Saturday, September 12, 2015

ညီမ​လေး အတွက်



ညီမ​လေး.....
ဘဝဆိုတာ ပြိုင်ပွဲ​တစ်​ခုဆိုရင်
ရှုံးရှုံးနိုင်​နိုင်
ညီမ​လေး ဝင်​ပြိုင်​ရဲရမယ်​။

ရှုံးတဲ့အခါ ထိုင်​ချမပစ်​ပါနဲ့။
ထနိုင်​သ​လောက်​ ညီမ​လးပြန်​ထပါ။

နိုင်​တဲ့အခါ မာနမဝင်​မိပါ​စေနဲ့။
အဲဒီမာနဆိုတဲ့အရာကို
ခွာချနိုင်​သ​လောက်​ ညီမ​​လေးခွာချထားပါ။

ညီမ​လေး​.....
ဘဝဆိုတာ
ပြိုင်​ပွဲတစ်​ခုလို့သက်​မှတ်​ထားရင်
မတရား​တဲ့နည်းနဲ့
အနိုင်​မယူတတ်​ပါ​စေနဲ့။
တရားသဖြင့်​ ကျရှုံးမှုကိုလည်း
ဂုဏ်​ယူတတ်​ပါ​စေ။

ကိုစိုင်းငယ်​(​တောင်​ကြီး)
20.08.2015-12:10PM

No comments:

Post a Comment