ့ အတူတကွ ပေါင်းသင်း လာကြပြီပဲ။ သံယောဇဉ်လို့ပြော ရမလား။ နားလည်မှုလို့ဆိုရမလား။ တစ်ဦးပေါ်တစ်ဦး နားလည်ခွင့် လွှတ်ပြီးနေမှ မနေခဲ့ကြလေတော့။ အဖေက အချစ်ကိုဖမ်းယူဆုပ်ကိုင် နိုင်ရင် အပိုင်ရလိမ့်မယ်လို့ ထင် ပုံရတယ်။ တကယ်တော့ အဖေ ရလိုက်တာဟာ ဖမ်းဆုပ်တဲ့ လက် အတွင်းမှာ အမုန်းလက်တစ်ဆုပ် စာပဲရခဲ့တာများလား ကျွန်မစဉ်း စားမိတယ်။ ဒါမှမဟုတ် အဖေက မျဉ်းဖြောင့်တစ်ကြောင်း၊ အမေက လည်း မျဉ်းဖြောင့်တစ်ကြောင်းပဲ ထားကြပါစို့။ သူတို့ဟာ အတိတ်ကံ ကြောင့် တစ်နေရာမှာ ဆုံမှတ် တစ်ခုအနေနဲ့ ဖြတ်သွားကြတယ်။ ဆုံစည်းကြတယ် ဆိုပါတော့။ ကြက်ခြေခတ်သဏ္ဌာန်ဆုံမှတ်မှ သည် မျဉ်းဖြောင့်တို့ရဲ့ လားရာ ဂုဏ်သတ္တိအတိုင်း ဖြောင့်တန်းစွာ ခွဲခွာသွားကြလေသလားဆိုတာ။

***

ကျွန်မတို့ နယ်ကိုဆင်းရ တယ်။ စီမံချက်အတိုင်း မြို့နယ် တွေကို အရောက်သွားရင်းပေါ့။ ကားတစ်တန်၊ စက်လှေတစ်တန်၊ ခြေလျင်တစ်တန်။   ဖြတ်သွားရတဲ့   ဝေးလံသီခေါင်လှတဲ့ ကျေးရွာတွေ ရဲ့ လူနေမှုဘဝတွေ၊ တိုင်းရင်းသား တွေဆီကိုပါ။ ရက်တစ်ပတ်လောက် ကြာတယ်။ ပျော်လည်းပျော်ပါ တယ်။ အိမ်ကိုပြန်ရော က်တော့  အမေ့ကို ပြုံးပြုံးရွှင်ရွှင်တွေ့ရရင်ပဲ မောခဲ့သမျှပြေပါတယ်။ ဒါပေမဲ့ အမေ့မျက်နှာက အားနည်းဖျော့ တော့နေသလိုပဲ။

”အမေ..နေ ကောင်း လား။ ဆေးရော သောက်ရဲ့ လား”

လို့မေးတော့ ပြုံးပြုံးကြီးလုပ် ပြီး ခေါင်းညိတ်ပြတယ်။ ညအိပ်ရာ ဝင်တော့ ကျွန်မက ခရီးပမ်းလာ တာမို့ ခေါင်းချတာနဲ့ အိပ်ပျော်သွား ရော။ မနက်လင်းတော့ ကျွန်မ ကိုယ်ပေါ်မှာ အမေခြုံတဲ့စောင်တွေ ပါ တစ်ထပ်ကြီး လွှားခြုံထားတာကို သတိထားမိတယ်။ ကျွန်မတစ် ယောက်တည်း အိပ်ခဲ့ရတာလား။ ”အမေ ညက အိပ်ရောအိပ်ရဲ့ လား”လို့ မေးတော့ ”အိပ်ပါတယ်။ အစောကြီး နိုးနေလို့” တဲ့။

