Tuesday, September 15, 2015

ငှက်​က​လေး





သူမဟာ...
ချစ်​စရာ​ကောင်းတဲ့
ငှက်​​ကလေး တစ်​​ကောင်​​ပေါ့။

မုန်းစရာ​ကောင်းတဲ့ ငှက်​​လှောင်​အိမ်​က
ကျွန်​​တော်​...။

မွန်းကျပ်​ကျဉ်း​မြောင်းတဲ့
လှောင်​အိမ်​​ထဲက​နေ
အ​တောင်​ပံ တစ်​ဖျပ်​ဖျပ်​ခတ်​ပြီး
ထွက်​​ပြေးလွတ်​​မြောက်​ဖို့
သူမ ကြိုးစားတယ်​။

----- ------- ---
----- ------- ---

သူမ မမှားပါဘူး။
သူမကို
တားဆီးချုပ်​​နှောင်​ထားခဲ့သူ
ကျွန်​​တော်​ပဲမှားတာပါ။

တစ်​ကယ်​​တော့...

ငှက်​ဆိုတာ
လွတ်​လပ်​မှု အရသာကို
ခုံမင်​နှစ်​သက်​တာ
သဘာဝပဲ​လေ။

----- ------- ---
----- ------- ---

ချစ်​​သော ငှက်​ငယ်​​လေး​ရေ...
ငါဆိုတဲ့ ​လှောင်​အိမ်​​ထဲက​နေ
နင်​...ပျံလိုရာ
လွတ်​လပ်​စွာ ပျံသန်းသွားပါ​တော့...။

အ​နှောင်​အဖွဲ့​တွေနဲ့ ​ဝေးတဲ့​နေရာမှာ
ငှက်​က​လေး ​ပျော်​နိုင်​ပါ​စေ။

ကိုစိုင်းငယ်​(​တောင်​ကြီး)
20.07.2015(Mon Day)

Monday, September 14, 2015

ငါသည်​.....



kosainge.taunggyi@gmail.com


ငါသည်

လူဖြစ်​သည်​။

ထို့​ကြောင့်

လူပီသ​အောင်

နေရမည်​။


ကိုစိုင်းငယ်​(​တောင်​ကြီး)

Saturday, September 12, 2015

ညီမ​လေး အတွက်



ညီမ​လေး.....
ဘဝဆိုတာ ပြိုင်ပွဲ​တစ်​ခုဆိုရင်
ရှုံးရှုံးနိုင်​နိုင်
ညီမ​လေး ဝင်​ပြိုင်​ရဲရမယ်​။

ရှုံးတဲ့အခါ ထိုင်​ချမပစ်​ပါနဲ့။
ထနိုင်​သ​လောက်​ ညီမ​လးပြန်​ထပါ။

နိုင်​တဲ့အခါ မာနမဝင်​မိပါ​စေနဲ့။
အဲဒီမာနဆိုတဲ့အရာကို
ခွာချနိုင်​သ​လောက်​ ညီမ​​လေးခွာချထားပါ။

ညီမ​လေး​.....
ဘဝဆိုတာ
ပြိုင်​ပွဲတစ်​ခုလို့သက်​မှတ်​ထားရင်
မတရား​တဲ့နည်းနဲ့
အနိုင်​မယူတတ်​ပါ​စေနဲ့။
တရားသဖြင့်​ ကျရှုံးမှုကိုလည်း
ဂုဏ်​ယူတတ်​ပါ​စေ။

ကိုစိုင်းငယ်​(​တောင်​ကြီး)
20.08.2015-12:10PM

သစ်​ပင်


သင်​...
ပူ​လောင်​အိုက်​စက်​​သောအခါ
ကျွနု​ပ်​၏အရိပ်​ကို ``ခို´´ပါ။

ထို​အေးရိပ်​ကို
သင်​...
မလို​အပ်​တော့သည့်​အခါ
ကျွနု​ပ်​ကို``ဖြို´´ပါ။

ကိုစိုင်းငယ်​(​တောင်​ကြီး)
06.09.2015(9:51PM)