Friday, October 02, 2015
အပြုံးတစ်​ခုက ​ခေါ်​ဆောင်​သွားခဲ့တဲ့ ကမ္ဘာသစ်​တစ်​ခု
Credit >>> Google Image
လွန်​ခဲ့တဲ့ ဆယ်​နှစ်​​လောက်​က ကျွန်​မဟာ
ကောလိပ်​တက်​​နေဆဲမှာ ကျွန်​မတို့တက္ကသိုလ်​ရဲ့
သဘာဝသမိုင်းပြတိုက်​မှာ အလုပ်​သင်​အ​နေနဲ့ ဝင်​​ရောက်​လုပ်​ကိုင်​​နေခဲ့ပါတယ်​။
တစ်​ည​နေ ကျွန်​မပြတိုက်​က လက်​​ဆောင်​ပစ္စည်းအ​ရောင်းဆိုင်​ရဲ့ ​ငွေသိမ်းစက်​နားမှာ အလုပ်​လုပ်​​နေတုန်း အသက်​ကြီးကြီးစုံတွဲတစ်​တွဲ
လက်​တွန်းလှည်းစီးလာတဲ့ မိန်းခ​လေးတစ်​​ယောက်​နဲ့ အတူဝင်​လာတာ​တွေ့လိုက်​ရတယ်​။
ကောင်​မ​လေးကို ​သေ​သေချာချာကြည့်​လိုက်​​တော့ သူမဟာ လက်​တွန်းလှည်း စီးလာတာ​တောင်​ မဟုတ်​ဘဲ လက်​တွန်းလှည်း​ပေါ် တင်​ထားတာလို့ပဲ ​ပြောရမယ်​ထင်​တယ်​။
အဲဒီမိန်းက​လေးမှာ ​ခြေ​တွေလက်​​တွေ မရှိဘူး။
ခေါင်းနဲ့ လည်​ပင်းရယ်​ ကိုယ်​အထက်​ပိုင်းရယ်​ပဲ ပါတယ်​​လေ။ သူမဟာ အဖြူ​ရောင်​​အောက်​ခံမှာ
အနီ​ရောင်​ ​ဘောလုံး​ပြောက်​​လေး​တွေပါတဲ့ ဝတ်​စုံ​သေး​သေး​လေးကို ဝတ်​ထားတယ်​။ လူကြီးစုံတွဲက သူမကို ကျွန်​မဘက်​ တွန်းလာတဲ့အချိန်​မှာ ကျွန်​မ ​ငွေသိမ်းစက်​ကို ငုံ့ကြည့်​​နေလိုက်​တယ်​။ ပြီး​တော့ ကျွန်​မ မိန်းက​လေးဆီကို လှည့်​ကြည့်​ပြီး မျက်​စိတစ်​ချက်​ မှိတ်​ပြလိုက်​ပါတယ်​။
သူမရဲ့ အဘိုးနဲ့အဘွားဆီက ကျသင့်​​ငွေကို လှမ်းအယူမှာ မိန်းမငယ်​​လေးကို ကျွန်​မပြန်​ကြည့်​လိုက်​တယ်​။ သူမဟာ ကျွန်​မမြင်​ဖူးသမျှ ချစ်​စရာ အ​ကောင်းဆုံး၊ အပြည့်​ဝဆုံး အပြုံးနဲ့ ကျွန်​မကို ပြုံးပြ​နေတာ ​တွေ့လိုက်​ရပါ​တော့တယ်​။ အဲဒီတစ်​ခဏမှာပဲ သူမရဲ့ ကိုယ်​အင်္ဂါ ချွတ်​ယွင်းချက်​​တွေအားလုံး ​ပျောက်​ကွယ်​သွားပြီး ကျွန်​မ မြင်​လိုက်​ရတာက​တော့ ဒီမိန်းမလှ​လေးဟာ ကျွန်​မတစ်​ကိုယ်​လုံး အရည်​​ပျော်​သွား​အောင်​ လုပ်​ပြီး​တော့ ဘဝဆိုတာ ဘာလဲဆိုတဲ့ အမြင်သစ်​ တစ်​ခုကို ရုတ်​တရက်​ ​ပေးလိုက်​တာပါပဲ။ ကျွန်​မကို ဆင်းဆင်းရဲရဲနဲ့ မ​ပျော်​မရွှင်​ဖြစ်​​နေတဲ့ ​ကောလိပ်​​ကျောင်းသူ​လေး အဖြစ်​က​နေ ဆွဲထုတ်​ပြီး​တော့ သူမရဲ့ ကမ္ဘာ​လေးဆီ ​ခေါ်​ဆောင်​သွားခဲ့တာပါပဲ။ အပြုံး​တွေ၊ ချစ်မေတ္တာတွေနဲ့ ​နွေး​ထွေးမှု​တွေ ပြည့်​​နေတဲ့
