Sunday, September 27, 2015

ကြော်​ငြာ



သူတစ်​ပါးကို ဆုံးမပြီး
အသုံးမကျတဲ့ သူ​ထဲမှာ
ကျွန်​​တော်​ပါတယ်​။

သူတစ်​ပါးကို တရားပြပြီး
တရားမရတဲ့ သူ​ထဲမှာ
ကျွန်​​တော်​ပါတယ်​။

သူတစ်​ပါးကို အပြစ်​တင်​ပြီး
ကိုယ့်အပြစ်​ကိုယ်​ မမြင်​တဲ့ သူထဲမှာ
ကျွန်​​တော်​ပါတယ်​။

ဒါ​ပေမယ့်.....

သူတစ်​ပါးကို အသုံးချပြီး
ကိုယ့်ကိုယ်​ကိုပြုံးပြတဲ့ သူထဲမှာ​တော့
ကျွန်​​တော်​မပါဘူး။

သူတစ်​ပါးကို ပြုံးပြပြီး
ကိုယ့်အတွက်​ပဲ အသုံးချတဲ့ သူထဲမှာ​တော့
ကျွန်​​တော်​မပါဘူး။

ကိုစိုင်းငယ်​(​တောင်​ကြီး)
28.09.2015(9:25AM)






သို့ ... မာယာ



``​မာယာ´´.....
မလာချင်​ရင်
အစကတည်းက မလာပါနဲ့။

လာ​တော့လာပါရဲ့
ညာပြီး နင်​ ပြန်​ထွက်​သွားတဲ့အခါ
ကျန်​ခဲ့သူ ငါပဲ နာကျင်​ရမှာ။

ကိုစိုင်းငယ်​(​တောင်​ကြီး)
28.09.2015(3:35AM)

The Fallen Poem (​ကြွေပြီးသား ကဗျာ)



 


"The Fallen Poem"


You might dream
The world is all yours;
But please don't forget
You can't run up to the top of the hill.
The hot noon has come.
Just chop up
the dreams that have no more shadows
Go over the old stories,
and you think yearnings make one feel cool,
and keep one warm in winter?
Alas, Love bloomed,wilted and withered
and dropped down dead.
Though clocks may all stop functioning,
the world will certainly see
the light of daybreak.

"ကြွေပြီးသား ကဗျာ"

ကမ္ဘာကို
မင်းတစ်ယောက်တည်းပိုင်တယ်လို့
စိတ်ကူးယဉ်လို့ ရပါတယ်။

တောင်ထိပ်ပေါ်ကို 
ပြေးတတ်လို့မရဘူးဆိုတာတော့
မင်းမေ့ထားလို့မရ။

နေမြင့်ခဲ့ပြီပဲ
အရိပ်မရတဲ့ အိပ်မက်တွေကိုလည်း
ခုတ်ပစ်လိုက်ပါတော့ကွာ။

ပုံပြင်အဟောင်းလေးတွေ ပြန်ဖတ်ပြီးတော့
အလွမ်းက
နွေမှာအေးပြီး
ဆောင်းမှာနွေးနေလိမ့်မယ်လို့
မင်းတွေးထင်ထားသေးလား။

သြော်​.....
အချစ်မှာ
ဖူး ပွင့် ဝေ နွမ်း ၀ါ ကြွေလွင့်ခဲ့ဖူးပါပြီ။

နာရီတွေအားလုံးပျက်နေပါစေတော့
ကမ္ဘာဟာ
အသေအချာ မိုးလင်းရဦးမှာပါ။

နေညိုအောင်

BeeTalk အင်္ဂလိပ်စာသင်ခန်း မှ တစ်​ဆင့်
ပြန်​ကူးယူ​ဖော်​ပြသည်​။

ခင်ဗျားသိသင့်တဲ့ စပင်ဆာဝက်အကြောင်း



မိမိဘဝကို လုပ်တိုင်းမဖြစ်၊ ဖြစ်ချင်တိုင်းလည်း ဖြစ်မလာ၊ ဘဝဆိုတာ ဒုက္ခတွေနဲ့ ပြည့်​နေတယ်၊ ဘဝဟာ ခက်ခဲကြမ်းတမ်းလွန်းတယ်၊ လောကကြီးဟာ စိတ်ပျက်ငြီးငွေ့စရာ
ဖြစ်နေတယ်လို့ သင် ထင်နေတယ်ဆိုရင် 
သင်ထင်သလောက်​ မဟုတ်ကြောင်း ​ပြောပြမယ့်
လူတစ်ယောက် ရှိပါတယ်။ 

