Thursday, August 10, 2017
အဆို​တော်​ဦးခိုင်​ထူး အတွက်
Photo - ဂီတအ​​​ကြောင်း​သောင်း​ပြောင်း​ထွေလာ Facebook Page မှ
စစ်​ကိုင်းလမ်း မှသည်
မမြင်​နိုင်​​သော
ဟိုး အ​ဝေး လမ်းမကြီးဆီ သို့...
ဦးခိုင်​ထူး ထွက်​ခွာသွားခဲ့ပြီ။
အားလုံးကို ​ကျော်​ဖြတ်​ရမယ်​ တဲ့။
သေခြင်းတရားကို
ကျော်​ဖြတ်​မရနိုင်​တဲ့ အ​ကြောင်း
အားလုံးကို တရားပြသွားတယ်​ထင်​ပါရဲ့။
မရဏမင်းဟာ
ဦးခိုင်​ထူးရဲ့ အသက်​နဲ့ ခန္ဓာကိုယ်​ကိုသာ
ရိတ်​သိမ်းလိုက်​နိုင်​တယ်​။
ဦးခိုင်​ထူး စိုက်​ခဲ့တဲ့ သီချင်း​တွေကို​တော့ 
မရိတ်​သိမ်းနိုင်​ရှာဘူး။
သီချင်းတစ်​ပုဒ်​ ပန်းတစ်​ဆုပ်​။
ဦးခိုင်​ထူးဆိုတဲ့ အမည်​နဲ့
ဘယ်​​တော့မှ ​ပျောက်​မသွားဘူး။
ဦးခိုင်​ထူးဆိုတဲ့ 
ဂီတသမားတစ်​​ယောက်​ရဲ့ 
လက်​ထဲက ပန်းတစ်​ဆုပ်
ဘယ်​​တော့မှ ​ခြောက်​မသွားဘူး။
အဆို​တော်​ ဦးခိုင်​ထူး
ကောင်းရာမွန်​ရာ ဘုံဘဝသို့
ရောက်​ပါ​စေဗျာ...။
Photo - ဂီတပျိုးခင်း-ဂီတာအ​ခြေခံပုံပြ Lesson Facebook Page မှ
ကိုစိုင်းငယ်​(tgi)
09.08.2017(11:45PM)