ကျွန်မ ရုံးသွားတယ်။ နေ့ လယ် ထမင်းစားပြန်လာတော့ အမေ့ကို အိပ်ရာထဲမှာတွေ့ရ တယ်။ အိပ်ရေးပျက်လို့နေမှာ။ ကျွန်မ ခရီးသွားတဲ့ရက်တွေမှာ ည ညတစ်ေ ယာက်တည်း အိပ်ရရှာမှာ။ ကျွန်မကို စိုးရိမ်ပူပန်မှုတွေနဲ့ အတော့်ကို အိပ်ပျက်ခဲ့မှာပဲ။ သား သမီးအိမ်ပြန်ရောက်မှ စိတ်ဒုန်းဒုန်း ချနိုင်တဲ့ မိခင်သောကကိုလည်း သိပြီးသားမို့ ကျွန်မ မနှိုးရက်တော့ ပါ။ အိမ်အပြင်ကို တိတ်တိတ်က လေးပြန်ပြီးထွက်ခဲ့တယ်။ ရုံးနား ကဆိုင်မှာ ဆန်ခေါက်ဆွဲစားပြီး လက်ဖက်ရည်တစ်ခွက်သောက် လိုက်တယ်။ နေ့လယ် နှစ်နာရီ လောက်မှာ ကျွန်မဆီကိုဖုန်းလာ တယ်။ အိမ်မှာ သန့်ရှင်းရေးနဲ့ အလျှော်အဖွပ်အတွက် အကူခေါ် ထားတဲ့ ဒေါ်မိကဆက်တာ။

”အမေသတိလစ်နေလို့ အမြန်ပြန် လာပါ” တဲ့။ ကျွန်မအိမ်ကိုပြန်ခဲ့ တယ်။ အမေ့ကိုကြည့်တော့ သတိ မရဘူး။ အနီးနားက ဆရာဝန်ကို ပြေးပြီးပင့်တယ်။ ဒါပေမဲ့ ခုန်တယ် ဆိုရုံသာ ခုန်နေတဲ့နှလုံးက လုံးဝ ငြိမ်သက်သွားခဲ့ပြီ။ ဝမ်းနည်းခြင်း တို့ရဲ့ အထွတ်အထိပ်မှာ အမှန်ကို ပြောရရင် ကျွန်မ ဒီလောကကြီးမှာ အသက်ဆက်ရှင် မနေချင်တော့ လောက်အောင်ပါပဲ။

အစ်မ ‘နွဲ့’ ဆီကို အမေဆုံးတဲ့ အကြောင်း ဖုန်းဆက်တယ်။ စာမေးပွဲနီးနေတဲ့ကလေးတွေနဲ့ ယောက်ျားက ခွင့်ယူဖို့ မလွယ်တာ တွေနဲ့ပဲ မလာခဲ့ဖို့ပြောရတယ်။
”မှတ်တမ်းအနေနဲ့ ဓာတ်ပုံသာ ကြည့်တော့။ ရက်လည်ပြီးရင် ဆင်းခဲ့မယ်” လို့ပဲ ပြောလိုက်တယ်။ ‘နွဲ့’ လည်း စိတ်မကောင်းတာရယ်၊ ငိုတာရယ်ကလွဲလို့ ဘာတတ်နိုင် တာမှမဟုတ်ဘဲလေ။ အသုဘကိစ္စ အဝဝပြီးပြီ။ ရက်လည်ဆွမ်းကပ် တယ်။ ဆွမ်းကျွေးပြီးတာနဲ့ နေ့လယ် ရထားလက်မှတ်မှာတယ်။ ခွင့်ယူထားပြီးသားမို့ ကိုယ့်မြို့ ကိုယ် ခဏပြန်ဦးမယ်။

