Credit >>> Google Image |
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်မဟာ
ကောလိပ်တက်နေဆဲမှာ ကျွန်မတို့တက္ကသိုလ်ရဲ့
သဘာဝသမိုင်းပြတိုက်မှာ အလုပ်သင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။
တစ်ညနေ ကျွန်မပြတိုက်က လက်ဆောင်ပစ္စည်းအရောင်းဆိုင်ရဲ့ ငွေသိမ်းစက်နားမှာ အလုပ်လုပ်နေတုန်း အသက်ကြီးကြီးစုံတွဲတစ်တွဲ
လက်တွန်းလှည်းစီးလာတဲ့ မိန်းခလေးတစ်ယောက်နဲ့ အတူဝင်လာတာတွေ့လိုက်ရတယ်။
ကောင်မလေးကို သေသေချာချာကြည့်လိုက်တော့ သူမဟာ လက်တွန်းလှည်း စီးလာတာတောင် မဟုတ်ဘဲ လက်တွန်းလှည်းပေါ် တင်ထားတာလို့ပဲ ပြောရမယ်ထင်တယ်။
အဲဒီမိန်းကလေးမှာ ခြေတွေလက်တွေ မရှိဘူး။
ခေါင်းနဲ့ လည်ပင်းရယ် ကိုယ်အထက်ပိုင်းရယ်ပဲ ပါတယ်လေ။ သူမဟာ အဖြူရောင်အောက်ခံမှာ
အနီရောင် ဘောလုံးပြောက်လေးတွေပါတဲ့ ဝတ်စုံသေးသေးလေးကို ဝတ်ထားတယ်။ လူကြီးစုံတွဲက သူမကို ကျွန်မဘက် တွန်းလာတဲ့အချိန်မှာ ကျွန်မ ငွေသိမ်းစက်ကို ငုံ့ကြည့်နေလိုက်တယ်။ ပြီးတော့ ကျွန်မ မိန်းကလေးဆီကို လှည့်ကြည့်ပြီး မျက်စိတစ်ချက် မှိတ်ပြလိုက်ပါတယ်။
သူမရဲ့ အဘိုးနဲ့အဘွားဆီက ကျသင့်ငွေကို လှမ်းအယူမှာ မိန်းမငယ်လေးကို ကျွန်မပြန်ကြည့်လိုက်တယ်။ သူမဟာ ကျွန်မမြင်ဖူးသမျှ ချစ်စရာ အကောင်းဆုံး၊ အပြည့်ဝဆုံး အပြုံးနဲ့ ကျွန်မကို ပြုံးပြနေတာ တွေ့လိုက်ရပါတော့တယ်။ အဲဒီတစ်ခဏမှာပဲ သူမရဲ့ ကိုယ်အင်္ဂါ ချွတ်ယွင်းချက်တွေအားလုံး ပျောက်ကွယ်သွားပြီး ကျွန်မ မြင်လိုက်ရတာကတော့ ဒီမိန်းမလှလေးဟာ ကျွန်မတစ်ကိုယ်လုံး အရည်ပျော်သွားအောင် လုပ်ပြီးတော့ ဘဝဆိုတာ ဘာလဲဆိုတဲ့ အမြင်သစ် တစ်ခုကို ရုတ်တရက် ပေးလိုက်တာပါပဲ။ ကျွန်မကို ဆင်းဆင်းရဲရဲနဲ့ မပျော်မရွှင်ဖြစ်နေတဲ့ ကောလိပ်ကျောင်းသူလေး အဖြစ်ကနေ ဆွဲထုတ်ပြီးတော့ သူမရဲ့ ကမ္ဘာလေးဆီ ခေါ်ဆောင်သွားခဲ့တာပါပဲ။ အပြုံးတွေ၊ ချစ်မေတ္တာတွေနဲ့ နွေးထွေးမှုတွေ ပြည့်နေတဲ့
ကမ္ဘာလေးပေါ့။
ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဖြစ်အပျက်ကလေးပါ။ အခုတော့ ကျွန်မဟာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ လောကကြီးမှာ ကြုံရတဲ့ ဒုက္ခသုက္ခတွေအကြောင်း တွေးမိတိုင်းမှာ ကျွန်မ အဲဒီမိန်းကလေးကို သတိရမိတယ်။ ကျွန်မကို သူသင်ကြားပေးခဲ့တဲ့ မှတ်သားလောက်စရာ ဘဝသင်ခန်းစာကိုလည်း အမှတ်တရ ရှိနေဆဲပါပဲ။
သာမာန်မြင့် (မိတ္ထီလာ)
The Best English Magazine
No. (151), January, 2012 မှ