လောကကြီးဟာ မခက်ခဲ၊ မကြမ်းတမ်းလှသေးပါဘူး ဆိုတဲ့ အကြောင်းနဲ့၊ မဖြစ်နိုင်ဘူးလို့ လူတိုင်းက ပြောနေကြတဲ့ 
အခက်အခဲတွေကို  အောင်မြင်စွာ ဖြတ်ကျော်ပြခဲ့တဲ့ 
လူတစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။
သူကတော့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့သား 
Spencer West ဖြစ်ပါတယ်။သူဟာ အာဖရိကမှာ 
အမြင့်ဆုံးတောင်
ဖြစ်တဲ့ ​ပေပေါင်း တစ်သောင်းကိုးထောင် ( ၁၉၀၀၀) ( မြန်မာပြည်ရဲ့ ခါကာဘိုရာဇီတောင် နီးပါး ) မြင့်မားတဲ့ 
Mt. Kilimanjaro ကို တက်ရောက်ခဲ့ပြီး 
တစ်ပတ်အကြာမှာ တောင်ထိပ်ကို အောင်မြင်စွာ
တက်ရောက်နိုင်ခဲ့ပါတယ်။

တောင်ထိပ်ကိုတက်တာ ဘာများထူးဆန်းသလဲလို့ 
မေးစရာရှိပါတယ်။သာမာန်လူအတွက်ဆိုရင်တော့
ပေပေါင်း တစ်သောင်းကိုးထောင်ကို 
အောင်​အောင်မြင်မြင် တက်ရောက်တာ 
ဘာမှ ပြောစရာမရှိပေမယ့် Spencer West 
အတွက်တော့ အလွန်ကြီးမားတဲ့ အောင်မြင်မြှုဖစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ခြေထောက်နှစ်ဖက်မရှိပဲလက်နှစ်ဖက်ကိုသာ အားပြုပြီးတောင်ထိပ်အထိ 
ရောက်အောင် တက်ရောက်နိုင်ခဲ့သူ ဖြစ်လို့ပါဘဲ။ 




Spencer West
ဟာ အသက် ၅နှစ်အရွယ်မှာ    
ရောဂါတစ်မျိုးကြောင့် ခြေထောက်နှစ်ဖက်စလုံးကို 
ပေါင်အရင်းကနေ ဖြတ်ပစ်လိုက်ရပါတယ်။ 
တစ်ယောက်ယောက်ရဲ့ အကူအညီမပါပဲနဲ့ 
အထိုင်အထလုပ်ဖို့၊ လမ်းလျှောက်ဖို့ဆိုတာ သူ့ဘဝမှာ 
ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့ ဆရာဝန်တွေက   
ပြောထားသူဖြစ်ပါတယ်။ ဒါပေမယ့် ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ Spencer West က အဲဒီဆရာဝန်တွေရဲ့စကား 
မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။ အဲဒါကတော့
အာဖရိကတိုက်မှာရှိတဲ့ အမြင့်ဆုံး Mt.Kilimanjaro 
တောင်ထိပ်ကို (၇) ရက်အတွင်း တက်ပြခဲ့ခြင်းပဲ
ဖြစ်ပါတယ်။

