တရုတ်ပြည် ယူနန်ခရိုင်မှာရှိတဲ့ ကျေးလက်စာသင်ကျောင်းလေးတခုမှာ လက်နှစ်ဖက်လုံးမရှိသော အမျိုးသားတဦးဟာ ဆယ်စုနှစ်တစုကျော်မျှ ကျောင်းဆရာတယောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့တာပါ။
အသက် ၄၁ နှစ်အရွယ် ဂျန်ရှန်ဖ ဟာ ၁၉၉၆ ခုနှစ်က လျှပ်စစ်နဲ့ပတ်သက်တဲ့ထိခိုက်မှုတခုဖြစ်ပွားခဲ့ပြီးနောက် သူ့ရဲ့ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသူပါ။ သို့ပေမယ့်လည်း သူ့ကျေးရွာက မူလတန်းကျောင်းတခုမှာ လွန်ခဲ့သော ၁၂ နှစ်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ ကျောင်းဆရာအလုပ်ကို မရပ်ဆိုင်းလိုက်ဘဲ ဆက်လက်လုပ်ကိုင် လာခဲ့ပါတယ်။ သူ့မှာ လက်နှစ်ဖက်လုံးမရှိစေကာမူ ပါးစပ်နဲ့ စာအုပ်ရဲ့ စာမျက်နှာတွေကို လှန်ခြင်း၊ သူ့ရဲ့ ညာဘက်လက်တိုလေးနဲ့ မြေဖြူခဲကိုင်ကာ ကျောက်သင်ပုန်းမှာ ရေးသားခြင်းတို့ဖြင့် စာသင်ကြားပေးခဲ့တာပါ။
ဂျန်ရဲ့ လက်ရေးဟာ လက်နှစ်ဖက်လုံးမရှိတဲ့သူတဦးအတွက် တော်တော် အံ့သြစရာကောင်းလောက်အောင် လှပလွန်းပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ မမောနိုင်မပန်းနိုင် ကြိုးစားလေ့ကျင်ခဲ့ခြင်းရဲ့ အရင်းခံလို့ ဆို ရမှာပါ။
၂၀၁၃ ခုနှစ်မှာ အွန်လိုင်းနဲ့ စတင်ထိတွေ့လာတဲ့ ဂျန်ဟာ Henan ခရိုင်မှာရှိသော တက္ကသိုလ်တခုမှာ စာသင်ကြားပေးဖို့ ကမ်းလှမ်းခံခဲ့ရပြီး ယခုလက်ရှိမှာ အမြင့်ဆုံးလစာဖြင့် လုပ်ကိုင်နေရပါပြီ။ ဒါပေမယ့် သူ့ရဲ့ မွေးရပ်ဇာတိက သူစတင်လုပ်ကိုင်လာခဲ့တဲ့ မူလတန်းစာသင်ကျောင်းမှ စာသင်သားလေးတွေကို သူဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ငါ့ရဲ့ အပျော်ရွှင်ဆုံးအချိန်ကလတွေကတော့ ကလေးတွေနဲ့အတူ ရှိနေခဲ့တဲ့အချိန်တွေပါပဲ” လို့ ဂျန်က ပြောခဲ့ပါတယ်။
Ref: CCTV news
Credit >>> The Irrawaddy's Blog
Open Source URL
http://blog.irrawaddy.org/2015/09/blog-post_79.html?m=1