ကမ္ဘာ​လေး​ပေါ့။
ဒါဟာ လွန်​ခဲ့တဲ့ ဆယ်​နှစ်​​လောက်​က အဖြစ်​အပျက်​က​လေးပါ။ အခု​တော့ ကျွန်​မဟာ ​အောင်​မြင်​တဲ့ စီးပွား​ရေး လုပ်​ငန်းရှင်​တစ်​​ယောက်​ ဖြစ်​လို့​နေပါပြီ။ ​လောကကြီးမှာ ကြုံရတဲ့ ဒုက္ခသုက္ခ​တွေအ​ကြောင်း ​တွေးမိတိုင်းမှာ ကျွန်​မ အဲဒီမိန်းကလေးကို သတိရမိတယ်​။ ကျွန်​မကို သူသင်​ကြား​ပေးခဲ့တဲ့ မှတ်​သား​လောက်​စရာ ဘဝသင်​ခန်းစာကိုလည်း အမှတ်​တရ ရှိ​နေဆဲပါပဲ။
သာမာန်​မြင့်​ (မိတ္ထီလာ)
The Best English Magazine 
No. (151), January, 2012 မှ
ငါ..... ကျဆုံးခန်း
Credit >>> Google Image
အရင်က
"ငါ"... မှ "ငါ"...
ထောင်လိုက်ရတဲ့
လက်မ
"ငါကွ"​ပေါ့လေ။
ဒါပေမယ့်...
ကြာကြာ
မ "ငါ" လိုက်ရပါဘူး။
အဲဒီ "ငါ" က
"ပြာ" ဖြစ်သွားတယ်။
ကိုစိုင်းငယ်(တောင်ကြီး)
30.5.2014.5:20PM
Credit >>> Google Image
ခွေးခြေခုံနှစ်လုံးအသုံးပြုပြီး တောင်ပေါ်တက်ခဲ့တဲ့ မသန်စွမ်းအမျိုးသားတစ်​ဦး။
Henan ခရိုင် Xinxiang မြို့မှ  အသက် ၃၄ နှစ်အရွယ် Zhao Bo ဆိုသူအမျိုးသားတဦးဟာ သူ့ရဲ့  ခြေထောက် နှစ်ဖက်လုံး ဖြတ်တောက်ခဲ့ရသူပါ။ သူဟာ တရုတ်ပြည်မြောက်ပိုင်းရှိ Mount Tai ဆိုသော သမိုင်းဝင်  တောင်တတောင်ရဲ့ Red ဂိတ်ကနေ စတင်ပြီး သေးငယ်သော ခွေးခြေနှစ်လုံးရဲ့အကူအညီနဲ့ သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက တက်ရောက်ခဲ့ပါတယ်။
Zhongtian ဆိုတဲ့ ဂိတ်ကို ရောက်တဲ့အခါမှာ ကျဉ်းမြောင်းသေးသွယ်လှတဲ့ လှေကားတွေကြောင့် ဆက်မတက် တော့ဘဲ ရပ်နားခဲ့ပါတယ်။