ရုံးအကူလေးလာ ပေးတဲ့ ရထားလက်မှတ်ကို အိမ် ရှေ့အထိထွက်ယူရင်း မှာစရာကိစ္စ တွေကိုမှာပြီး ဧည့်ခန်းထဲကို ကျွန်မ လှမ်းဝင်၊ စာအုပ်စင်ပေါ်မှာ အမေ တပ်တဲ့ မျက်မှန်လေးတင်ထားတာ ကိုမြင်လိုက်တယ်။ မျက်မှန်လေး က သတင်းစာအခေါက်ကလေး ပေါ်မှာ အမေတင်ထားတဲ့ အတိုင်း ရှိနေတာကို ရင်နာစွာနဲ့ငေးကြည့် မိတယ်။ မျက်မှန်လေးကို တရို တသေခေါက်ရင်း၊ အမေဖတ်သွား ခဲ့တဲ့ သတင်းစာကိုယူလိုက်တော့ သတင်းစာအခေါက်ထဲက စက္ကူ ဖြတ်တဲ့ ကပ်ကြေးတစ်ချောင်း   လျောကျလာတယ်။ သတင်းစာကို ဖြန့်ကြည့်လိုက်တော့ နာရေး စာမျက်နှာမှာ ကပ်ကြေးနဲ့ဖောက် ပြီး ကိုက်ထားတဲ့အရာကို တွေ့ရ တယ်။ ဘာကြောင့်ကိုက်ယူထား တာလဲ။ ဘယ်သူဆုံးတာလဲ။ သိချင်စိတ်ဖြစ်မိပေမဲ့ အမေ့လုပ် ဆောင်ချက်တွေထဲက နောက်ဆုံး ကျန်ရှိနေတဲ့ လက်ရာလေးလို့ပဲ ရင်ထဲမှာ ဖြေသိမ့်လိုက်ပါတယ်။ သတင်းစာကို ပြန်ခေါက်ပြီး တင် လိုက်တယ်။ မျက်မှန်လေးကိုတော့ သိမ်းလိုက်တယ်။

အိပ်ခန်းထဲမှာကြည့်ရတာ ရှင်းရှင်းကြီး။ အမေ့အိပ်ရာထဲမှာ မရှိပါ။ ချိတ်တွေနဲ့ချိတ်ထားတတ် တဲ့ အဝတ်အစားတွေကိုလည်း မတွေ့ရပါ။ အမေနဲ့ပတ်သက်တဲ့ ရုပ်ဝတ္ထုမဆိုထားနဲ့ အမေ့ရဲ့အငွေ့ အသက်တောင်မှ သည်အခန်းထဲ မှာ ကျန်ရှိမနေရစ်တော့။ အမေ သုံးခဲ့တဲ့ဗီရိုထဲက အမေ့အဝတ် အစားတွေကို အစီအရီထပ်ပြီး ခရီးဆောင် သေတ္တာထဲပြောင်း ထည့်တယ်။ အမေ့အဝတ်အစား တွေကို နွဲ့ဆီပို့မယ်။ အသုံးလိုတာ သုံး၊ မလိုတာတွေကို ပေးပစ်ဖို့ပြော ပြီးသား။ အလာတုန်းက သားအမိ နှစ်ယောက်၊ အခုအိမ်အပြန်မှာ ကျွန်မတစ်ယောက်တည်း။ အမေ့ ကိုယ်စားကတော့ သည်ခရီးဆောင် သေတ္တာအိတ်ပဲ ဖြစ်မယ်ထင်ရဲ့။

