Wednesday, September 30, 2015
သူငယ်​ချင်းလို့ပဲ ဆက်​၍​ခေါ်ချင်​သည်​။
Credit >>> google images
မင်းရင်​ထဲမှာ ရှိတဲ့အရာကို
ငါ သိ​နေပါတယ်​။
မင်း နှုတ်​ခမ်း​တွေကို 
အိပ်​​မွေ့ချထားလိုက်​စမ်းပါ။
ကြေကွဲရမယ်​မှန်း သိလျက်​နဲ့
ဒီလမ်းကို ဆက်​မ​လျှောက်​သင့်​ဘူး။
ပြိုကွဲခြင်း​တွေ ​တွေ့လာနိုင်​တယ်​။
ဒီ​တော့...
ဒီအတိုင်းပဲ ရှိပါ​စေ​တော့ကွာ။
ပို​နေမြဲ ကျား​နေမြဲ​ပေါ့။
အတ္တ​တွေကို အံဝှက်​ထဲမှာ ထည့်​ဝှက်
အပြာ​ရောင်​ဟာ ကြာလာရင်
မဲနယ်​​ရောင်​ စွက်​လာတတ်​သလို
အချစ်​မှာလည်း ကြာလာရင်
ငြီး​ငွေ့လမ်းခွဲခြင်း​တွေ ကပ်​ငြိလာတတ်​တယ်​။
သူငယ်​ချင်း​ရေ...
အဖြူ​ရောင်​ထဲမှာပဲ
အဖြူ​ရောင်​ ​ရောယှတ်​ကြမယ်​။
ခင်​မင်​ခြင်းဆိုတာ
ထာဝရစီးဆင်းတဲ့ မြစ်​တစ်​စင်းပါ။
ခွဲခွာခြင်း ရပ်​တန့်​ခြင်း မရှိတဲ့ 
မြစ်​တစ်​စင်းထဲမှာ
တို့​တွေ ထာဝရ သူငယ်​ချင်းပဲ​ပေါ့။
နွေ​ဝေနှင်း (မန္တလာ​မြေ)
Credit >>> google image