Monday, October 12, 2015
မိုက်ခရိုဆော့ဖ်
မိုက်ခရိုဆော့ဖ်သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ် ရက်မွန်တွင် ရုံးချုပ်တည်ကာ ကွန်ပျူတာဆော့ဝဲလ်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တကိုယ်ရေးသုံးကွန်ပျူတာ နှင့် အခြား နည်းပညာဝန်ဆောင်မှုများကို ထုတ်လုပ်၊ ရောင်းချ၊ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထုတ်လုပ်ရောင်းချနေသော ဆော့ဝဲလ်များထဲမှ မိုက်ခရိုဆော့ဖ် ဝင်းဒိုး၊ မိုက်ခရိုဆော့ဖ် အော့ဖစ် တို့မှာ လူသုံးများပြီး လူသိအများဆုံး ဖြစ်သည်။ ရောင်းချနေသော အီလက်ထရောနစ် ပစ္စည်းများထဲတွင် အိတ်စ်ဘောက် (X-Box) ဂိမ်းနှင့် မိုက်ခရိုဆော့ဖ် ဆာဖေ့ (Microsoft Surface) ကျောက်သင်ပုန်းကွန်ပျူတာတို့မှာ အဓိက ထုတ်ကုန်များ ဖြစ်သည်။ မိုက်ခရိုဆော့ဖ်သည် ဝင်ငွေများအရ ဆော့ဝဲလ်ကုမ္ပဏီများထဲတွင်အကြီးဆုံးဖြစ်သည်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲတွင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ရေပူစမ်း
ရဲလိုးစတုန်း အမျိုးသားဥယျာဉ်ရှိ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ရေပူစမ်း Grand Prismatic Spring
Tuesday, October 06, 2015
အရှေ့တောင်အာရှတွင်
မဟာဆိုင်းရပ်စ် ဘုရင်ကြီး
![]() |
| Credit - Google Image |
ပါရှားပြည်ကို (ဘီစီ ၅၅၈ - ၅၂၉ ထိ) စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
နတ်ရွာစံသေလွန်ခဲ့တာ နှစ်ပေါင်း (၂၄၉၅)နှစ်
ကျော်ပြီ ဖြစ်ပေမယ့် ယနေ့ခေတ်အထိ
ကျွန်တော်တို့ရဲ့ ဘဝတွေအပေါ်မှာ သြဇာအရှိန်အဝါ သက်ရောက်မှုတွေ ရှိနေပါသေးတယ်။
သူ့ကြောင့်...
တစ်ရက်မှာ နေ့နဲ့ည နှစ်ပိုင်းခွဲခြားပြီး
နေ့(၁၂) နာရီ ၊ ည (၁၂) နာရီလို့
ကျွန်တော်တို့ ပိုင်းခြားနိုင်ခဲ့တယ်။
အရေအတွက်ပြုတဲ့အခါ
ဒါဇင် (၁၂ ခု ) ဆိုတာ သုံးနိုင်ခဲ့တယ်။
ဗိသုကာအတတ်ပညာ အဆောက်အဦးဆောက်လုပ်တဲ့အခါ ကျောက်သား (သို့)
သစ်သားတိုင်လုံးကြီးတွေကို သုံးနိုင်ခဲ့တယ်။
ပြီးတော့ ...
သူဟာ ဘောင်းဘီရှည်ကို ပထမဦးဆုံး
ဝတ်ဆင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဆရာမောင်သိန်းလွင်
မှတ်ချက်
(ဤစာကို ဆရာမောင်သိန်းလွင်
The Light English Magazine တွင်ရေးသားဖော်ပြခဲ့စဉ်က (2002) ခုနှစ်
(August) က ဖြစ်ပါသည်။
ကျွန်တော့ဘလော့တွင် စာစီကူးယူ
ပြန်လည်ဖော်ပြသည်မှာ (2015) ဖြစ်၏။
ထို့ကြောင့် မဟာဆိုင်းရပ်စ် ဘုရင်ကြီး
နတ်ရွာစံသေလွန်ခဲ့သည်မှာ ယခုဆိုလျှင်
နှစ်ပေါင်း (2508) ရှိပြီဖြစ်လေသည်။)
( 2495 + 13 = 2508 )
Guests (ဧည့်သည်များ)
We get to the earth.