အမေ့အင်္ကျီအထပ်ရဲ့ အောက်မှာ အမေငယ်ငယ်က ကိုင်ခဲ့တယ်ဆိုတဲ့ ပိုက်ဆံအိတ်ကလေးကို တွေ့တယ်။ ငှက်နှစ်ကောင်ပုံပါတဲ့ ပိုက်ဆံ အိတ်။ ဖွင့်လိုက်တော့
ကြည့်မှန်နဲ့ ဘာနဲ့။ ပိုက်ဆံအိတ်ကအခွံပါ။ ဘာမှမထည့်ထားပါဘူး။ အမေ အပျိုတုန်းက ကိုင်တာလို့ပြောဖူး တယ်။  ကြည့်ရင်းနဲ့မှန်ရဲ့နောက်က စက္ကူစလေးထွက်နေ တယ်။ အဲဒီ စက္ကူစလေးကို အသာလေးဆွဲထုတ် လိုက်တော့ သတင်းစာဖြတ်ပိုင်း။ ဖတ်ကြည့်တော့ ဦးတင့်ဆွေ… အသက် ၅၇ နှစ်၊ ညွှန်ကြားရေးမှူး၊ xxx ဌာန။တဲ့။ ဟို..အန်ကယ် ကြီး။ သူက အိမ်ထောင်မရှိဘူးပဲ၊ လူပျိုကြီးပေါ့။ ကျန်သေးတယ်။ ဓာတ်ပုံတစ်ပုံ။ အဖြူအမည်းဓာတ် ပုံထဲမှာ ခပ်ချောချောလူငယ်တစ် ယောက်ရဲ့ ပုံ။ နောက်ကျောမှာ ထာဝရချစ်နေမယ့် ‘မောင်’ တဲ့။ နောက်ထပ်ကျန်သေးတယ်။ စာရွက်ခေါက်တစ်ခု။ ခေါက်ရိုးကျိုး ပြီး ပြတ်နေပြီ။

ဝါနေတဲ့စာရွက် ခေါက်အပိုင်းလေးတွေကို ဆက် ကြည့်တော့ ‘စစ်ကိုင်းမြို့၊ စစ်ကိုင်း တောင်၊ သုံးထပ်ကန်တံတိုင်း၊ အလှူတော်ဖြတ်ပိုင်း’။ အပြာရောင် လေးထောင့်ပုံနှိ ပ်စာလုံးတွေနဲ့။ အလှူရှင်အမည်နေရာမှာတော့။

‘တမလွန်ဘဝထိတိုင် အမည်မဖော် လိုသူနှစ်ဦးကောင်းမှု’ တဲ့။ ကောက် ခံသူရဲ့ လက်မှတ်နဲ့ရက်စွဲ နေရာက လုံးဝဖတ်မရတော့ လောက်အောင် မွမွကြေနေပြီ။   နှစ်တွေက ဘယ် လောက်ကြာခဲ့ပြီမှန်းမှ မသိတာ။ ဒါတွေဟာ ဒါတွေဟာ ကျွန်မ အတွေးမျှင်ထဲမှာတော့…။

***

မန္တလေးဘူတာကြီးကို ရထားဆိုက်တော့ နံနက်လင်းခါ နီးပြီ။ အငှားကားလေးတစ်စီးကို ခေါ်ပြီး စစ်ကိုင်းဘက်ကိုထွက်ခဲ့ တယ်။ ကားဆရာက ကြၽန္မသြား ခ်င္တဲ့ေ နရာကို သိတယ္တဲ့။ သူက ဘုရားဖူးပို့နေကြဆိုတော့ ကျွန်မ အတွက် အဆင်ပြေသွားတာပေါ့။ ဧရာဝတီမြစ်နဲ့ပြိုင်နေတဲ့ လမ်း အတိုင်း စစ်ကိုင်းဘက်ကို မောင်း ထွက်လာခဲ့ကြတယ်။ စစ်ကိုင်း တောင်ပေါ်ရောက်တော့ လူသူ ရှင်းနေတုန်းပါပဲ။ ‘ဒါ..သုံးထပ် ကန်ပဲ’ လို့ပြောရင်း ကားကိုရပ်ပေး တော့ ကျွန်မဘာဆက်လုပ်ရမှန်း မသိတော့။ ကားတံခါးကိုဖွင့်ဆင်း ပြီး လေးကန်တဲ့ ခြေလှမ်းတွေနဲ့ သုံးထပ်ကန်အုတ်တံတိုင်းတွေဆီ ကို။ တံတိုင်းမှာ ကမ္ပည်းထိုးထားတဲ့ အလှူရှင်များအမည်ကို တစ်ခန်း ချင်းလိုက် ဖတ်ကြည့်နေမိတယ်။ ၂၃ ခန်းမြောက်မှာ တွေ့ပြီ။ နောင် ဘဝထိတိုင် အမည်မဖော်လိုသူ နှစ်ဦးကောင်းမှုတဲ့၊ အံ့သြထိတ် လန့်စွာနဲ့စာလုံးတွေ ကို နောက် တစ်ခေါက် ထပ်ဖတ်လိုက်တယ်။ စာလုံးတွေကိုကြည့်ရင်း မှုန်ဝါးလာ တယ်။ ပိုးပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေဟာကျွန်မနှုတ်ဖျား ကို အမေလို့ တစေခဲ့ပြီ။ အုတ် တံတိုင်းလေးကို ဝအောင်ကြည့်ပြီး တော့မှ ကားဆီကို လာခဲ့တာ။ ကားဆရာက ပုညရှင်ဘုရားသွားဦး မှာလားလို့အမေးမှာ ခေါင်းညိတ် ရုံပဲ ညိတ်ပြနိုင်ပါတော့တယ်။

