Thursday, January 14, 2016

တစ်ခါကနွေ ... သို့ ...



နွေရဲ့ အငွေ့အသက်တွေကို
လှမ်းမြင်နေရပြီ နွေ...။

ဟိုး...
တစ်ဘက်ကမ်းမှာ
ခမ်းခြောက်သွားတဲ့ အနမ်းတွေဟာ
အလွမ်းအဖြစ်
ပက်ကြားအက်ခဲ့ပေါ့။

နွေ...
ပူလောင်ခြင်းကင်းတဲ့
သီချင်းတွေ ဆိုညည်းလို့
ရှေ့ဆက်
အောင်မြင်သည်ထက် 
ပိုပြီး အောင်မြင်ပါစေ။

လေအတိုက်မှာ
ကြွေသွားတဲ့ သစ်ရွက်သေတွေလို
မင်းစိတ် မလေပါစေနဲ့။

နွေ...
တစ်ခါတစ်လေ
ငါ့ကို သတိရပေးပါ။

တစ်ခါတစ်လေလေးပါ နွေ...။

ကိုစိုင်းငယ်(တောင်ကြီး)
13.01.2016(3:14PM)


2 comments:

  1. မြန်မာပြည်ရဲ့နွေကို ပြန်လည်ခံစားလိုက်ရတယ်။

    ReplyDelete
  2. COMMENT တွေ ဝင်ရေးပေးသွားတဲ့အတွက်
    အထူး ကျေးဇူးပါ မစံပယ်။

    ReplyDelete