In ups and downs of life,
While securing ourselves.
And breathing the breeze of fate,
We struggle to live.
While searching the meaning of life,
We're bound to leave the earth
For an unknown place.
Aye Aye Thinn
![]() |
| Credit - Google Image |
ခဏလေး တောက်ပဖို့
ကမ္ဘာမြေကို ငါတို့ရောက်လာကြတယ်။
လောကဓံများရဲ့ အလယ်
ကိုယ့်ကိုယ်ကို ကယ်ဆယ်ရင်း
ကံကြမ္မာရဲ့ လေညင်းကို ရှူရှိုက်လို့
ရှင်သန်ဖို့ ကြိုးစား
ဘဝဆိုတာ ဘာများလဲ.....
စူးစမ်းဆဲ ရှာဖွေဆဲမှာ
ကမ္ဘာမြေကို ခွဲခွာ
မသိနိုင်တဲ့ တစ်နေရာဆီ
ငါတို့ သွားကြရဦးမယ်။
အေးအေးသင်း
The Light English Magazine
No.92,August,2002 မှ တစ်ဆင့်
ပြန်ကူးယူ ဖော်ပြသည်။
Monday, October 05, 2015
ဝရိန်းကောင်းကြသူများ
![]() |
| Credit - Google Image |
ရိုးဖေဖေက ၀န်ထမ်းဆိုတော့ နယ်တွေကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတယ်။ ဒီတော့ ရိုးတို့လည်း ဖေဖေပြောင်းသမျှ မြို့တွေနောက်တကောက်ကောက်လိုက်ရင်း နယ်မြေအစုံ ဒေသအစုံမှာ တိုင်းရင်း သားပေါင်းစုံလူမျိုးပေါင်းစုံ ဓလေ့အစုံနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဟိုပြောင်း သည်ရွှေ့နဲ့မို့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်း မရှိတာကလွဲလို့ရောက်ရာ ဒေသမှာ ခင်ခင်မင်မင်နေတတ်တာမို့ အပေါင်းအသင်းတော့ စုံခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်မယ်ဆို တော့မှသာ ဖေဖေတာဝန်ကျတဲ့မြို့မှာ ကိုယ်ယူတဲ့မေဂျာက မရှိသေးတာကြောင့် မန္တလေးမှာ သွားတက်ခဲ့ရတာ။ ကျောင်းပြီး သွားတော့တစ်ခါ လုပ်ငန်းခွင်မ၀င်ခင်စပ်ကြား ဖေဖေတာဝန်ကျရာမြို့တွေကို လိုက်သွားပြန်ရော။ ဒီအချိန်မှာတော့ ကိုယ် ကကျောင်းကလည်း ပြီးကာစသင်ယူလိုစိတ်ကလည်းပြင်းထန်နေတဲ့အချိန်ဆိုတော့ အရာရာကို ငယ်စဉ်ကလို အမှုမဲ့ အမှတ်မဲ့ သိပ်မနေဖြစ်တော့ဘူး။ ရောက်ရာဒေသမှာ ဒေသန္တရဗဟုသုတရှာဖွေတာမျိုး၊ ဒေသခံတိုင်းရင်းသားတွေနဲ့ စကား စမြည်ပြောတာမျိုး၊ ရိုးရာဓလေ့ထုံးစံတွေကို လေ့လာတာမျိုးတွေ လုပ်တတ်လာတဲ့အချိန်ပေါ့။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေဆက်သွားရတဲ့ တနိုင်းဆိုတဲ့မြို့ကလေးမှာ ဖေဖေတာဝန်ကျစဉ်ကပေါ့။ ရိုးကလည်း ကျောင်းပြီးတော့ လုပ်ငန်းခွင်ဝင်ဖို့စောင့်နေချိန်၊ မောင်လေးအလတ်ကလည်း နောက်ဆုံးနှစ်ဖြေပြီးကာစ၊ မောင်လေးအငယ် ဆုံးက ဆယ်တန်းဖြေပြီးကာစအချိန်။ မိသားစုစုံစုံလင်လင်နေရတဲ့အချိန်က နည်းပါးတော့ အားလုံးစုံမိချိန်မှာ တနိုင်းမြို့ ဆိုတာ အင်မတန် ခြောက်ကပ်ပျင်းရိဖွယ် ကောင်းပေမယ့် ပျော်အောင်နေနိုင်ခဲ့ကြတယ်။ တနိုင်းရဲ့ ရာသီဥတုက ရိုးတို့လို မြေပြန့်ဒေသမှာကြီးပြင်းခဲ့တဲ့သူတွေအတွက်ဆိုရင်တော့ ကြမ်းတယ်လို့ဆိုရမလားပဲ။ နံနက်အစောပိုင်းမှာ မြူတွေ နှင်းတွေ ကျနေတတ်ပြီး နံနက် ၉ နာရီလောက်ဆိုရင် ထွက်လာတဲ့နေက မခံနိုင်အောင်ကို ပူလွန်းလှတယ်။ အဲ…နေ့လယ် ၂ နာရီလောက်ရောက်ပြီဆိုရင်တော့ မိုးတွေ သည်းသည်းမည်းမည်း ရွာချပြန်ပါလေရော။ ဒါကြောင့် တစ်ရက်ထဲမှာတင် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးကိုခံစားနေရပါလားလို့ မေမေက အမြဲပြောလေ့ရှိပါတယ်။
တနိုင်းမှာ သွားစရာ လာစရာ လည်စရာ ပတ်စရာကလည်း အင်မတန်နည်းပါတယ်။ တရုံချောင်းလို့ခေါ်တဲ့ သာယာလှပတဲ့ ချောင်းရှိပေမယ့်လည်း တစ်ခါတစ်ရံကလွဲလို့ မသွားဖြစ်ပါဘူး။ စားစရာ သောက်စရာလည်း အင်မတန်ရှားပါးပါတယ်။ တစ် ခုခုစားချင်ရင် မြစ်ကြီးနားကို လူကြုံနဲ့မှာရတယ်။ သူ့ဒေသ ထွက်ကုန်တော့ ရှိတာပေါ့လေ။ ရိုးတို့ကတော့ မိသားစု ၅ ယောက်နဲ့တင် ပျော်အောင်နေတတ်တာက သဘာဝဖြစ်နေပြီဆိုတော့ ဖေဖေကအိမ်ရှေ့မှာ ကြက်တောင်ကွင်းလုပ်ပေး ထားတယ်။ မိုးမရွာရင် ကြက်တောင်ရိုက်တယ်။ မိုးရွာရင် အိမ်ထဲမှာ ပင်ပေါင်ခုံလုပ်ပေးထားတော့ ပင်ပေါင်ရိုက်တယ်။ မဟုတ်ရင် ဂစ်တာတီးကြ သီချင်းဆိုကြနဲ့ ပျော်စရာပါပဲ။
နီးစပ်ရာဝန်ထမ်းတွေက မအားလပ်တဲ့အခါ သူတို့ကလေးတွေကို ရိုးတို့မောင်နှမက ခေါ်ထိန်းပေးကြပါတယ်။ ကလေးချစ် တတ်သူတွေကိုး။ သူတို့မိဘတွေအစည်းအဝေးသွားတဲ့အခါ စုပေါင်းသန့်ရှင်းရေးသွားလုပ်ကြတဲ့အခါ ရိုးတို့မောင်နှမသုံး ယောက်က ကလေးတွေကို ထိန်းပေးကြတယ်၊ တစ်ခါတစ်လေလည်း သူတို့အိမ်စာမပြီးသေးတဲ့အခါ စာပါသင်ပေးရတာပေါ့။ စိတ်လည်းရှည်ကြတော့ကလေးတွေကလည်း အိမ်မှာပျော်နေကြတယ်လေ။