ပုညရှင်ဘုရားရောက်တော့ ဘုရားကန်တော့ပြီး အရှေ့ဘက် စောင်းတန်းဘက်ကို ထွက်ခဲ့တယ်။ သာယာလှတဲ့ မြစ်ပြင်နဲ့တော တောင်တွေက စိမ်းစိမ်းညို့ညို့။ ဧရာမြစ်ပေါ်မှာ နေခြည်နုနုက ထိုးဆင်းဖြာကျလျက်။ လှိုင်း ကလေးတွေက ငါးကြီးတစ်ကောင် ရဲ့ အကြေးခွံလေးတွေလိုပါ။ အရွက်မဲ့အကိုင်းတစ်ခုပေါ်မှာ ငှက် တစ်ကောင်နားနေတာကို ငေးကြည့်နေမိတယ်။ နားခိုနေရင်း ဘာသာဘာဝတွန်ကျူးနေတဲ့ အသံ ကိုလည်း ကြားရတယ်။ အပူအပင် ကင်းမဲ့စွာ ရင်ထဲရှိတာတွေကို သီကျူးနေတာလားလို့။ သူ့အနား ကို နောက်ထပ်ငှက်လေးတစ် ကောင်က လာနားတယ်။ တွန်နေ တဲ့ ငှက်ကလေးက ရုတ်တရက်ထ ပြီး ပျံသွားရော။

