Tuesday, August 15, 2017

မြက်ပင်


Photo - Google Image

မိုးမြင့်​တွင်​ ​အောင်​လံလွင့်
သဇင်​ကဲ့သို့
ပွင့်​​ဝေခွင့်​မရ​သော်​လည်း
ကိစ္စမရှိပါ။

မြေပြင်ထက်​​တွင်
လွတ်​လပ်​စွာ ရှင်​သန်​ခွင့်​ရခဲ့​ပြီး
ငှက်​က​လေး​များ၏ အသိုက်
ကျွဲ၊နွား၊သိုး၊ဆိတ်​များ၏ အစာ
ဖြစ်​ရသည်​ အတွက်
ငါ ​ကျေနပ်​သည်​။

ငါ့ကို ဘယ်သူ နင်းနင်း
စိမ်းလန်းစို​ပြေသည့်သီချင်း
ငါ ဆို​နေမည်​။

ကိုစိုင်းငယ်​(​တောင်​ကြီး)

1 comment:

  1. ငါ့ကို ဘယ်သူ နင်းနင်း
    စိမ်းလန်းစို​ပြေသည့်သီချင်း
    ငါ ဆို​နေမည်

    ReplyDelete