အဲ….. အဲဒီမှာဇာတ်လမ်းကစတာ။
ကလေးတွေ အားလုံးထဲမှာ သဇင်ဆိုတဲ့ကလေးမလေးက ထူးခြားတယ်။ သူကစကားလည်းသိပ် မပြောဘူး။ သူ့မျက်လုံး လေးတွေက ၀ိုင်းစက်ပြီး မည်းနက်နေတော့ထင်ရှားတယ်။ သူက လူကြောက်တတ်ပုံ ပေါ်တယ်။ လူများလာရင်ထောင့်တစ် နေရာမှာကပ်ပြီးနေတတ်တယ်။ ဒါကို ရိုးက သတိထားမိတယ်။ ဒါကြောင့် လူများလာရင် သူ့ကို အနားခေါ်ထားရတယ်။ သူက မိန်းကလေးဆိုတော့ အလှအပကတော့ကြိုက်သား။ နှုတ်ခမ်းနီလေးများ သူ့အမေကဆိုးပေးထားလိုက်ရင် ဘာမှကို ကျွေးလို့မရတော့တဲ့သူ။
တစ်ရက်မှာတော့ နေ့လယ်ခင်း အေးအေးလူလူ သားအမိတွေစကားပြောနေကြတုန်း သဇင်ရောက်လာပါတယ်။ သူ့အမေက စုပေါင်းသန့်ရှင်းရေးလုပ်ရမှာမို့ လာအပ်သွားတာ။ သူ့မှာ စာအုပ်နဲ့ ခဲတံပါလာတဲ့အတွက် အိမ်စာကျန်သေးတယ်လို့ သိလိုက် ပါတယ်။ ဒါနဲ့ မေမေကပဲ ….
“လာ..လာ သဇင်လာ….အိမ်စာတွေ ကျန်နေသေးတာလား။ ကြီးကြီးနဲ့ အတူတူရေးကြမယ်နော်” ဆိုတော့ သဇင် ခေါင်း ညိမ့်တယ်။ မေမေ့အနားလာပြီး စာရေးဖို့ပြင်ဆင်တယ်။ သူရေးရမယ့် စာမျက်နှာရောက်တော့ သူ စရေးတယ်။ သဇင်က သူငယ်တန်းကျောင်းသူလေးပါ။ အဲဒီနေ့က သူရေးရမယ့် သင်ခန်းစာက `ထ´ ကို နှစ်မျက်နှာရေးရမှာ။ မေမေက သမီးလေး ရေးတတ်လားဆိုတော့ ရေးတတ်တယ်ကြီးကြီးဆိုပြီး သူက ရေးပြပါတယ်။ လက်ရေးလေးက ၀ိုင်းလို့။ ဒါနဲ့ မေမေကချီးကျူး စကားပြောပါတယ်။
“ဟယ် သမီးလေးက တော်လိုက်တာ။ ကြည့်စမ်း သားတို့ သမီးတို့ရေ သဇင်လက်ရေးလေးက ၀ိုင်းနေတာပဲ” ဆိုပြီး ရိုးတို့ မောင်နှမသုံးယောက်ကို ခေါ်ပြတာပေါ့။ ဒီတော့ ရိုးတို့လည်း ကလေးစိတ်ကျေနပ်အောင် စာအုပ်ကိုဝိုင်းကြည့်ပြီး ဟာ တော်လိုက်တာ။ ဟယ် ဒါ သဇင်ရေးတာလား။ ဆိုပြီး အသီးသီး ချီးကျူးစကားတွေ ပြောကြတာပေါ့။
ဒီတော့ အားလုံးက ၀ိုင်းပြီး ချီးကျူးထောမနာပြုကြတဲ့အခါ မယ်သဇင်မာန်တက်သွားပုံရပါတယ်။ မျက်လုံးဝိုင်းဝိုင်းကြီးတွေမှာ အရည်တွေတလဲ့လဲ့နဲ့ ပြုံးပြုံးကြီး အားရပါးရပြောချလိုက်တာက ….