သူပျံသွားတဲ့နေရာ ကို နောက်ငှက်ကလေးကလည်း လိုက်ပျံသွားတယ်။ သူတို့ဘယ်ဆီ ကိုလည်း ကျွန်မ ကြည့်နေရင်းက မြင်ကွင်းမှ သူတို့ပျောက်သွားပြီ။ ဒီကမ္ဘာမြေပြင်ရဲ့ တစ်နေရာဆီကို နေမှာပါ။ ဟုတ်ပါတယ်။ သူတို့ နားခဲ့တဲ့အကိုင်းလေးက လေထဲမှာ ဆတ်ဆတ်တုန်ပြီး ကျန်ရစ်တယ်။ ဒီအကိုင်းလေး ဆတ်ဆတ်တုန်နေ တာကို ရပ်သွားသည်အထိ ကျွန်မ မကြည့်ရက်တော့ပါ။ ပြန်လာခဲ့ တယ်။ အပြန်မှာတော့ စစ်ကိုင်း တံတားအဟောင်းဘက်က လှည့် ပြန်ခဲ့တာ။ တံတားဟောင်းပေါ်မှာ ကားအသွားအလာက နည်းတော့ ရှုခင်းတွေကြည့်ရအောင် ကား ဆရာကရပ်ပေးတယ်။ အင်းဝမြို့ အဟောင်းရဲ့ အရှေ့ဘက်က ကပ်လျက် ရစ်ခွေစီးဆင်းနေတဲ့ ဒုတ္ထဝတီမြစ်က ဧရာဝတီမြစ်ထဲကို ပေါင်းဆုံစီးဝင်နေတာကိုလည်း တွေ့ရတယ်။ ကချင်ပြည်နယ်က မြစ်ဖျားခံတဲ့ဧရာဝတီရယ်၊ ရှမ်း ပြည်နယ်က မြစ်ဖျားခံတဲ့ ဒုတ္ထဝတီ ရယ် တောင်စဉ်တောင်တန်းတွေကို ကျော်ဖြတ်၊ အခက်အခဲအထပ်ထပ် ကို ရင်ဆိုင်ပြီး သည်နေရာမှာ ပေါင်းဆုံနိုင်ခဲ့ကြပါတယ်။ သမိုင်း မတင်မီက မြစ်တွေဖြစ်ပေါ် ခဲ့ကြ တာဆိုပေမဲ့ သူတို့ဆန္ဒတွေအတိုင်း စီးဆင်းကြရင်း မခွဲမဖြာဘဝတစ်ခု အသွင်နဲ့ ပေါင်းဆုံစီးဝင်ခဲ့ကြတာ မဟုတ်ပါလား။ နောင်ဘဝအထိ တိုင် အမည်မဖော် လိုသူနှစ်ဦး လှူဒါန်းခဲ့တဲ့ဖြတ်ပိုင်းပါ အမေ့ အိတ်ကလေးကို ကျွန်မတံတား ပေါ်ကနေ ချလိုက်ပါတယ်။ သည် မြစ်နှစ်စင်းဆုံတဲ့အထိ မျောပါသွား မှာပါ။ တကယ်တော့ အမေရယ် …သက်မဲ့မြစ်တွေသော်မှ …။




အောင်ချင်းသစ် 

(ဤ ရသ၀တ္ထုတိုအား
ရတီမဂ္ဂဇင်းမှ တစ်ဆင့်
ပြန်ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။)


Open Source URL

http://yatimagazine.com/archives/17503






Wednesday, November 04, 2015

အမေရိကန် သမ္မတ ၏ အိမ်ဖြူတော်

အိမ်ဖြူတော်သည် အမေရိကန် သမ္မတ၏ တရားဝင်စံအိမ် နှင့် အလုပ်တက်ရာရုံး ဖြစ်ပြီး အမှတ် ၁၆၀၀ ပင်စီဗေးနီးယားရိပ်သာလမ်း၊ ဝါရှင်တန်ဒီစီတွင် တည်ရှိသည်။ အိမ်ဖြူတော်ကို အိုင်ယာလန်တွင်မွေးဖွားသည့် ဗိသုကာပညာရှင် ဂျိမ်းစ် ဟိုဘန်က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၇၉၂ မှ ၁၈၀၀ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့သည်။ အခြေခံအားဖြင့် အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်ရေး မဏ္ဍိုင်တွင် အာဏာအမြင့်ဆုံးတည်ရှိရာ ရုံးအဆောက်အဦးလည်း ဖြစ်ပေသည်။

ပထမဆုံး သမ္မတဖြစ်သည့် ဂျော့ခ်ျ ဝါရှင်တန် လက်ထက်တွင် စတင်အုပ်မြစ်ချခဲ့ပြီး ရှစ်နှစ်အကြာ ဒုတိယမြောက် သမ္မတ ဂျွန် အဒမ်စ် လက်ထက်တွင်မှာ အကြမ်းထည် ပြီးစီးသည်။ ၁၊ နိုင်ဝင်ဘာ၊ ၁၈၀၀ပြည့်နှစ်တွင်မှ သမ္မတဂျွန် အဒမ်စ်က စတင်ပြောင်းရွှေ့နေထိုင်ရာမှာ အိမ်ဖြူတော်သည် တရားဝင် သမ္မတစံအိမ်၊ အုပ်ချုပ်ရေးရုံးဖြစ်လာသည်။ အဒမ်စ် အနေဖြင့်လည်း ပထမဆုံး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်သည့် သမ္မတအဖြစ် မှတ်တမ်းဝင်သည်။ (ပထမမြို့တော်မှာ နယူးယောက်မြို့၊ ထိုနောက် ဖီလာဒဲဖီးယားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှ ဝါရှင်တန်ဒီစီ ရှိ အိမ်ဖြူတော်သို့ ရောက်လာခြင်းဖြစ်သည်။)
အမည်ရင်းမြစ်

