Wednesday, January 18, 2017

ထမင်းနှင့်​ လဲစားခဲ့​သော ကမ္ဘာ​ကျော်​ပန်းချီကားကြီး


Photo - Google Image Search

       အီတာလျံပန်းချီဆရာကြီး ရက်​​ဖေယယ်​လ်​ (၁၄၈၃ - ၁၅၂၀)၏ La Madonna Della Sedia အမည်​ရှိ ကမ္ဘာ​ကျော်​ပန်းချီကားကြီးသည်​ ယခုအခါ တန်​ဖိုးမဖြတ်​နိုင်​​အောင်​ ရှိ​နေသည်​။ ​ဒေါ်လာသန်း​ပေါင်းများစွာ​ပေး၍ ဝယ်​ယူ​သော်​လည်း မရနိုင်​​ပေ။ မူလ ပန်းချီ​ရေးဆွဲသူ ပန်းချီဆရာ ရက်​​ဖေယယ်​လ်​မှာမူ ထိုပန်းချီကားကို ၂၅- ဆင့်​(မြန်​မာ​ငွေ ၂-ကျပ်​ခန့်​)တန်​ ထမင်းတစ်​နပ်​စာနှင့်​လဲ၍ စားခဲ့ရ​ပေသည်​။

       ထိုပန်းချီကားကို ​ရေးဆွဲချိန်​မှာ ည​နေဆည်းဆာချိန်​ဖြစ်​သည်​။ တစ်​​နေရာတွင်​ မိခင်​တစ်​ဦးသည်​ က​လေးငယ်​တစ်​ဦးကို ​ပေါင်​​ပေါ်တွင်​ချီထားလျက်​ ​တေး​ဆို​ချော့​နေသည်​။ သားကြီးကလည်း မိခင်​အနီးတွင်​ ရှိ​နေသည်​။ ထိုမြင်​ကွင်းကို ပန်းချီဆရာ ရက်​​ဖေယယ်​လ်​ မြင်​​တွေ့​သောအခါ ရင်​ထဲ၌ လှုပ်​ရှားသွားသည်​။ ပုံတူကူး၍ ပန်းချီ​ရေးဆွဲလိုစိတ်​များ တဖွားဖွား​ပေါ်လာသည်​။

       ထိုအချိန်​က သူ့ထံတွင်​ ပန်းချီဆွဲရန်​ ကင်းဗတ်​ပြား အသင့်​မရှိ။ အနီးတွင်​ ဝိုင်​အရက်​စည်​ဖုံး​သော သစ်​သားပြားဝိုင်းကြီးတစ်​ခုသာ ရှိသည်​။ သူသည်​ ထိုသစ်​သားပြားဝိုင်းကြီးကိုပင်​ ယူကာ ယင်းအ​ပေါ်မှာပင်​ မိခင်​နှင့်​ ရင်​​သွေးနှစ်​ဦးပုံကို ​ရေးဆွဲလိုက်​သည်​။ ထို့​နောက်​ ထမင်းဆိုင်​တွင်​ ထမင်းစားသည်​။ ထမင်းဖိုး ၂၅-ဆင့်​​ပေးရန်​ ပိုက်​ဆံမရှိ။ ထိုပန်းချီကားကိုပင်​ ​ပေးခဲ့​လေသည်​။

       ယခုအခါ ထိုပန်းချီကားကို အီတလီပြည်​၊ဖ​လော်​ရင့်​စ်​မြို့ရှိ ပန်းချီပြတိုက်​ကြီးတွင်​ ချိတ်​ဆွဲထားသည်​။ ကမ္ဘာ​ကျော်​ပန်းချီကားကြီး ဖြစ်​​နေကာ တန်​ဖိုးမဖြတ်​နိုင်​​အောင်​ ရှိ​နေ​ပေသည်​။

မင်း​စောထက်

အကိုး ။    ။ 

Ripley's Believe it or not.

---------------------------------------------------

ဝန်​ခံချက်

မြတ်​မင်္ဂလာ စာ​စောင်
အတွဲ - ၃၂၊ အမှတ်​ - ၄၊
၂၀၁၆ - ခုနှစ်​ ၊ ​အောက်​တိုဘာလ ထုတ်​မှ ပြန်​ကူးယူ(စာစီ/စာရိုက်​)၍ 
ဤ ဘ​လော့၌ တင်​ထားခြင်းဖြစ်​ပါသည်​။

ကိုစိုင်းငယ်​(​တောင်​ကြီး)

No comments:

Post a Comment