“ဒါကြောင့် သမီးက အမြဲတမ်း ဘဲဇီးကွက်ရတာပေါ့ ကြီးကြီးရဲ့” တဲ့
“ဟေ”
“ဘယ်လို”
“ဘာကြီး”
“ဘဲဇီးကွက် ဟုတ်လား”
အာမေဋိတ်သံတွေ သားအမိ လေးယောက်ဆီက အသီးသီးထွက်လာကြပါတော့တယ်။ ဒီအချိန်မှာ ရုံးက ပြန်လာတဲ့ဖေဖေက နားစွန်နားဖျားကြားပြီး “ဇီးကွက်ဆိုတာ ညမှထွက်တာလေ သဇင်ရဲ့” ဆိုပြီး ပြောပါတယ်။
“ဟာ… ဘဘကြီးကလည်း မဟုတ်ပါဘူး….သဇင်က တော်လို့ အမြဲတမ်း အတန်းထဲမှာဘဲဇီးကွက် ရတာကိုပြောပြနေတာပါ” တဲ့။ သူကတောင် ပြန်ရှင်းပြနေလိုက်သေး။`မေမေရော ဖေဖေပါ ခေါင်းကုတ်လိုက်ကြပြီး သဇင့်နားမှာ ထိုင်ချလိုက်ပါတယ်။
နောက်ပြီး တစ်ယောက် တစ်ခွန်း မေးကြတာပေါ့။
“သမီး ဆရာမက သမီးတော်လို့ အရုပ်ကလေးတွေလုပ်ပေးတာလား”
“ဟုတ်ပါဘူး ကြီးကြီးရဲ့”
“အော် သိပြီ ဇီးကွက်ရုပ်တွေ ဈေးထဲက ၀ယ်ပေးတာ ဟုတ်တယ်မို့လား”
“အာ… ကိုကြီးကလည်း ဟုတ်ပါဘူး”
“ဘယ်လိုလေးလဲ ဘဲဇီးကွက်က ပြောပြပါဦး ပုံစံလေးလေ”
“မမကြီးကလည်း ဒီလိုလေးလေ ဘောပင်အနီလေးနဲ့လုပ်ပေးတာ”
“အော်….. မင်နီနဲ့ ဘဲရုပ်ဆွဲပေးတာလား သဇင်ရဲ့”
“ဘဘကြီးကလည်း ဟုတ်ပါဘူးဆို”
ပြောရင်းနှင့် သဇင် စိတ်မရှည်တော့။ သူ့စာအုပ် အရှေ့ကို တဖျပ်ဖျပ်လှန်သည်။ သူဘာရှာနေပါလိမ့်။ အားလုံးကလည်း သူလှန်သမျှစာရွက်ကို လိုက်ကြည့်ရတာ ခေါင်းတွေ ဘယ်ညာယမ်းနေပြီ။ မတွေ့သေး။ ရှေ့မှနောက် နောက်မှရှေ့ သုံးလေး ခေါက်လှန်ပြီး သူစိတ်မရှည်တော့။ သဇင် မတ်တပ်ရပ်သည်။
တံခါး ပေါက်ဆီသို့ တစ်လှမ်းချင်း…
“ဟဲ့…ဟဲ့..ဘယ်သွားမလို့လဲ”
“နေဦးလေ သဇင်… မေမေ လာခေါ်မှ သွားရမယ်”
အားလုံးဝိုင်းတားနေစဉ်မှာပင် သဇင့်အမေ ခြံထဲဝင်လာသည်ကို မြင်လိုက်ကြရသည်။ သူ့အမေကို အိမ်ပေါ်ကိုပင် အတက် မခံ သဇင်က လက်ဆွဲပြီးခေါ်သွားသည်။ သူ့အမေခမျာ သဇင်ခေါ်ရာနောက် တကောက်ကောက်ပါသွားလေတော့သည်။ ရိုးတို့ လည်း သဇင်စိတ်ကောက်သွားပြီအထင်ဖြင့်သူ့စာအုပ်နှင့်ခဲတံလေးကို သိမ်းရင်း ဘဲဇီးကွက် အတွေးကိုယ်စီဖြင့် ငြိမ်နေ ကြစဉ် သဇင် အိမ်ပေါ်ပြန်ပြေးတက်လာသည်။ အမောတကော ဖြင့်လက်ထဲတွင်လည်း ဗလာစာအုပ်တစ်အုပ်ကို ကိုင်ထား သည်။
“ဘဘကြီး၊ ကြီးကြီး၊ မမကြီးနဲ့ ကိုကြီးတို့ ဒီမှာလာကြည့်။ သဇင့်ဘဲဇီးကွက်တွေ ဒီစာအုပ်ထဲမှာ အားကြီးပဲ”
