Friday, September 30, 2016

ချစ်သောတွမ်အင်န်ဂျယ်ရီ


Photo - google image

ငါဟာ 
ငါမဖြစ်ခဲ့ဘူးဆိုရင်
တွမ်အင်န်ဂျယ်ရီ ဖြစ်ချင်တယ်။

ဘယ်သူကလိုက်လိုက်
ဘယ်သူကပြေးပြေး
အားလုံးကိုအပြုံးဆေး ကျွေးနေရရင်
ပြတ်သွားတဲ့လက်တွေ ပြန်ဆက်မယ်။
ကွဲသွားတဲ့ခေါင်းတွေ ပြန်ကောင်းမယ်။
ဆယ်ပေါင်တူကြီးနဲ့ထုပြီး 
ပုသွားတော့လည်း ပြန်ရှည်မယ်။

နာကျင်ရလွန်းလို့
ထွက်သွားရတဲ့ကြယ်တွေလည်းပဲ
ပြန်လည်ချိတ်ဆွဲတောက်ပမယ်။

တွမ်အင်န်ဂျယ်ရီဆိုတာ
အမြှောက်ထဲထည့်ပစ်ခံရပြီး
ပြန်လာနိုင်ကြတဲ့ သူရဲကောင်းတွေပဲ။

သုခမိန်လှိုင်