တောင်တက်ခရီးကြမ်း တစ်ခုလုံးရဲ့  ၈၀ ရာနှုန်းကို သူ့ရဲ့
လက်နှစ်ဖက်ကိုသာ အသုံးပြုပြီး တက်ရောက်ခဲ့ခြင်း 
ဖြစ်ပါတယ်။ သူနဲ့အတူ သူ့ရဲ့သူငယ်ချင်းကောင်း
(၂) ယောက်ကလည်း လိုအပ်တဲ့ အကူအညီတွေကို 
နောက်ကတောက်လျောက် ပံ့ပိုးပေးခဲ့ကြပါတယ်။ 
ဒီတောင်တက်ခရီးစဉ် တစ်ခုလုံးကို အခုလို 
လက်နှစ်ဖက်တည်းနဲ့ အောင်မြင်စွာ တက်ရောက်နိုင်ဖို့
အတွက် Spencer West အနေနဲ့ တစ်နှစ်ပတ်လုံး 
ပြင်းထန်တဲ့ ​လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ 
နောက်ထပ် ဂုဏ်ယူဖွယ်ရာ တစ်ခုကတော့ သူ့ရဲ့ 
ဒီလို အောင်မြင်မှုကြောင့် ရရှိတဲ့ဆုငွေ 
ဒေါ်လာ ၅၀၀၀၀၀ ခန့်ကို ကလေးငယ်ပေါင်း 
၃၀၀.၀၀၀ အတွက် ပညာရေးဆိုင်ရာ ရန်ပုံငွေအဖြစ် 
လှူဒါန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။





Credit >>> အစိမ်းရောင်လွင်ပြင်

BeeTalk ဘဝအလင်း မှ တစ်​ဆင့် 
ပြန်​ကူးယူ​ဖော်​ပြသည်​။


Saturday, September 26, 2015

ပန်း သမိုင်း



ဤမြေမဟာ
ဤကမ္ဘာ၌
ပွင့်​​သောပန်းတိုင်း
လန်းကြပါ​စေ.....

လန်းသည့်​ပန်းတိုင်း
မရိုင်း​​စေသား.....

ပန်း၏သမိုင်း
အနှိုင်းမဲ့စွာ
ရနံ့ဖြာ၍
ထက်​​အောက်​​မြေကမ္ဘာ
မွှေးပျံ့ ​ပါစေသား.....

ကိုစိုင်းငယ်​(​တောင်​ကြီး)
၂၇၊စက်​တင်​ဘာ၊၂၀၁၅


အလွမ်းမျက်ရည်စများ( Tear-Drops Of Yearning)





TEAR-DROPS OF YEARNING
********************************

Here and there
Looking for the another half of my heart
for a long time.
Oh my girl !
I just got soaked
under the rain of misfortune.

Through the lucky draw
all I took,
I only got the awards of PAIN.

Though, outside.the rain
had faded away,
my yearning is still
sobbing heartily
and weeping heavily.

Sai Htoon Lou (Taunggyi)

အလွမ်းမျက်ရည်စများ
*****************

ကောင်မလေး...ရေ...
ငါဟာ
ပျောက်နေတဲ့   နှလုံးသားတစ်ခြမ်းကို
တစ်လမ်းဝင် တစ်လမ်းထွက်နဲ့
ရှာဖွေနေလိုက်တာများ
ငါ့   တစ်ကိုယ်လုံး 
ကံဆိုးခြင်း   မိုးတွေရွှဲနစ်လို့ ...။

ဆွတ်ခဲ့တဲ့ ကံစမ်းမဲတွေမှာလည်း
ဝေဒနာ ဆုမဲတွေချည်းရယ် ...။

အပြင်မှာ   မိုးတိတ်နေတာတောင်
ငါ့   အလွမ်းတွေက
ဝမ်းနည်းပက်လက်ရှိ
ငိုကြွေးတုန်း ...။ 

စိုင်းထွန်းလူ (တောင်ကြီး)