Zhao Bo ဟာ တောင်ပေါ်သို့ ခွေးခြေနှစ်လုံးရဲ့ အကူအညီနဲ့ သူ့ခန္တာကိုယ်ကို ထိန်းပြီး ဖြေးဖြေးနှေးနှေးတက် ခဲ့တာပါ။ သူနဲ့အတူ သူငယ်ချင်းနှစ်ယောက်လည်း အတူလိုက်ပါလာကြပါတယ်။ ရာသီဥတုက ပူလောင် လှတဲ့အတွက် သူ့တကိုယ်လုံးမှာလည်း ချွေးသံတရွဲရွဲနဲ့ပါ။ ခွေးခြေကို အားပြုကိုင်ထားရတဲ့ သူရဲ့ ဘယ်လက်လက်မှ လက်အိတ်ကို ချွတ်လိုက်တဲ့အခါမှာ လက်မှာ အရည်ကြည်ဖုတွေတောင် ဖြစ်လို့နေတာပါ။
၎င်းဟာ အရင်က မီးသတ်သမားတဦးဖြစ်ကာ မီးငြိမ်းသတ်ရာမှ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကာ သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ မသန်စွမ်းတယောက်အနေနဲ့ ၀ီးချဲလ် အသုံးပြု  ပြီး အပြင်ထွက်တဲ့အခါမှာ အဆင်မပြေဖြစ်တဲ့အနေအထားကို တွေ့လာရတော့ မသန်းစွမ်းတွေအတွက် အဆင်ပြေစေနိုင်မယ့် အစီအစဉ်တွေလုပ်ဆောင်ပေးနိုင်ရန် သူ့အနေနဲ့ လူတွေကို မေတ္တာရပ်ခံချင်လာပါတော့တယ်။
ဒါကြောင့် အခုလို Mount Tai တောင်ပေါ်သို့ တက်ရောက်ခဲ့ရခြင်းဖြစ်ကာ သူ့ကိုယ်သူ ဘယ်လောက် အစွမ်းအစ အလားအလာရှိသလဲဆိုတာလည်း သိချင်ရုံသက်သက်အနေနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
Zhao Bo ဟာ Mount Tai တောင်ပေါ်သို့ တက်တဲ့အခါမှာ မသန်စွမ်းတယောက်အတွက် ဘယ်လို အဆင်ဆင်ပြေပြေ သက်တောင့်သက်သာနဲ့ တက်ရောက်နိုင်မလဲဆိုတဲ့ အရာကို မရှာဖွေခဲ့ပါတယ်။ သူ့ရဲ့ လက်တွေကို အသုံးချပြီး  ခွေးခြေနှစ်လုံးကို အားပြုလို့ လှေကားထစ်တွေရဲ့ အဆင့်တိုင်းကို တက်ရောက်နိုင်ခဲ့ပါတယ်။ သူစတက်ခဲ့တဲ့ Red ကစလို့ Zhongtian Gate ဂိတ်အထိ နာရီပေါင်း (၁၆) နာရီကြာ 
တက်ရောက်ခဲ့ရပြီး လှေကားထစ်​ပေါင်း 
နှစ်​​ထောင်ကို တက်ခဲ့ရတာပါ။
သူဟာ မသန်စွမ်းတစ်​​ယောက်လို့ဆိုပေမယ့် 
တောင့်တင်းတဲ့ လက်မောင်းကြွက်သားတွေနဲ့ 
ရုပ်ရှည် ချောမောလှပပြီး သူ့ကိုမြင်လိုက်ရင် 
အမြဲရွှင်လန်းပြုံးပျော်နေသူ တစ်​ဦးလည်း 
ဖြစ်ပါတယ်။ သူ့ကို တွေ့မြင်ရတဲ့ နိုင်ငံခြားသား
ခရီးသွားတွေက သူ့ရဲ့ လုပ်ရပ်ကို 
ဂုဏ်ပြုအားပေးခဲ့ကြပါတယ်။
