Wednesday, January 25, 2017
ထွက်ပေါက်
ပူပင်သောကတွေကို
သက်ပြင်းနဲ့အတူ မှုတ်ထုတ်လိုက်ပေမဲ့
လျော့ကျမသွားတဲ့ရင်ဘတ်က
ကျောက်တုန်းနဲ့ ဖိနင်းထားသလို
လေးလံလွန်းလှ
အသွင်မတူ အိမ်သူမဖြစ်တဲ့
အိမ်သူဖြစ်ပေမဲ့
အသွင်တူတာကော
သေချာလို့လား…
အချစ်နဲ့စစ်ဟာ အတူတူပဲ
အိမ်ထောင်ဟာ တစ်သက်စာ
လွတ်ရက်မရှိတဲ့ အကျဉ်းထောင်
ထွက်ပေါက်မရှိ ဂယ်ပေါက်မရှိ
ကယ်သူမရှိ လူသူမရှိ
ကြမ်းတမ်းတဲ့လမ်းဆိုတာ
တကူးတကမဟုတ်ဘူး
ဘဝခရီးလမ်းပဲ…
အလိုကျရင်ပျော်တယ်
အလိုမကျရင်ငိုတယ်
ရမ္မက်နဲ့ကျတဲ့ အိမ်ထောင်
ထွက်ချေနဲ့ကျတဲ့ အိမ်ထောင်
မေတ္တာနဲ့ကျတဲ့ အိမ်ထောင်
ငါတော့…
ဘယ်အိမ်ထောင်မှသဘောမကျဘူး…
ဖြစ်နိုင်ရင်
ထောင်တွေအကုန်လုံးကိုရိုက်ချိုးပြီး
ထောင်ထဲက လူတွေအားလုံးကို
အတောင်ပံတစ်စုံဆီတပ်ပေးလိုက်ချင်တယ်
ငါကိုယ်တိုင် အတောင်ပံ
တစ်စုံတပ်ပြီး ထောင်တွေနဲ့ အဝေးဆုံး
ကမ္ဘာတစ်ခုဆီခုပဲ
လွတ်လွတ်လပ်လပ်ပျံသန်းသွားချင်ပါရဲ့….
ကသစ်ညို
July 8th, 2016 Yati ရသကဗျာ
Open Source URL
http://yatimagazine.com/archives/18747
Subscribe to:
Posts (Atom)
-
အိမ်ဖြူတော်သည် အမေရိကန် သမ္မတ၏ တရားဝင်စံအိမ် နှင့် အလုပ်တက်ရာရုံး ဖြစ်ပြီး အမှတ် ၁၆၀၀ ပင်စီဗေးနီးယားရိပ်သာလမ်း၊ ဝါရှင်တန်ဒီစီတွင် တည်ရှိသည...
-
ဓာတ်ပုံ−ညီညီဇော်(7daydaily) စာအုပ်အငှားဆိုင်လေးထဲသို့ ၀င်လိုက်သည့်အခါ တိတ်ဆိတ်ခြင်းက စတင်ဆီးကြိုနှုတ်ဆက်သည်။ ညီညီညာညာ စီထားပုံရသော...
-
လူဖြစ်လာခိုက် စိတ်ယုတ်ပယ်ကာ ရှင်သန်ပါမူ ရန်သူနည်းပါး ခင်(ချစ်)သူများမည်။ ကိုစိုင်းငယ်(တောင်ကြီး)