BeeTalk ( အင်္ဂလိပ်စာသင်ခန်း ) မှ တစ်​ဆင့်
ပြန်​ကူးယူ​ဖော်​ပြသည်​။

အမေရိကန်သမ္မတ အားကျခဲ့ရတဲ့ အီရန်က ကလေးငယ်


2015-09-22 NetGuide Journal



ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

“ဒီနေ့က ကျွန်တော့်သား (၁၀) နှစ်ပြည့်တဲ့မွေးနေ့ပေါ့။ သူက သိပ်ခံစားတတ်တာ။ သူများရဲ့ ပြဿနာ တွေဆိုလည်း
သိပ်ဖြေရှင်းပေးချင် တယ်လေ”
“တစ်ခါက (၅) နှစ်သားအရွယ်မှာ ကျွန်တော်နဲ့အတူ သားကစတိုး ဆိုင်ကိုဈေးဝယ်ဖို့ လိုက်လာတယ်။ အဲဒီမှာ 
မက်မွန်သီးလတ်လတ်ဆတ် ဆတ်ရလို့ (၂) ပေါင် 
ဝယ်လိုက်တယ်။ ပြီးတော့ အဲဒီမက်မွန်သီးအိတ်ကို 
သူ့ကို သယ်ခိုင်းခဲ့တယ်”
“သူက တစ်လမ်းလုံး ကျွန်တော့်နောက်ခပ်လှမ်းလှမ်းကနေ လိုက်လာနေခဲ့တယ်။ ခဏလေးကြာတော့ 
မုန်လာဥ ထုတ်​ကို ကျွန်တော့်ကိုပေးဖို့ လှည့်တောင်းလိုက်​တယ်”
သူကချက်ချင်းပဲ ... “ပေးစရာမရှိတော့ဘူး ... သူများတွေကို ဝေပေးလို့ကုန်ပြီ” တဲ့လေ။ ကျွန်တော် သိလိုက်တယ် ... လူသားချင်းစာနာတတ်တဲ့ လူသားတစ်ယောက်ကို 
ကျွန်တော် မြေတောင်မြှောက်ခွင့်ရခဲ့ပြီ ဆိုတာကိုပါ။
(ထိဘရစ်မြို့၊ အီရန်နိုင်ငံ)
အဲဒီစာကို ဖတ်ပြီး Humans of New York Page ရဲ့ ပို့စ်အောက်မှာ အမေရိကန်သမ္မတ အိုဘားမားက ...
“သိပ်အားကျဖို့ ကောင်းတဲ့ဇာတ်လမ်းလေးပဲ၊ ကျေနပ်စရာအကောင်း ဆုံးစွမ်းဆောင်မှုနဲ့အတူ မိဘတစ်ယောက် 
အနေနဲ့ ခင်ဗျားလုပ်ပေးနိုင်တာကတော့ ကိုယ့်ကလေးဟာ သူ့လုပ်ရပ်အပေါ်မှာ သူဘာလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့အချိန်မှာ တန်ဖိုးထားတတ်အောင် ကြည့်တတ်ဖို့ပါပဲ”
“ဒီကလေးက ကျုပ်ရင်ကို ဆို့နစ်စွာခံစားရစေတယ်။ 
သူတစ်ပါးကို ကူညီတတ်တဲ့ ဒီသူငယ်လေးရဲ့ ဆန္ဒစိတ်ရင်း မပျောက်ဆုံးပါစေနဲ့လို့ ကျုပ်မျှော်လင့်တယ်”
“သူနဲ့ သူ့လို ကလေးတွေအတွက် သူတို့ဖြစ်ချင်တဲ့ 
ကမ္ဘာလေးမှာ နေရာတစ်ခုရဖို့အတွက်ကို 
တတ်နိုင် သလောက်လုပ်ပေးရင်း ကျုပ်ဆက်တိုက်လုပ်ဆောင်သွားမယ်”
“အကယ်၍ ဒီသူငယ်လေးနဲ့သာ တွေ့ခွင့်ရမယ်ဆိုရင် မက်မွန်သီး (၁) လုံးလောက် သိမ်းထားပေးရင် သိပ်ကောင်းမှာပဲ” လို့ Comment ၀င် ရေးသွားပါတယ်။




Credit >>> NetGuide Journal