ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
“ဒီနေ့က ကျွန်တော့်သား (၁၀) နှစ်ပြည့်တဲ့မွေးနေ့ပေါ့။ သူက သိပ်ခံစားတတ်တာ။ သူများရဲ့ ပြဿနာ တွေဆိုလည်း
သိပ်ဖြေရှင်းပေးချင် တယ်လေ”
“တစ်ခါက (၅) နှစ်သားအရွယ်မှာ ကျွန်တော်နဲ့အတူ သားကစတိုး ဆိုင်ကိုဈေးဝယ်ဖို့ လိုက်လာတယ်။ အဲဒီမှာ
မက်မွန်သီးလတ်လတ်ဆတ် ဆတ်ရလို့ (၂) ပေါင်
ဝယ်လိုက်တယ်။ ပြီးတော့ အဲဒီမက်မွန်သီးအိတ်ကို
သူ့ကို သယ်ခိုင်းခဲ့တယ်”
“သူက တစ်လမ်းလုံး ကျွန်တော့်နောက်ခပ်လှမ်းလှမ်းကနေ လိုက်လာနေခဲ့တယ်။ ခဏလေးကြာတော့
မုန်လာဥ ထုတ်ကို ကျွန်တော့်ကိုပေးဖို့ လှည့်တောင်းလိုက်တယ်”
သူကချက်ချင်းပဲ ... “ပေးစရာမရှိတော့ဘူး ... သူများတွေကို ဝေပေးလို့ကုန်ပြီ” တဲ့လေ။ ကျွန်တော် သိလိုက်တယ် ... လူသားချင်းစာနာတတ်တဲ့ လူသားတစ်ယောက်ကို
ကျွန်တော် မြေတောင်မြှောက်ခွင့်ရခဲ့ပြီ ဆိုတာကိုပါ။
(ထိဘရစ်မြို့၊ အီရန်နိုင်ငံ)
အဲဒီစာကို ဖတ်ပြီး Humans of New York Page ရဲ့ ပို့စ်အောက်မှာ အမေရိကန်သမ္မတ အိုဘားမားက ...
“သိပ်အားကျဖို့ ကောင်းတဲ့ဇာတ်လမ်းလေးပဲ၊ ကျေနပ်စရာအကောင်း ဆုံးစွမ်းဆောင်မှုနဲ့အတူ မိဘတစ်ယောက်
အနေနဲ့ ခင်ဗျားလုပ်ပေးနိုင်တာကတော့ ကိုယ့်ကလေးဟာ သူ့လုပ်ရပ်အပေါ်မှာ သူဘာလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့အချိန်မှာ တန်ဖိုးထားတတ်အောင် ကြည့်တတ်ဖို့ပါပဲ”
“ဒီကလေးက ကျုပ်ရင်ကို ဆို့နစ်စွာခံစားရစေတယ်။
သူတစ်ပါးကို ကူညီတတ်တဲ့ ဒီသူငယ်လေးရဲ့ ဆန္ဒစိတ်ရင်း မပျောက်ဆုံးပါစေနဲ့လို့ ကျုပ်မျှော်လင့်တယ်”
“သူနဲ့ သူ့လို ကလေးတွေအတွက် သူတို့ဖြစ်ချင်တဲ့
ကမ္ဘာလေးမှာ နေရာတစ်ခုရဖို့အတွက်ကို
တတ်နိုင် သလောက်လုပ်ပေးရင်း ကျုပ်ဆက်တိုက်လုပ်ဆောင်သွားမယ်”
“အကယ်၍ ဒီသူငယ်လေးနဲ့သာ တွေ့ခွင့်ရမယ်ဆိုရင် မက်မွန်သီး (၁) လုံးလောက် သိမ်းထားပေးရင် သိပ်ကောင်းမှာပဲ” လို့ Comment ၀င် ရေးသွားပါတယ်။
Credit >>> NetGuide Journal
No comments:
Post a Comment