“ကျန်းမာသန်စွမ်းတဲ့ ကျနော်တို့လိုလူတွေတောင် လှေကားထစ်တွေတက်တဲ့အခါမှာ မောပန် နွမ်းနယ်ကြရတာပါ။ သူကတော့ သူ့ရဲ့ လက်တွေကိုအသုံးပြုပြီး Zhongtian Gate အထိ တက်နိုင်ခဲ့တာ ဘယ်လောက်တောင် လေးစားဖို့ ကောင်းလိုက်သလဲ” လို့ ခရီးသွားအများအပြားက ချီးမွမ်းခဲ့ကြပါတယ်။
Ref: people’s china
Credit~
http://blog.irrawaddy.org/2015/09/blog-post_2.html?m=1
စိတ်​ကူးယဉ်​ အိပ်​မက်​ပန်းချီကားချပ်
Credit >>> Google Image
တော်​​အောင်​ ​တွေးတတ်
သိ​အောင်​ ​ရေးဆွဲတတ်​ရုံဖြင့်
စိတ်​ကူးယဉ်​ အိပ်​မက်​ပန်းချီကားချပ်​သည်
သင့်အတွက်​ ဘယ်​​တော့မှ 
အသက်​ဝင်​လာမည်​ မဟုတ်​ပါ။
သင်​၏ လက်​​တွေ့လုပ်​​ဆောင်​ချက်​ကသာလျှင်
သင့် စိတ်​ကူးယဉ်​ အိပ်​မက်​ပန်းချီကားချပ်​ကို
တစ်​ကယ်​ အသက်​ဝင်​လာ​​စေလိမ့်မည်​။
တွေးပါ။
စိတ်​ကူးယဉ်​ပါ။
ပြီးလျှင်​.....
အမှန်​တစ်​ကယ်​ လက်​​တွေ့လုပ်​​ဆောင်​ပါ။
သင်​...
အောင်​မြင်​ပါလိမ့်မည်​။
သင်​...
ဖြစ်​ချင်​တာ​တွေ ဖြစ်​လာပါလိမ့်မည်​။
ကိုစိုင်းငယ်​(​တောင်​ကြီး)
02.10.2015(6:55PM)
Credit >>> Google Image
Thursday, October 01, 2015
Great Wall (မဟာတံတိုင်းကြီး)
Credit >>> google image
ထင်​ထင်​ရှားရှားမြင်​နိုင်​​သော လူသားစွမ်းအားဖြင့်
တည်​​ဆောက်​ထား​သည့်အရာမှာ 
တရုတ်​နိုင်​ငံမှ (Great Wall) 
မဟာတံတိုင်းကြီး ဖြစ်​သည်​။
Credit >>> google image
Wednesday, September 30, 2015
သူငယ်​ချင်းလို့ပဲ ဆက်​၍​ခေါ်ချင်​သည်​။
Credit >>> google images
မင်းရင်​ထဲမှာ ရှိတဲ့အရာကို
ငါ သိ​နေပါတယ်​။
မင်း နှုတ်​ခမ်း​တွေကို 
အိပ်​​မွေ့ချထားလိုက်​စမ်းပါ။
ကြေကွဲရမယ်​မှန်း သိလျက်​နဲ့
ဒီလမ်းကို ဆက်​မ​လျှောက်​သင့်​ဘူး။
ပြိုကွဲခြင်း​တွေ ​တွေ့လာနိုင်​တယ်​။
ဒီ​တော့...
ဒီအတိုင်းပဲ ရှိပါ​စေ​တော့ကွာ။
ပို​နေမြဲ ကျား​နေမြဲ​ပေါ့။
အတ္တ​တွေကို အံဝှက်​ထဲမှာ ထည့်​ဝှက်
အပြာ​ရောင်​ဟာ ကြာလာရင်
မဲနယ်​​ရောင်​ စွက်​လာတတ်​သလို
အချစ်​မှာလည်း ကြာလာရင်
ငြီး​ငွေ့လမ်းခွဲခြင်း​တွေ ကပ်​ငြိလာတတ်​တယ်​။
သူငယ်​ချင်း​ရေ...