အိမ်ဖြူတော်ဟု ခေါ်တွင်ခြင်းမှာလည်း ဂျော့ခ်ျ ဝါရှင်တန်နှင့် ပက်သက်နေပြန်သည်။ ဗာဂျီးနီးယားပြည်နယ်ရှိ ၄င်းပိုင်ဆိုင်သော စိုက်ပျိုးရေးခြံအမည်မှာ White House Plantation ဖြစ်ပြီး ထိုခြံမှာ ဝါရှင်တန်၏ ဇနီးဖြစ်လာမည့် သူနှင့် ဆုံတွေ့ပြီးချစ်ကျွမ်းဝင်ခဲ့သည့် နေရာဖြစ်သည်။ အိမ်တော်ကို အမည်ပေးရန် စည်းဝေးဆွေးနွေးကြစဉ်တွင်လည်း အဆိုပြုချက်များအနက် အဖြူရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့်အတွက်လည်းကောင်း၊ သမ္မတကြီးအနေဖြင့်လည်း မော်ကွန်းတင်လိုသောကြောင့် လည်းကောင်း အိမ်ဖြူတော်(The White House) ဟု သတ်မှတ်လိုက်ကြသည်။

အိမ်ဖြူတော်သို့ ပထမဆုံးပြောင်းရွှေ့လာပြီးသည့်နောက် ဂျွန် အဒမ်စ်သည် သူ၏ ဇနီး အဘီဂေးလ် ထံစာပို့ရာတွင် အိမ်ဖြူတော်နှင့်ပက်သက်၍ အောက်ပါ ဆုတောင်းစာကို ထည့်သွင်းရေးသားခဲ့သည်။

ဒီအိမ်တော်အပေါ်ကို ကောင်းကင်ဘုံက အမြင့်မြတ်ဆုံးသော ကောင်းချီးပေးခြင်း ခံရစေကြောင်း ငါဆုတောင်းတယ်။ အဲ့ဒီအခြင်းအရာ(ကောင်းချီး)အားလုံးဟာ ထာဝရ ကိန်းအောင်းတည်ရှိနေပါစေ။ တိုင်းပြည်အပေါ်မှာ ရိုးသားဖြောင့်မတ်စွာ သစ္စာရှိပြီး ပညာရည်ပြည့်ဝသော ပုဂ္ဂိုလ်များမှတစ်ပါး အခြားသူများ ဒီအမိုးအောက်မှာ တိုင်းပြည်အာဏာကို စွဲကိုင်အုပ်ချုပ်တာမျိုး မရှိပါစေနဲ့။" ("I pray Heaven to bestow the best of the blessings on this House, and all that shall hereafter inhabit it. May none but honest and wise men ever rule under this roof") ဟူ၍ ဖြစ်သည်။ အဆိုပါစာသားမှာ ၃၂ဦးမြောက် သမ္မတ ဖလန်ကလင် ဒီလာနို ရုစဗဲ့ လက်ထက်တွင် အိမ်ဖြူတော်အတွင်းရှိ နိုင်ငံတော်ညစာစားခန်းမ၏ နံရံပေါ်တွင် ရေးထွင်း၍ မော်ကွန်းတင်ခဲ့သည်။

Credit >>> Myanmar Wikipedia

Post By >>> မြန်မာအွန်လိုင်းစာအုပ်စင်