ရိုးတို့လည်း အပြေးအလွှား သဇင့်နားမှာစုဝေးရောက်ရှိလာပြီးသူ့စာအုပ်ထဲငုံ့ကြည့်လိုက်စဉ် တွေ့လိုက်ရတာကလေးကြောင်း မျဉ်းတွင်ဝိုင်းစက်လှပစွာရေးထားသော သဇင့်လက်ရေးများ၏ ညာဘက်အောက် ထောင့်တွင်မင်နီဖြင့် သေသပ်စွာလတ် မှတ်ထိုး၍ အင်္ဂလိပ်လိုရေးထားသည့်ဆရာမ၏ Very Good စာလုံးပင်..။
အားလုံး ပါးစပ်အဟောင်းသားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြစဉ် သဇင့် အမေ၀င်ပြောလိုက်သော စကားကြောင့် မျက်လုံးများပင်ပြူးကျယ်သွားရတော့သည်။
“အဘနဲ့ အစ်မရယ် သဇင်လေးက ကျောင်းမှာအမြဲ ဘဲဇီးကွက်ရတာလေ…. ရမှာပေါ့ သူက ၀ရိန်းကောင်းတော့လေ……”
“ဟာ….လာပြန်ပဟ ၀ရိန်းကောင်းတယ် ဟုတ်လား” ဖေဖေ့မှာ ရုံးကပြန်လာကတည်းကဘာသာ စကားအသစ်များဖြင့် ချာ လပတ်ရမ်း နေရရှာသည်။
“ဟုတ်တယ်လေ အဘရဲ့…. ၀ရိန်းကောင်းတယ် သဇင်က….ဆရာမ သင်သမျှအားလုံး ခဏဆိုတတ်တာ.. မှတ်လည်း မှတ် မိတယ်… ကျွန်မတို့ကျတော့ ၀ရိန်းမကောင်းတော့ လေးတန်းနဲ့ထွက်ခဲ့ရတာ… တော်သေးတယ် အဘရေ… အမေနဲ့တူလို့ တော့ ၀ရိန်းကောင်းမှာဟုတ်ဘူး… သူ့အဖေနဲ့တူလို့နေမှာ”
ဒီတော့မှ ရိုးတို့ သဘောပေါက်သွားရတော့သည်။ ၀ရိန်းဆိုတာ သူက ဘိုလိုပြောနေတာကို Brain ကောင်းတယ် ပြောနေ တာကိုး။
ဂုဏ်ယူဝင့်ကြွားစွာပြောရင်း သဇင်ကလည်း မြောက်ကြွကြွဖြင့်သူ့စာအုပ်များကောက်သိမ်းကာ သားအမိနှစ်ယောက်ပြန် သွားကြလေတော့သည်။ ရိုးတို့ မိသားစုမှာသာ ပါးစပ်အဟောင်းသားဖြင့် ၀ရိန်းကောင်းသော သားအမိကိုငေးလျက်…။
"ပညာမြင့်ပြီး လူမျိုးတင့်နိုင်စေရန်"
ရည်ရွယ်လျက်.....
ရိုးပြေပြစ်အောင်
03102015 (Sat - 11:00PM)
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၅
Open Source URL
http://moemaka.com/archives/46367
Sunday, October 04, 2015
သိုဝှက်ခြင်း
Subscribe to:
Posts (Atom)
-
ဓာတ်ပုံ−ညီညီဇော်(7daydaily) စာအုပ်အငှားဆိုင်လေးထဲသို့ ၀င်လိုက်သည့်အခါ တိတ်ဆိတ်ခြင်းက စတင်ဆီးကြိုနှုတ်ဆက်သည်။ ညီညီညာညာ စီထားပုံရသော...
-
Apessimist sees the difficulty in every opportunity; an optimist sees the opportunity in every difficulty. Winston Churchill (1874 - 196...
-
Photo - Google Image My Books are friends that never fail me. Thomas Carlyle (1795-1881) ကျွန်တော့ စာအုပ်တွေဟာ ကျွန်တော့ကို ဆံ...