အဖြူ​ရောင်​ထဲမှာပဲ
အဖြူ​ရောင်​ ​ရောယှတ်​ကြမယ်​။
ခင်​မင်​ခြင်းဆိုတာ
ထာဝရစီးဆင်းတဲ့ မြစ်​တစ်​စင်းပါ။
ခွဲခွာခြင်း ရပ်​တန့်​ခြင်း မရှိတဲ့ 
မြစ်​တစ်​စင်းထဲမှာ
တို့​တွေ ထာဝရ သူငယ်​ချင်းပဲ​ပေါ့။
နွေ​ဝေနှင်း (မန္တလာ​မြေ)
Credit >>> google image
Tuesday, September 29, 2015
လက်နှစ်ဖက်မရှိဘဲ စာသင်ပေးနေတဲ့ ကျောင်းဆရာ
တရုတ်ပြည် ယူနန်ခရိုင်မှာရှိတဲ့ ကျေးလက်စာသင်ကျောင်းလေးတခုမှာ လက်နှစ်ဖက်လုံးမရှိသော အမျိုးသားတဦးဟာ ဆယ်စုနှစ်တစုကျော်မျှ ကျောင်းဆရာတယောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့တာပါ။
အသက် ၄၁ နှစ်အရွယ် ဂျန်ရှန်ဖ ဟာ ၁၉၉၆ ခုနှစ်က လျှပ်စစ်နဲ့ပတ်သက်တဲ့ထိခိုက်မှုတခုဖြစ်ပွားခဲ့ပြီးနောက် သူ့ရဲ့ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသူပါ။ သို့ပေမယ့်လည်း သူ့ကျေးရွာက မူလတန်းကျောင်းတခုမှာ လွန်ခဲ့သော ၁၂ နှစ်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ ကျောင်းဆရာအလုပ်ကို မရပ်ဆိုင်းလိုက်ဘဲ  ဆက်လက်လုပ်ကိုင် လာခဲ့ပါတယ်။ သူ့မှာ လက်နှစ်ဖက်လုံးမရှိစေကာမူ ပါးစပ်နဲ့ စာအုပ်ရဲ့ စာမျက်နှာတွေကို လှန်ခြင်း၊ သူ့ရဲ့ ညာဘက်လက်တိုလေးနဲ့ မြေဖြူခဲကိုင်ကာ ကျောက်သင်ပုန်းမှာ ရေးသားခြင်းတို့ဖြင့် စာသင်ကြားပေးခဲ့တာပါ။
ဂျန်ရဲ့ လက်ရေးဟာ လက်နှစ်ဖက်လုံးမရှိတဲ့သူတဦးအတွက် တော်တော် အံ့သြစရာကောင်းလောက်အောင် လှပလွန်းပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ မမောနိုင်မပန်းနိုင် ကြိုးစားလေ့ကျင်ခဲ့ခြင်းရဲ့ အရင်းခံလို့ ဆို   ရမှာပါ။
၂၀၁၃ ခုနှစ်မှာ အွန်လိုင်းနဲ့ စတင်ထိတွေ့လာတဲ့ ဂျန်ဟာ Henan ခရိုင်မှာရှိသော တက္ကသိုလ်တခုမှာ စာသင်ကြားပေးဖို့ ကမ်းလှမ်းခံခဲ့ရပြီး ယခုလက်ရှိမှာ အမြင့်ဆုံးလစာဖြင့် လုပ်ကိုင်နေရပါပြီ။ ဒါပေမယ့် သူ့ရဲ့ မွေးရပ်ဇာတိက သူစတင်လုပ်ကိုင်လာခဲ့တဲ့ မူလတန်းစာသင်ကျောင်းမှ စာသင်သားလေးတွေကို သူဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ငါ့ရဲ့ အပျော်ရွှင်ဆုံးအချိန်ကလတွေကတော့ ကလေးတွေနဲ့အတူ ရှိနေခဲ့တဲ့အချိန်တွေပါပဲ” လို့ ဂျန်က ပြောခဲ့ပါတယ်။
Ref: CCTV news
Credit >>> The Irrawaddy's Blog 
Open Source URL
http://blog.irrawaddy.org/2015/09/blog-post_79.html?m=1