ကိုစိုင်းငယ်(တောင်ကြီး)
Thursday, September 24, 2015
ပျော်ရွှင်မှု၏ အကောင်းဆုံး လျှို့ဝှက်ချက်
ပျော်ရွှင်မှု၏ အကောင်းဆုံး လျှို့ဝှက်ချက်မှာ
စွန့်လွှတ်ခြင်း ဖြစ်သည်။
The best secret of happiness is renunciation.
(Andrew Carnegie)
အား
"နွား" ဖြစ်လို့
"အား" ဖြစ်ဖို့ "မြက်" ကိုစားရတယ်။
"ကျား" ဖြစ်လို့
"အား" ဖြစ်ဖို့ "အသက်"ကိုစားရတယ်။
"နွား"..နဲ့.."ကျား" ဟာ
"အား" ဖြစ်ဖို့ အစားအစာ မတူပါလဲ။
"နွား"...က
"မြက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
တစ်ဖက်သားကို အပြိုင်ကူ။
"ကျား"..က
"အသက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
တစ်ဖက်သားကို အနိုင်ယူ။
အသုံးချပုံခြင်း မတူပေမယ့်....
"မြက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
"နွား"ကို အပြစ်တင်လျှက် ဆူနေငြားလဲ။
(တစ်ကယ်တော့)
"အသက်" စားလို့ဖြစ်တဲ့ "အား" နဲ့
"ကျား" ဖြစ်ချင်တဲ့ သူတွေများတယ်။
လင်းထင် (အနာဂတ်သစ်)
ညီမလေးအတွက်
ညီမလေးရေ...
ဘဝဆိုတာ
လွယ်လွယ်ပွင့်တဲ့ ပန်းမဟုတ်ဘူး။
ဒါကြောင့်...
အလိမ်အညာနဲ့လာပြီး လှမ်းနိုင်တဲ့
လက်ကမ်းမှုတွေကို
ညီမလေး အမြဲသတိပြုပါ။
မာယာနဲ့လာပြီး နမ်းနိုင်တဲ့
နှုတ်ခမ်းပေါင်းများစွာကိုလည်း
ညီမလေး သတိထားပါ။
ကိုစိုင်းငယ်(တောင်ကြီး)
30.August.2015(9:41PM)
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
ဝင်စတန်ချာချီ(၁၈၇၄ - ၁၉၆၅)
စာအုပ်အငှားဆိုင် လွမ်းချင်း
ဓာတ်ပုံ−ညီညီဇော်(7daydaily) စာအုပ်အငှားဆိုင်လေးထဲသို့ ၀င်လိုက်သည့်အခါ တိတ်ဆိတ်ခြင်းက စတင်ဆီးကြိုနှုတ်ဆက်သည်။ ညီညီညာညာ စီထားပုံရသော...
Thomas Carlyle ၏ အတွေးဒဿန
Photo - Google Image My Books are friends that never fail me. Thomas Carlyle (1795-1881) ကျွန်တော့ စာအုပ်တွေဟာ ကျွန်တော့ကို ဆံ...
ဝင်စတန်ချာချီ(၁၈၇၄ - ၁၉၆၅)
Apessimist sees the difficulty in every opportunity; an optimist sees the opportunity in every difficulty. Winston Churchill (1874 - 196...